ရဟန်းမင်းကြီးသည်ကိုဗစ်၏ တိုက်ခိုက်မူကိုအလူးအလဲခံခဲ့ရ သောကျူးဘားအတွက်ဆု တောင်း

ရဟန်းမင်းကြီးသည်ကိုဗစ်၏ တိုက်ခိုက်မူကိုအလူးအလဲခံခဲ့ရ သောကျူးဘားအတွက်ဆု တောင်း

ရဟန်းမင်းကြီးသည်ကိုဗစ်၏ တိုက်ခိုက်မူကိုအလူးအလဲခံခဲ့ရ သောကျူးဘားအတွက်ဆု တောင်း

ဗုဒ္ဓဟူးနေ့ကပုပ်ရဟန်း မင်း ကြီးဖရန်စစ်အရှင်သူမြတ် သည် ကျူးဘားနိုင်ငံသို့တမန်တော်ခရီးကြွရောက်ခဲ့ခြင်း (၅) နှစ်ပြည့်ကိုအမှတ်ရရင်း ကိုရိုနာဗိုင်းရပ်စ်၏ တိုက်ခိုက်မူကိုအလူးအလဲခံခဲ့ရသည်ကိုထုတ်ဖော်ပြောရင်းသတိရဆု တောင်းပေးခဲ့သည်။

စိန့်ပီတာရင် ပြင်၌ရောက်ရှိနေသောစပိန်စကားပြောဘုရား ဖူးများအားရဟန်းမင်းကြီးကညီအစ်ကိုဆရာတော်ကြီးများ၊ ကျူးဘားကျွန်းမှ ချစ်ရသောသားသမီးများနှင့်အတူရှိကြောင်းနှင့်ဆုတောင်းပေးကြောင်း၊ ကိုဗစ်ရောဂါကြောင့်ဖြစ်ပေါ်သောအခက်အခဲအ ကြပ်တည်းများပေါ့ပါးသွားစေရန် ကျူးဘားမှကြင်နာခြင်း၏ Cobre မယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုတောင်း ခံ ပေးပါကြောင်းမိန့်ကြားခဲ့သည်။

ရက်အနည်းငယ်ကကျူးဘားဆရာတော်များမှကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်၌ ပုပ်ရဟန်း မင်းကြီး၏တမန်တော်ခရီးကြွရောက်ခဲ့ခြင်းအတွက်ကျေးဇူး တင်ကြောင်း၊ ထိုကြွရောက်လည်ပတ် ခြင်းမှရရှိခဲ့သောဘာသာရေးအသိအမြင်များကိုပြန်လည်အမှတ်ရကြရန်၊ ရ ဟန်းမင်းကြီးချန်လှပ်ထားခဲ့သောသနားကြင်နာ ခြင်းသည်ခွန်အားယူစရာအဖြစ်ဆက် လက်မွေးမြူထားကြရန်၊ ထို့ အတူဧဝံဂေလိတရားတော်၏ စိတ်နေသဘောထားအ ပြည်ဖြင့်သာသနာပြုခြင်းလုပ်ငန်းကိုဆက်လက်ဆန်းသစ်လုပ် ကိုင်ကြရန်တိုက်တွန်းထား သည်။

ကိုဗစ် (၁၉) နှင့်ကျူးဘား

ထို ကြေငြာချက်၌ကိုဗစ် (၁၉) နှင့်ပတ်သက်၍၄င်းတို့တွေ့ကြုံရင်ဆိုင်နေရသောအခက်အခဲများကိုလည်းထည့်သွင်း ဖော် ပြ ထားသည်။ အဘယ် ကြောင့်ဆိုသော်နိုင်ငံအတွင်းအ၀င်အထွက်ကိုကြာရှည်စွာပိတ်ဆို့ထားမူသည်လူမူအ ကူအညီများ စွာကိုအချိန်မှီရောက် ရှိလာခြင်းမှနှောက်နှေးစေပါသည်။ ပိုးကူးစက်လူနာ (၅၀၀၀) ရှိခဲ့ပြီး၊ ရော ဂါပိုးကြောင့်သေဆုံးသူ (၁၂၀) ရှိခဲ့ကြောင်း၊ ရဟန်းမင်းကြီးသည် (၂၀၁၅၊ စက်တင် ဘာ လ၊ ၁၉) ရက်နေ့ကကျူးဘားသို့ကြွရောက်လည်ပတ်ခဲ့ ကြောင်း၊ ရဟန်းမင်း ကြီးဖရန်စစ်သည်ကျူးဘားသို့ကြွရောက်လည်ပတ်သောတတိယမြောက်ရဟန်းမင်းကြီးဖြစ်သည်။

‘အသက်အတွက်အသင့်ပါ’ ဟုအမည်ပေးထားသောခေါင်း လောင်းကိုကောင်းကြီးပေးခြင်းဘုရားဖူး များအနက် ပိုလန်နိုင်ငံမှဘာသာတူများလည်းပါသည်။ ပိုလန်နိုင်ငံမှဘုရားဖူးများအားလည်းရ ဟန်းမင်း ကြီးက ပဋိသန္ဓေဖျက်ချခြင်းကိုကန့်ကွက်သောအဖွဲ့မှ ‘အသက်အတွက်အသင့်ပါ’ ဟုအမည်ပေးထားသောခေါင်းလောင်ကို သယ်လာသည်။ ထိုအဖွဲ့သည်ရဟန်း မင်းကြီးအနေဖြင့်ဥပဒေပြုသောအဖွဲ့အားမေတ္တာရပ်ခံသောစာတစ်စောင်ကိုရေးသား ပေးပို့ပေးပါရန်တောင်းခံထားကြသည်။ ဤခေါင်း လောင်းထိုးခြင်းဖြင့်လူ့အသက်သည်မွေးဖွားသည်မှာသဘာဝ တရား အတိုင်းသေသည့်နေ့တိုင်အောင်တန်ဖိုးရှိသည်ကိုအသိ ပေးမည်ဖြစ်ကြောင်း၊ ခေါင်း လောင်း၏အသံသည်ဥပဒေပြုရေးအဖွဲ့၊ ပိုလန်နိုင်ငံမှစိတ်ကောင်းနှလုံးကောင်းရှိသောအမျိုးသား၊အမျိုးသမီးများ၊ ကမ္ဘာတစ်ဝှမ်းမှအမျိုး သား၊ အမျိုးသမီးများ၏ ဩတ္တပ္ပစိတ်ကိုလှုပ်နှိုးပေးပါစေ။ တစ်ဆူတည်းဖြစ်ပြီး၊ အသက်ကိုပေးပိုင်ရှင်ဖြစ်သောဘုရားသခင်သည် သင်တို့နှင့်သင်တို့ ၏မိသားစုများကိုကောင်းကြီးပေးပါစေဟုလည်းရဟန်းမင်းကြီးကဆု တောင်းပေးခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

photo courtesy of : AFP or Licensors
https://bit.ly/3cFryG0

Add new comment

16 + 2 =