ရဟန်းမင်းကြီးများ၏ ရှည်ကြာသော၀ါတော်အကြောင်းသိကောင်းစရာ 

ရဟန်းမင်းကြီးများ၏ ရှည်ကြာသော၀ါတော်အကြောင်းသိကောင်းစရာ 

ရဟန်းမင်းကြီးတို့၏ ရှည်ကြာသော၀ါတော်အကြောင်းသိကောင်းစရာ 

 

ဒီဇင်ဘာ ၁၇ ရက်သည် ရဟန်းမင်းကြီးဖရန်စစ်၏ သက်တော် (၈၅) နှစ်ပြည့်သည့် မင်္ဂလာ  သွေး သောမွေးနေ့ဖြစ်ပါသည်။ အမိကက်သလစ်သာသနာတော်ကြီး၏ ရဟန်းမင်းကြီး (၂၆၆) ပါးအနက် သက်တော် (၈၅) ကျော်သောရဟန်းမင်းကြီး များမှာ (၁၁၊ ၁၂) ပါးခန့်သာရှိသည်။ အများပိုင်းမှာ သက်တော် ထိုထက် နုစဉ်၌ ပင်ပျံလွန်သွားခဲ့ကြသည်။ ထို့ကြောင့် ရ ဟန်းမင်းကြီးဖရန်စစ်သည် မှတ်တိုင်တစ်ခုကိုကျော်လွန်နိုင်ခဲ့ပြီ။ ရဟန်းမင်းကြီးများအနက် သက်တော်အကြီးဆုံးအဖြစ် သမိုင်း၀င်ခဲ့သူမှာ ရဟန်းမင်းကြီးအမှုတော်ကို (၂၀၀၅-၂၀၁၃) အထိထမ်းဆောင်ခဲ့သော၊ ပြီးခဲ့သည့် စက်တင်ဘာလ (၄) ရက်နေ့က သက်တော် (၉၄) နှစ်ပြည့်ခဲ့သော ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) (ငြိမ်း) ပင်ဖြစ်သည်။

ရဟန်းမင်းကြီး ဘေနေဒစ် (၁၆) သည် လွန်ခဲ့သော (၉၄) နှစ် ကမွေးဖွားခဲ့သည်။ သူ့ထက် သက်တော်တစ်နှစ်ငယ်သူဖြစ် သော ရဟန်းမင်းကြီးလေအို (၁၈၇၉-၁၉၀၃) သည် နှစ်ပေါင်း (၉၃) နှစ်နှင့်ရက်ပေါင်း (၁၄၀) ကြာအသက်ရှင်ခဲ့သည်။  ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) သည် စောစီးစွာအနားယူသွားခဲ့သော်လည်း သူအနားယူချိန်၌ သက်တော် (၈၆) နှစ်ပြည့်ရန် (၄၇) ရက်သာလိုတော့သည်။ (၂၀) ရာစု (၁၉၀၀) မှစ၍ ရဟန်းမင်းကြီးလေအို (၁၃)၊ ရဟန်းမင်းကြီးဘေနေ ဒစ်နှင့်ရဟန်းမင်းကြီးဖရန်စစ်တို့မှလွဲ၍ သက်တော် (၈၅) မကျော်ကြတော့သည်ကိုတွေ့ရသည်။

 

သက်တော်ရှည်ကြာမှုနှင့်အမှုတော်ဆောင်ခြင်းမှအနားယူခြင်း

 လက်ရှိ၌ မိမိ၏အမှုတော်မှ လွန်ခဲ့သော (၈) နှစ်ခန့်က အနားယူခဲ့သော ရဟန်းမင်းကြီးငြိမ်းသည် သူ၏အမှုတော် မှအနားယူခဲ့သည်။ ဤသို့အနားယူခဲ့ခြင်းမှာ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) သည် များမကြာ မီပျံလွန်တော့မည် ဟုခံစားခဲ့ရကြောင်းကို သူ၏အတ္ထုပ္ပတ္တိရေးသူ Peter Seewald အားပြောကြားခဲ့သည်။ ထို့ကြောင့် သာသနာတော်ကြီး၌ ရဟန်းမင်းကြီးမရှိဘဲလစ်လပ်သွားသည့်အဖြစ်မျိုးမရှိစေချင်၍ ကြိုတင် ရွေးချယ်လွဲအပ်ခဲ့ခြင်းဖြစ်ဟန်တူပါသည်။

 အမိသာသနာ၏သမိုင်း၌ မိမိတို့၏ရဟန်းမင်းကြီးအမှုတော်မှအနားယူပြီးနောက် သက်တော် (၈၅) နှစ်ကျော် သည်အထိ သက်ရှိထင်ရှားခဲ့သော ရဟန်း မင်းကြီး (၃) ပါးရှိသည်။ ၄င်းတို့မှာ

၁) ရသေ့ဘ၀မှ ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရသော ရဟန်းမင်းကြီးဆဲလက်စတင်း (၅) (၁၂၉၄-၁၂၉၅) ဖြစ်သည်။ သူ သည် ရဟန်းမင်းကြီးအရိုက်အရာကို သက်တော် (၈၅) ၌အနားယူပြီး၊ သက်တော် (၈၆) တွင်ပျံလွန်တော်မူသွားခဲ့သည်။

၂) ကျန်တစ်ပါးမှာ (၁၄၀၆-၁၄၁၅) အထိသာသနာကိုဦးဆောင်ပေးခဲ့သော  ရဟန်းမင်းကြီးဂရေဂေါ်ရီ (၁၃) ဖြစ်ပြီး၊ ရဟန်းမင်းကြီးသည် သက်တော် (၉၂) ၌ပျံလွန်သွားခဲ့သည်။ သက်တော် (၉၀) ၌ ‘ကွန့်စတန်စ်’ အစည်းအဝေး                                                                                                          ကြီးကသူ့အား အနားယူခိုင်း လိုက် သည်။ သူအနားယူချိန်၌ သက်တော် (၉၀) ရှိပြီဖြစ်သည်။        ကြည်ညိုထိုက်သော အရှေ့အလယ်ခေတ်ကရဟန်းမင်းကြီးများ အလယ်ခေတ်၌မူ သက်တော် (၈၅) ကျော်သော ရဟန်းမင်းကြီးများစွာပေါ်ထွန်းခဲ့ကြသည်။ ဥပမာအားဖြင့်

၁) ရဟန်းမင်းကြီး ဆက်လက်စတင်း (၅)၊

၂) (၁၁၉၁ - ၁၁၉၈) အထိ သာသနာကိုဦးဆောင်ခဲ့သော ရဟန်းမင်းကြီး ဆက်လက်စတင်း (၃) လည်းပါသည်။ သူသည် ပြင်သစ်ဘုရင် ဖိလစ်ဩဂုတ်စတူစ်နှင့် Orsini မိသားစု (အီတလီ တော်၀င်မိ သားစု) အားဆန့်ကျင်ခဲ့သောရဟန်းမင်း ကြီးဖြစ်သည်။ ရဟန်းမင်းကြီးသည် သက်တော် (၉၁) တွင်ပျံလွန်ခဲ့သည်။

၃) ရဟန်းမင်းကြီးလူစီအုစ် (၃) (၁၁၈၁-၁၁၈၅)ဖြစ်သည်။ သူသည် ရောမဘုရင်ကိုဆန့်ကျင်ခဲ့သူဖြစ်သကဲ့သို့ တတိယ ခ ရူးဆိတ်စစ်ပွဲကိုလည်းကိုလည်း ဦးဆောင်ခဲ့သူဖြစ်သည်။ သက်တော် (၈၈) တွင်ပျံလွန်သွားခဲ့သည်။

၄) ရဟန်းမင်းကြီးဂျွန် (၂၂) ဖြစ်သည်။ သူသည် သာသနာတော်ကြီးကို (၁၃၁၆-၁၃၃၄) အထိဦးဆောင်ခဲ့ပြီး၊ သက်တော် (၉၀) တွင်ပျံလွန်သွားခဲ့သည်။ ရဟန်းမင်းကြီးအဖြစ် ရွေးကောက်မခံရမီက သူ၏အမည်မှာ Jacques Duèze ဖြစ်သည်။ သူရဟန်းမင်းကြီးအဖြစ်ရွေးကောက်ခံရချိန်၌ ကာဒီနယ် Jacques Duèze မှာ သက်တော် (၇၂) သာရှိသေးသည်။ ရဟန်း မင်းကြီးအမှုတော် (၁၈) နှစ်ထမ်းဆောင်ခဲ့သည်။ သူသည် ရဟန်းမင်းကြီး ရုံးဆိုက် ရာဗ ဟိုကို ရောမမြို့မှ ပြင်သစ်နိုင်ငံ၊ Avignon သို့ပြောင်းရွေ့၍ အစဉ်အလာကိုဗြောင်းဆန်သွားစေခဲ့သည်။

 

RVA ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3qd2IV6

Add new comment

10 + 2 =