ရဟန်းမင်းကြီးများ၏သမိုင်း၌ လူအများက ရဟန်းမင်းကြီး John Paul (၂) ကို အခြားရဟန်းမင်းကြီးများထက် ပို၍ဖူးတွေ့ခွင့်ရခဲ့

ရဟန်းမင်းကြီးများ၏သမိုင်း၌ လူအများက ရဟန်းမင်းကြီး John Paul (၂) ကို အခြားရဟန်းမင်းကြီးများထက် ပို၍ဖူးတွေ့ခွင့်ရခဲ့

ရဟန်းမင်းကြီးသက်တမ်း ဒုတိယ အရှည်ကြာဆုံး အစေခံခဲ့သော ဒုတိယမြောက် ရဟန်းမင်းကြီး John Paul သည် သူအုပ်ချုပ် အစေခံခဲ့သော ကာလအတွင်းတွင် နိုင်ငံပေါင်း ၁၂၉ နိုင်ငံသို့ သိုးထိန်းခရီး ကြွရောက်ခဲ့သောကြောင့် ကမ္ဘာ့ခေါင်းဆောင်ကြီးများအလယ်တွင် အကျယ်ပြန့်ဆုံး ခရီးသွားနိုင်ခဲ့သော ကမ္ဘာ့ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်။

ဆယ့်နှစ်ပါးမြောက် ရဟန်းမင်းကြီး Innocent (အင်နိုးဆင့်) သည် မုတ်ဆိတ်မွှေးထားခဲ့သော နောက်ဆုံးရဟန်းမင်းကြီးအဖြစ်သော်လည်းကောင်း၊ အဌမမြောက် ရဟန်းမင်းကြီး Clement (ကလေးမင့်) သည် ကော်ဖီ ပထမဆုံး သောက်သုံးခဲ့သော ရဟန်းမင်းကြီးအဖြစ်လည်းကောင်း (၁၆ ရာစုတွင် ကော်ဖီသောက်သုံးခြင်းကို ဆာတန်နတ်ဆိုး၏ အစာ ဟု လက်ခံခဲ့ကြသည်။) ဒသမမြောက် ရဟန်းမင်းကြီး Leo သည် ဆင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့သော ပထမဦးဆုံးနှင့် နောက်ဆုံး ရဟန်းမင်းကြီးအဖြစ်လည်းကောင်း၊ ဆယ့်တစ်ပါးမြောက် ရဟန်းမင်းကြီး Pius (ပီအူး) သည် (၁၉၃၂ အစောပိုင်းကာလများ၌) ပထမဦးဆုံး မိုဘိုင်ဖုန်း အသုံးပြုခဲ့သော ရဟန်းမင်းကြီး အဖြစ်သော်လည်းကောင်း၊ ဘုရားဖူးခရီးသွားခြင်းကို မြတ်နိုးသော ရဟန်းမင်းကြီး(Pilgrim Pope) အဖြစ် လူသိများသော ဆဌမမြောက် ရဟန်းမင်းကြီး ပေါလ် သည် ပထမဦးဆုံး လေယာဉ်ပျံဖြင့်  ခရီးသွားသော ရဟန်းမင်းကြီး၊ ၁၈၀၉ ခုနှစ်မှစ၍ အီတလီနိုင်ငံ၏ ပြင်ပနိုင်ငံများသို့ ခရီးသွားသောရဟန်းမင်းကြီး၊ ကမ္ဘာ့တိုက်ကြီးများအားလုံးကို သိုးထိန်းခရီး ကြွရောက်ခဲ့သော ရဟန်းမင်းကြီး အဖြစ်သော်လည်းကောင်း မှတ်တမ်းတင်ထားခဲ့ကြသည်။  သို့သော် ဒုတိယမြောက် ရဟန်းမင်းကြီး John Paul သည် သူ၏နောင်တော်ရဟန်းမင်းကြီးများထက်  သိုးထိန်းခရီး အများဆုံးသွားရောက်ခဲ့သော  ရဟန်းမင်းကြီးတစ်ပါးဖြစ်သည်။ ရဟန်းမင်းကြီးသည် ကမ္ဘာကို ၃၁ ခေါက်ထိ လှည့်ပတ်နိုင်သော ခရီးအကွာအဝေးနှင့် ညီမျှသည့် မိုင်ပေါင်း ၇၂၁,၀၅၂ မိုင်ကို သိုးထိန်းခရီးဆန့်နိုင်ခဲ့သည်။ ထို့ကြောင့် လူအများက ဒုတိယမြောက် ရဟန်းမင်းကြီး John Paul ကို သမိုင်းတစ်လျှောက်တွင် အခြား ရဟန်းမင်းကြီးများနှင့် လူပုဂ္ဂိုလ်တို့ထက် ပို၍ လေးစားကြည်ညို ကြသည်။

ဒုတိမြောက်ရဟန်းမင်းကြီး John Paul သည် ကက်သလစ်သာသနာတော်သမိုင်းတွင် ၁၈၄၆ မှ ၁၈၇၈ ခုနှစ်အထိ (၃၂) နှစ်တိုင်တိုင် အုပ်ချုပ်အစေခံခဲ့သော (၁၁) ပါးမြောက် ရဟန်းမင်းကြီး Pius (ပီအူး) နောက်ပိုင်း ဒုတိယသက်တမ်းအရှည်ကြာဆုံး အစေခံခဲ့သော ရဟန်းမင်းကြီးတစ်ပါး ဖြစ်သည်။ ဒုတိယမြောက် ရဟန်းမင်းကြီး John Paul သည် ၁၉၇၈ မှ သူပျံလွန်ခဲ့သည့် ၂၀၀၅ ခုနှစ်အထိ (၂၇) နှစ်ကြာအောင် အမှုတော်ထမ်းဆောင်ခဲ့သည်။

ရဟန်းမင်းကြီး John Paul ၏ အောင်မြင်ကျော်ကြားမှုသည် အငြင်းပွားစရာမရှိပေ။ ၁၉၉၄ ခုနှစ်ထုတ် Time မဂ္ဂဇင်းတွင် ရဟန်းမင်းကြီးကို Person of the Year (နှစ်တစ်နှစ်၏ လူအများ လေးစားခြင်း အခံရဆုံး ပုဂ္ဂိုလ်) အဖြစ် ရွေးချယ်ဖော်ပြခဲ့သည်။ Gallup (ကမ္ဘာတစ်ဝှမ်း လူထုသဘောထား စစ်တမ်းများကောက်ယူသော အမေရိကန်းခွဲခြမ်းစိတ်ဖြာခြင်းနှင့် အကြံပေးကုမ္ပဏီ) ၏ အဆိုအရ အမေရိကန်နိုင်ငံသားများအလယ်တွင် ကမ္ဘာပေါ်တွင် အဌမမြောက် လူအများလေးစားခြင်းခံရဆုံး ပုဂ္ဂိုလ် အဖြစ် ဖော်ပြခဲ့သည်။ ရဟန်းမင်းကြီးသည် ဘော်လုံး အားကစားခုံမင်နှစ်သက်သူ တစ်ဦးဖြစ်သည်နှင့်အညီ ဘာစီလိုနာ ထိပ်တန်းဘောလုံးအသင်း၊ ဘော်ရာ့ရှား ဒေါ့တ်မန် ထိပ်တန်းဘောလုံးအသင်း နှင့် ရှော်ကေး ထိပ်တန်းဘောလုံးအသင်းများသည် ရဟန်းမင်းကြီးကို ဂုဏ်အသေရေရှိ အသင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရသည့်အပြင် ဘက်စကက်ဘောလောက၏ ဂုဏ်ပြုဆု Harlem Globetrotter ကိုလည်း ချီးမြှင့်ခြင်း ခံရသည်။

ထိုသို့ ရဟန်းမင်းကြီး၏ သိုးထိန်းခရီးကြွရောက်ပြီး သူ၏ ဘာသာသူသိုးစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခြင်းသည် နှောင်းပိုင်း ရဟန်းမင်းကြီးများအတွက် စံပြနမူနာ ဖြစ်လာခဲ့သည်။ ယခုကာလများတွင် ရဟန်းမင်းကြီးတစ်ပါး နိုင်ငံတကာလှည့်လည်ကာ သိုးထိန်းခရီးစဉ် သွားရောက်ခြင်းသည် မထူးဆန်းလှသော်လည်း အရင် ရာစုနှစ်များက ရဟန်းမင်းကြီးသည် သူ သီတင်းသုံးနေထိုင်ရာ ရောမမြို့ အပြင်ဖက်ခရီးထွက်သွားခြင်းမှာ ထူးဆန်းလှပေသည်။ ခရစ်ယာန်ဘာသာအဖြစ် တည်ရှိလာပြီး အစပိုင်း နှစ်ငါးရာအတွင်း ရဟန်းမင်းကြီးများသည် နယ်ချဲ့အင်ပါယာ ဘုရင်မင်းမြတ်၏ ပြည်နှင်ဒဏ်ကြောင့် ရောမမြို့ကို စွန့်ခွာခဲ့ရခြင်းပင်ဖြစ်သည်။ အမှန်မှာ ပြည်နှင်ဒဏ်သည် ခရစ်ယာန်ဘာသာ၏ အစောပိုင်းကာလများတွင် ကျင့်သုံးခဲ့သော ဥပဒေတစ်ခုပင် ဖြစ်သောကြောင့်တည်း။ ရှေးဦးခရစ်ယာန် မှတ်တမ်းများအရ၊ ပထမမြောက် ပုပ်ရဟန်းမင်းကြီး Clement (ကလေးမင့်) (ရဟန်းမင်းကြီး ပေတရူး (Peter) ၊ လိုင်းနူးစ် (Linus) နှင့် ကလေးတူးစ် (Cletus) တို့နောက် စတုတ္ထမြောက် ရဟန်းမင်းကြီး) ကို ၉၉ ခုနှစ်လောက်တွင် အင်ပါယာဘုရင်မင်းမြတ် ထရာဂျန် (Tranjan)က  နယ်နှင်ဒဏ်ပေးသတ်ဖြတ်ခဲ့ကာ အနက်ရောင် ပင်လယ်ပြင်ကြီး (Black Sea) ထဲသို့ ပစ်ချခဲ့သည်။ ရဟန်းမင်းကြီး ဖိုးစီးယန်း (Photian) (၂၃၀ -၂၃၅) သည် ဆာဒီးနီးယား (Sardinia)နယ်သို့ ပြည်နှင်ဒဏ်သင့်ကာ ပျံလွန်ခဲ့သည်။ ရဟန်းမင်းကြီး ကော်နဲလိအူးစ် (Cornelius) သည်လည်း ရောမမြို့မှ ၈၀ ကီလိုမီတာလောက်သာ ကွာဝေးသော ချီဗီတာဗက်ခီးယာ (Civitavecchia) နယ်သို့ ပြည်နှင်ဒဏ်ခံရပြီး နောက် တစ်နှစ်အကြာတွင် ပျံလွန်ခဲ့သည်။ ထို့အပြင် ဒုတိယမြောက် ဘုရင်မင်းမြတ် ကွန်စတန်စီးအူးစ်(Constantius) သည် ရဟန်းမင်းကြီး လီဘဲရီးအူးစ် (Liberius) (၃၅၂ - ၃၆၆) ကို ဘဲရိုးရီးယား (Beroea) နယ်သို့ ပြည်နှင်ဒဏ်ပေးခဲ့သည်။ သို့သော် ပြည်နှင်ဒဏ်ခံရခြင်းသည် သိုးထိန်းခရီး ကြွရောက်ခြင်းနှင့် မတူကွဲပြားခြားနားလှသည်။

 

ဘာသာပြန် - ဘာရာသာရ်နီကိုးလပ်စ်နီကိုရှင်း (ကျိုင်းတုံသာသနာ) 

https://bit.ly/3zKrkHo

Add new comment

3 + 13 =