ရဟန်းမင်းကြီးဖရန်သည် ကာဒီနယ်များကောင်စီ၏အဖွဲ့၀င်အသစ်များကိုခန့်အပ်

ရဟန်းမင်းကြီးဖရန်သည် ကာဒီနယ်များကောင်စီ၏အဖွဲ့၀င်အသစ်များကိုခန့်အပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် ယမန်နေ့ (အင်္ဂါနေ့) က ကာဒီနယ်ကောင်စီ၏အဖွဲ့၀င်အသစ်များကိုခန့်အပ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယခင်သက်တမ်းမှကောင်စီအဖွဲ့၀င်များသည် သက်တမ်းပြည့်သွားကြပြီဖြစ်သည်။ ဤအဖွဲ့သည် ရဟန်းမင်းကြီးအား လိုအပ်သောအကြံပေးအဖွဲ့လည်းဖြစ်ကာ 'C 9' (စီ ၉) ဟုလည်းသုံးနှုန်းကြသည်။ အဘယ်ကြောင့်ဆိုသော် အဖွဲ့၀င်ဦးရေ ကာဒီနယ် (၉) ပါးဖြင့်ဖွဲ့စည်းထားခြင်းကြောင့်ဖြစ်သည်။

အသစ်ရွေးချယ်ခန့်အပ်ခံရသော ကာဒီနယ်ကောင်စီ၀င် (၉) ပါး၏အမည်များမှာ

၁။ သက်တော် (၆၈) နှစ်ရှိ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin၊

၂။ သက်တော် (၇၈) နှစ်ရှိ စပိန်ကာဒီနယ် Fernando Vergez Alzaga၊

၃။ သက်တော် (၆၃) နှစ်ရှိ ကွန်ဂိုနိုင်ငံသားကာဒီနယ် Fridolin Ambongo၊

၄။ သက်တော် (၇၈) နှစ်ရှိ အိန္ဒိယကာဒီနယ် Oswald Gracias၊

၅။ သက်တော် (၇၆) နှစ်ရှိအမေရိကန်ကာဒီနယ် Sean Patrick OMalley၊

၆။ သက်တော် (76) နှစ်ရှိစပိန်ကာဒီနယ် Juan Jose Omella

7။ သက်တော် (၆၅) နှစ်ရှိကနေဒါကာဒီနယ် Gerald Lacroix၊

၇။ သက်တော် (၆၄) နှစ်ရှိဆီးနော့ဖြစ်မြောက်ရေးတာ၀န်ခံကာဒီနယ် Jean-Claude Hollerich

၈။ သက်တော် (၆၃) နှစ်ရှိဘရာဇီးကာဒီနယ် Sergio da Rocha၊

၉။ ဤအဖွဲ့၏အတွင်းရေးမှူးအဖြစ် ဆရာတော် Marco Mellino တို့ဖြစ်ကြသည်။

သက်တမ်းကုန်ဆုံးသွား၍အဖွဲ့အဖြစ်ရပ်နားသွားသောကာဒီနယ်များမှာ

၁။ သက်တော် (၈၀) ရှိပြီဖြစ်သော ကာဒီနယ် Oscar Rodriguez Maradiaga

၂။ သက်တော် (၆၉) နှစ်ရှိဂျာမန်ကာဒီနယ် Reinhard Marx

၃။ သက်တော် (၈၀) ရှိပြီဖြစ်သော ကာဒီနယ် Giuseppe Bertello တို့ဖြစ်ကြသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ် ကလဲမင့်အားတယ်

https://bit.ly/3J2tbhw
 

Add new comment

1 + 0 =