ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် အာဒ်၀င်တူးကာလတွင် ပြုလုပ်သော တရားထိုင်ခြင်း၌ ပါ၀င်ခဲ့

ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် အာဒ်၀င်တူးကာလတွင် ပြုလုပ်သော တရားထိုင်ခြင်း၌ ပါ၀င်ခဲ့

နှစ်စဉ်ကျင်းပမြဲဖြစ်သော “Advent Sermon”ကို ဗာတီကန်ရှိ ၀န်ထမ်းများအားလုံး ပါ၀င်ခဲ့ပြီး COVID-19 စည်းကမ်းချက်များအတိုင်း St. Paul VIခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုံမှန်အားဖြင့် Maskချွတ်ကာ ယခုအစီအစဉ်ကို ဦးဆောင်လေ့ရှိသော ရဟန်းမင်းကြီးသည် ယခုအခါတွင်မူ မကြာခင်ကမှ ကာဒီနယ်အဖြစ် တင်မြှောက်ခဲ့သော Raniero Cantalamessaကို ဦးဆောင်စေကာ သူကိုယ်တိုင်မှာမူ အခြားသူများကဲ့သို့ Maskတပ်ကာ ပါ၀င်ခဲ့သည်။

“ပထမကမ္ဘာစစ်အတွင်းက ကတုတ်ကျင်းထဲရောက်နေသည့် စစ်သားတစ်ဦး၏ ခံစားချက်ကို အီတာလျံ ကဗျာဆရာ Giuseppe Ungarettiမှ “ဆောင်းဦးရာသီတွင်ကြွေရသော သစ်ရွက်ကဲ့သို့ ခံစားနေရသည်”ဟူ၍ ဖွဲ့ဆိုခဲ့ကြောင်း၊ ယနေ့ခေတ်ကာလတွင် လူသားထုတစ်ရပ်လုံးသည်လည်း COVID-19ကပ်ရောဂါကြောင့် ထိုစစ်သားကဲ့သို့ပင် မိမိတို့ရှင်သန်နေရသည့် နေ့ရက်များကို နောက်ဆုံးသောနေ့ရက်များအဖြစ် ခံစားနေရကြောင်း” Cardianl Raniero Cantalamessaမှ ဟောပြောခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/3n1CqCw

Add new comment

1 + 0 =