ရဟန်းမင်းကြီးဖရန်စစ် သူ၏စာချွန်တော်အသစ်ကိုမိတ်ဆက်လိုက်ပါပြီ

ရဟန်းမင်းကြီးဖရန်စစ် သူ၏စာချွန်တော်အသစ်ကိုမိတ်ဆက်လိုက်ပါပြီ

ရဟန်းမင်းကြီးဖရန်စစ် သူ၏စာချွန်တော်အသစ်ကိုမိတ်ဆက်လိုက်ပါပြီ

အောက်တိုဘာ (၃) ရက်နေ့မွန်းလွှဲပိုင်း၌ ရဟန်းမင်းကြီးသည်သူ၏စာချွန်တော်အသစ်ကိုလက်မှတ်ရေးထိုးခဲ့ သည်။ စာချွန်တော်အသစ်၏ခေါင်းစဉ်ကား ‘Fratelli Tutti’ (ညီအစ်ကိုအပေါင်းတို့) ဟုအမည်ပေးထားသည်။ ဤအမည် ကိုပေးရခြင်းမှာညီအစ်ကိုရင်းစိတ်ဓာတ်နှင့်လူမူရေးဆိုင်ရာမိတ်များအကြောင်းကိုမီးမောင်ထိုးပြတန်ဖိုးကြစေလို၍ဖြစ် သည်။

ဤစာချွန်တော်ကိုစိန့်ဖရန်စစ်အစီးစီ၏အုတ်ပေါ်၌ပင်ဘုရားသခင်ကိုတိုင်တည်ပူဇော်ခဲ့သည်။ စိန့်ဖရန်စစ်အစီးစီထံ မှပင် ‘Laudato si’ ဟုအမည်ရသောစာချွန်တော်ကိုလည်းရေးသားထုတ်‌ေ၀နိုင်ရန်အလင်းများရရှိခဲ့သည်။ ခေတ်ကာလ သည်လူသားညီအစ်ကိုများနှင့်ဖန်ဆင်းခံအရာများကိုစောင့်ရှောက်ခြင်းသည်အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးဆီသို့ဦးတည်သာတစ်ခုတည်းသောလမ်းဖြစ်သည်’ ဟုရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ကမိန့်မြွတ်ထားပြီးဖြစ်သည်။

ထို့နောက်ရဟန်းမင်းကြီးက ဗာတီကန်သတင်းစာဖြစ်သော L'Osservatore Romano ဖော်ပြထားသည်စာချွန်တော် အသစ်သည် ရင်ပြင်ထဲရှိဘုရားဖူးများအားလုံးအတွက်သူ၏လက်ဆောင်ဖြစ်ကြောင်းကြေငြာခဲ့သည်။ ထို့နောက် ‘စိန့်ဖရန် စစ်အစီးစီသည် သက်၀င်ယုံကြည်မူမတူညီသောဘာသာ၀င်များ၊ ဘာသာရေးကိုလက်ခံယုံကြည်မူမရှိသောသူများနှင့်ညီ အစ်ကိုရင်းစိတ်ထားဖြင့်ခရီးပြုနေသောအမိသာသနာတော်ကြီးကိုအဖော်ပြုပေးပါစေ’ ဟုဆုတောင်းမေတ္တာပို့သ၍အစီအ စဉ်ကိုနိဂုံးချုပ်လိုက်သည်။

(ဖန်ဆင်းခြင်း၏အချိန်ရာသီ)

ရဟန်းမင်းကြီးစက်တင်ဘာလ (၁) ရက်နေ့ကစတင်ဖွင့်လှစ်လိုက်သော ‘ဖန်ဆင်းခြင်း၏ရာသီခွင်’ လှုပ်ရှားမူ ကိုအဆုံးသတ်ရန်အောက်ပါအတိုင်းအစချီမိန့်ကြားခဲ့သည်။ ‘စက်တင်ဘာလ (၁) ရက်နေ့ကစတင်လိုက်သော ‘ဖန်ဆင်း ခြင်း၏ရာသီခွင်’ လှုပ်ရှားမူကြီးသည် ယနေ့နိဂုံးချုပ်ရတော့မည်။ ထိုသတ်မှတ်ထားခဲ့သောကာလ၌ ကမ္ဘာကြီး၏ဂျူဗလီ ပွဲတော်ကိုကျွန်ုပ်တို့ခရစ်ယာန်ညီအစ်ကိုများနှင့်ဆင်နွှဲခဲ့ကြသည်’ ဟုမိန့်ကြားခဲ့သည်။ ထိုမိန့်ကြားချက်ထဲ၌ ကမ္ဘာ့ရာသီ၌ တုပူနွေးလာမူကိုတားဆီးနိုင်ရန် ‘Laudato si’ စာချွန်တော်လမ်းညွှန်ချက်အတိုင်း ကမ္ဘာ့အဆင့်ထိရောက်အောင်ပံ့ပိုးလုပ် ဆောင်ရာ၌ တက်ကြွစွာလှုပ်ရှားသော ကက်သလစ်အဖွဲ့အစည်းများ၏ကိုယ်စားလှယ်များကိုအလေးထားနှုတ်ဆက်ခဲ့ သည်။

(ပင်လယ်ကြယ်တော်)

ရဟန်းမင်းကြီးသည် စကော့တလန်၌တည်ထောင်ခဲ့သော ‘Stella Maris’ အဖွဲ့၏ရာပြည့်နှစ်ပတ်လည်နေ့ကိုလည်း ပြန်လည်အမှတ်ရဆုတောင်းပေးခဲ့သည်။ ယနေ့ကျရောက်သော ‘ရာပြည့်’ နှစ်ပတ်လည်နေ့မျိုး၌ရဟန်းမင်းကြီးအနေဖြင့် အဖွဲ့အစည်း၏၀◌ိညာဉ်ရေးရာတာ၀န်ခံများအားလည်းကောင်း၊ လုပ်အားပေးများအားလည်းကောင်း အားပေးလိုသည် မှာအမိသာသနာတော်ကြီး၏တည်ရှိခြင်းကိုဆိပ်ကမ်းများ၌လည်းကောင်း၊ ပင်လယ်ထွက်ကုန်များထုတ်လုပ်သည့်စက်ရုံ များ၌လည်းကောင်း၊ ပင်လယ်ရေလုပ်သား၊ ငါးဖမ်းလုပ်သားများကြား၌လည်းကောင်း ၀မ်းမြောက်၀မ်းသာသက်သေခံကြ ရန်မိန့်ကြားခဲ့သည်။

(ကောင်းကြီးတော်သစ်)

စနေနေ့က ‘သူတော်မြတ်’ အဖြစ်တင်မြောက်ခံခဲ့ရသော သူတော်မြတ်ဘုန်းတော်ကြီး Olinto Marella အသက်တာ ကိုလည်းထည့်သွင်းမန့်ကြားခဲ့သည်။ သူသည် Chioggia သာသနာမှသာသနာပိုင်ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ သူသည် ‘ခရစ္ဟတူးသခင်၏စိတ်နှလုံးသားရှိသောသိုးထိန်းတစ်ပါး၊ ချို့တဲ့နွမ်းပါးသူများ၊ အားနည်းသူများ၏ဖခင်’ ဖြစ်ကြောင်း၊ သူ၏ စံပြုထိုက်သောအံ့မခန်းလောက်သည့်အသက်တာ ရဟန်းများစွာတို့အတွက်စံပြဖြစ်သည်။ ထို့အတူရဟန်းများစွာအား လည်းဘုရားသခင်၏လူမျိုးတော်များအတွက်နှိမ့်ချသော၊ သတ္တိ၊ ဗျတ္တိကောင်းသောရဟန်းများဖြစ်ကြရန်တိုက်တွန်းခဲ့ သည်။

(အသစ်ခန့်အပ်သောဗာတီကန်ရဲတို့၏မိသားစုများနှင့်ရင်းနှီးစွာနှုတ်ဆက်ခြင်း)

ရဟန်းမင်းကြီးသည် အခမ်းအနားကျင်းပသောရင်ပြင်၌ရောက်ရှိနေကြသောအဖွဲ့အစည်းအသီးသီးများ၏ကိုယ် စားလှယ်များအားတစ်ဖွဲ့ပြီးတစ်ဖွဲ့နှုတ်ဆက်ပြီးနောက် ဗာတီကန်၌အမူထမ်းရန်အသစ်ခန့်အပ်ခံလိုက်ရသောဗာတီကန်ရဲ များ၏မိသားစုများ၊ မိတ်ဆွေများအားလည်းနှုတ်ဆက်ခဲ့သည်။ ၄င်းတို့သည်၄င်းတို့၏တူသားများ၊ မိတ်ဆွေသူငယ်ချင်းများ ၏ဗာတီကန်၌ရဲအဖြစ်အမူထမ်းရန်ကတိသစ္စာပြုသည့်အခမ်းအနား၌ပါ၀င်ရန်ရောက်ရှိနေခြင်းဖြစ်သည်။ ရဟန်းမင်းကြီး က ‘ဤလူငယ်များသည်အလွန်ကောင်းကြသည်။ သူတို့သည်အမိသာသနာကို နှစ်အတန်ကြာ (အချို့သည်နှစ်နှစ်တန်၊ သုံးနှစ်တန်၊ လေးနှစ်တန်၊ အချို့ကထိုထက်မက) အစေခံရန်အသင့်ရှိနေကြသည်။ ထို့ကြောင့်သူတို့အားနွေးထွေးအားပေး သောလက်ခုပ်များဖြင့်ကြိုဆိုကြပါစို့’ ဟုဖိတ်ခေါ်၍ကြိုဆိုအားပေးခဲ့ပါသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/30Gp2dw

Add new comment

11 + 2 =