ရဟန်းမင်းကြီးဖရန်စစ် လာတင်းအမေရိကားမှမြို့တော်၀န် (၅၀) ခန့်အားလက်ခံတွေ့ဆုံခဲ့

ရဟန်းမင်းကြီးဖရန်စစ် လာတင်းအမေရိကားမှမြို့တော်၀န် (၅၀) ခန့်အားလက်ခံတွေ့ဆုံခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် လာတင်းအမေရိကားမှမြို့တော်၀န် (၅၀) ခန့်နှင့်တွေ့ဆုံခဲ့သည်။ ၄င်းတို့သည် ရဟန်းမင်းကြီးမှကြီးမှူးစီစဉ်သော ပညာရေးကွန်ကရက်စ်သို့တက်ရောက်လာခြင်းဖြစ်သည်။ ထိုကွန်ဂရက်စ်၌ ရဟန်းမင်းကြီးသည် ကမ္ဘာတစ်၀ှမ်းမှလူငယ်များနှင့်စကားပြောဆိုခဲ့သည်။

အဆိုပါလူငယ်အချို့သည် သက်ကြီးရွယ်အိုများအထီးကျန်နေမည့်အဖြစ်မျိုးမခံစားရလေအောင်ကြိုးစားကူညီနေကြသူများလည်းပါသည်။ ဤသို့လုပ်ဆောင်နေသူများအနက် စပိန်နိုင်ငံ၊ Granada မှလူငယ်တို့၏လုပ်ဆောင်ချက်ကိုတင်ပြလိုပါသည်။ ဤသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မျိုးဆက်များကြားအချိပ်အဆက်မိပြီးဆွေးနွေးဖလှယ်ရန်ဖြစ်သည်ဟုဆိုသည်။

အစည်းအ ဝေး အတွင်း၌ ကွန်ဂရက်စ်သို့တက်ရောက်ခဲ့သောကိုယ်စားလှယ်များက ရဟန်းမင်းကြီးအားသိလို၊ မရှင်းသောမေးခွန်း၊ အကြံတောင်းသောမေးခွန်းများကိုမေးမြန်းခဲ့သည်။ ထိုအစီအစဉ်သည်တက်ရောက်သောသူများအားလွန်စွာစိတ်၀င်စားမှုမြင့်တက်စေခဲ့သည်။

ရဟန်းမင်းကြီးအားဤသို့မေးမြန်းရာတွင်ရဟန်းမင်းကြီးအနေဖြင့် လူငယ်ဘ၀၌ သက်ကြီးရွယ်အိုများနှင့်စကားစမြည်ပြောခဲ့ဖူးသည့်အတွေ့အကြုံအကြောင်းကိုမေးမြန်းရာ ရဟန်းမင်းကြီးကသူ၏ဖခင်ဖက်မှအဖိုးအဖွားများနှင့်ထဲထဲ၀င်၀င်စကားပြောခဲ့ဖူးသည့်အကြောင်းကိုပြည့်ပြည့်စုံစုံဖြေကြားပေးခဲ့ပြီး ထိုသို့ဖြေကြားပြီးနောက် လာမည်နှစ်၌သူ၏ဇာတိချက် ကြွေမွေးမြေဖြစ်သော အာဂျင်တီးနားနိုင်ငံသို့ကြွရောက်မည့်အကြောင်းကိုလည်းအလွမ်းပြေဖြေကြားခဲ့သည်။

ရဟန်းမင်းကြီးယခုကဲ့သို့သောအစီအစဉ်ကို အာဂျင်တီးနား၌သီတင်းသုံးနေစဉ်ကလည်း စီစဉ်ဆောင်ရွက်ခဲ့ဖူးသည်။ အဘယ် ကြောင့်ဆိုသော် လူကြီးလူငယ်ကြားစကား ပြောခြင်း၊ သဘောတရားအမြင်များဖလှယ်ခြင်းသည်အလွန်အခရာကျသည်။ ယခုအစီအစဉ်၌ကမ္ဘာတစ်၀ှမ်း၌ သရုပ် ဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဘောလုံးအကျော်အမော်များနှင့်လည်းချိပ်ဆက်ဆောင်ရွက်လျှက်ရှိသည်။

ဤသို့ဆောင်ရွက်ရာတွင် အီတလီနိုင်ငံ၊ နေပယ်မြို့၏ဘော်လုံးအသင်းမှတစ်ဦးတည်းသောအာဂျင်တီးနားဘော်လုံးကစားသမားတစ်ဦးဖြစ်သော Giovanni Simeone က အဖွဲ့ကိုယ်စားအဖွဲ့သားများအားလုံးလက်မှတ်ရေးထိုးထားသော ဘော်လုံးတစ်လုံးကိုလက်ဆောင်ပေးခဲ့သည်။ အာဂျင်တီးနားဘော်လုံးကစားသမားနှင့်အတူအသင်း၏ဥက္ကဌဖြစ်သူ Aurelio De Laurentiis လည်းဤအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ရွှေခြေထောက်ရုပ်တုသော့ချိပ်ကိုလက်ဆောင်ပေးခဲ့သည်။ ထိုသို့ပေးရခြင်းမှာ ဤခြေထောက်ဖြင့်မတရားမှုများအားလုံးကိုကန်ထုတ်ပစ်ခိုင်းရန်ဖြစ်ကြောင်းရှင်းပြခဲ့သည်။

နေပယ်ဘော်လုံအသင်းသည် ယခုနှစ်ရာသီ၌ချန်ပီယံဖလားကိုရယူနိုင်ထားသောအသင်းလည်းဖြစ်သည်။ ဘော်လုံးအသင်းဥက္ကဌက ဘော်လုံးအားကစားအကျီ (၂) ထည်ကိုလည်းရဟန်းမင်းကြီးအားလက်ဆောင်ပေးခဲ့သည်။ ရဟန်းမင်းကြီးက ဘော်လုံအသင်း၏ကိုယ်ပိုင်လေ့ကျင့်ရေး၀င်း၌စိုက်ပျိုးမည့် သံလွင်ပင်ပျိုအားလည်းကောင်းချီးပေးခဲ့သည်။

သံလွင် ပင်သည် ကျွန်ုပ်တို့အားလုံးသိကြသည့်အတိုင်း ငြိမ်းချမ်းရေးကိုပုံဆောင်သည်။ ဤသံလွင်ပင် ပျိုအား ဘော်လုံးအသင်း၏လေ့ကျင့်ကွင်းအတွင်း၌စိုက်ပျိုးခြင်းဖြင့် မိမိတို့၏ကျွမ်းကျင်မှုများဖြင့်ငြိမ်းချမ်းရေးဖော်ဆောင်ရန်ဖြစ်သည်ဟုဆိုသည်

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/45ujGlL

https://bit.ly/3MBMnEt

Add new comment

9 + 2 =