ရဟန်းမင်းကြီးဖရန်စစ် ရောမအကျဉ်းထောင်မှ  ‘အကျဉ်းသားများ’ နှင့် ဗာတီကန်၌တွေ့ဆုံခဲ့

ရဟန်းမင်းကြီးဖရန်စစ် ရောမအကျဉ်းထောင်မှ  ‘အကျဉ်းသားများ’ နှင့် ဗာတီကန်၌တွေ့ဆုံခဲ့

ရဟန်းမင်းကြီးဖရန်စစ် ရောမအကျဉ်းထောင်မှ  ‘အကျဉ်းသားများ’ နှင့် ဗာတီကန်၌တွေ့ဆုံခဲ့

            ယေဇူးသခင်၏ မက်ဆီးယာအဖြစ်တော်၌ ‘ချုပ်နှောင်ခံရသောသူတို့အားလွတ်ငြိမ်းခြင်း’ ကိုကြေညာရန်လည်းပါ ၀င်သည်။ (သံလုကာ ၄း၁၈ဂ) ထို့အတူ ‘ငါသည် ထောင်ထဲ၌ရှိနေသောအခါ သင်တို့သည်ငါ့ထံသို့လာကြ၏’ ဟုသူ၏ လက်ယာဘက်၌ရှိသောသူတို့ကိုမိန့်တော်မူ၏။ (သံမာတေဦး ၂၅း၃၆ဂ) ထို့ကြောင့်အကျဉ်းကျခံနေရသောသူများ၊ အ ကျဉ်းထောင်များသို့သွားရောက်လည်ပတ်အားပေးခြင်း၊ ဆု‌တောင်းခြင်း၊ ကူညီပေးခြင်းသည် ယေဇူးသခင်၏တရားတော် လာသွန်သင်ချက်လည်းဖြစ်သည်။

            ဇွန်လ (၂၁) ရက်၊ တနလ်ာနေ့က ရောမအကျဉ်းထောင်းမှ အကျဉ်းသား (၂၀) ဦးသည် ရဟန်းမင်းကြီးဖရန်စစ်သီတင်းသုံးရာ ဆန်တာမားရ်တာကျောင်းတိုက်၌ ဖူးတွေ့ခဲ့သည်။ ထို့နောက်၄င်းတို့သည် ဗာတီကန်ပြတိုက်၌ဆက်လက် လည်ပတ်ကြည့်ရှုကြသည်။ ၄င်းတို့နှင့်အကျဉ်းဦးစီးမှတာ၀န်ခံ၊ အမှုထမ်းအရာထမ်းများနှင့် ၀ိညာဉ်ရေးလမ်းညွှန် ဘုန်းတော်ကြီးတို့လိုက်ပါလာကြသည်။ ဗာတီကန်ပြတိုက်ကို မေလ (၃) ရက်နေ့က အများပြည်သူများ၀င်ရောက်လည် ပတ်နိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ရဟန်းမင်းကြီးအားဖူးတွေ့ခဲ့ကြသောအကျဉ်းသားများမှ အစောင့်အကြပ်တင်း ကြပ်စွာဖြင့်သွားလာရသောသူများမဟုတ်ကြပေ။ တစ်နည်းဆိုသော် အမှုကြီးကြီးမားမားကျူးလွန်သူများမဟုတ်။ ပြန် လည်ထူးထောင်ရန်လိုအပ်သူ၊ လူမှုရေးကျင့်၀တ်ချိုးဖောက်၍ထိန်းသိမ်းထားသူများဖြစ်သည်။ ထိုပြန်လည်ထူထောင် သောအကျဉ်းထောင်သည် အကျဉ်းသား (၁၆၃) ဦးလက်ခံနိုင်သော်လည်း လက်ရှိ၌ အကျဉ်းသား (၇၀) ဦးသာရှိသည်။  

            ယခင်နှစ်မတ်လက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကျဉ်းသားများအားထောင်၀င်စာမပေးဘဲပိတ်ပင်ထားခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို အချို့သောအကျဉ်းသားများကဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အကျဉ်းထောင်၏၀ိညာဉ်ရေးတာ၀န်ခံဘုန်းတော်ကြီးက ပြင်ပကမ္ဘာ၌ဆိုးရွားစွာဖြစ်ပွားနေသောအခြေအနေကိုရှင်းပြ၍ဖျောင်းဖြခဲ့ရသည်။ အခြားထောင်တစ်ခု၌မူ အကျဉ်းထောင်အားမီးရှို့၍ထွက်ပြေးခြင်း၊ အကျဉ်းထောင်၏ဆေးပေးခန်းအားဖျက်ဆီးမှုများဖြစ်ပွားခဲ့သည်။ ထိုအခင်း၌အကျဉ်းသား (၁၂) ဦးခန့်အနည်းဆုံးသေဆုံးခဲ့သည်။ ကိုးဗစ်ကူးစက်မြန်ရောဂါ ကာကွယ်သည့်ဥပဒေကို  တရားရုံး ကဆက်လက်ထားရှိဆဲဖြစ်သည်။ ရဟန်းမင်းကြီးသည် (၂၀၂၀၊ မတ်လ ၁၁) ရက်နေ့က ကိုးဗစ်ဥပဒေကြောင့်ထောင် တွင်းအကြမ်းဖက်ဆူပူမူများအမြန်ဆုံးအဆုံးသတ်ရန်နှင့်အသက်ဆုံးရှုံးခဲ့ရသူများအတွက် ရဟန်းမင်းကြီးသည် ရုပ်မြင်သံကြားမှမစ္ဆားတရားပူဇော်ဆုတောင်းပေးခဲ့သည်။                 

            ရဟန်းမင်းကြီးသည် သူ၏များပြားလှသောအမှုတော်များကြားမှ အကျဉ်းကျခံနေကြရသူများအားလည်းမေ့ လျော့မထားပေ။ (၂၀၂၀) ခုနှစ်၊ သောကြာနေ့ကြီး၌ ရဟန်းမင်းကြီး၏ ‘ခရူးစူး’ ကားတိုင်လျှောက်ခြင်းတွင် ဆင်ခြင် ထောက်ရူချက်များကို လူမူအလွှာအသီးသီးမှပုဂ္ဂိုလ်များကိုလည်း ၄င်းတို့၏ထောက်ရူချက်ကိုထည့်သွင်းစေခဲ့ရာ အကျဉ်းထောင်၌ဘာသာရေး၀တ္တရားဖြည့်ဆည်းပေးရသောဘုန်းတော်ကြီးအားလည်း အကျဉ်းသားများ၏ကိုယ်စား ထောက်ရူချက်ကိုထည့်သွင်းဆင်ခြင်စေခဲ့သည်။

           ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားမည်နှစ်များအထိ ရဟန်းမင်းကြီးဖရန်စစ် သည် သူ၏ ‘ကြာသပတေး’ နေ့ကြီးတိုင်း၌ ရောမရှိအကျဉ်းစခန်းတစ်ခုခုသို့ကြွရောက်၍ ယေဇူးသခင်၏နောက်ဆုံးည စာစားပွဲမစ္ဆားတရားကိုပူဇော်လေ့ရှိသည်။ ထိုနောက်ဆုံးညစာစားပွဲမစ္ဆားတရားအတွင်း၌ ယေဇူးသခင်သည် သူ၏တပည့် တော်ကြီးများ၏ခြေတော်ကိုဆေးကြောပေးခဲ့သည်နည်းတူ ရဟန်းမင်းကြီးလည်း အကျဉ်းသားများ၏ခြေကိုဆေးပေး လေ့ရှိသည်။  (၂၀၁၆) ခုနှစ်၌မူ ‘သနားခြင်းဂျူဗလီနှစ်’ ဖြစ်သောကြောင့် ရဟန်းမင်းကြီးဖရန်စစ်သည် အကျဉ်းသားများ နှင့်မိသားစု၀င်များအတွက် ခမ်းနားသောမစ္ဆားတရားကြီးကို စိန့်ပီတာဘုရားကျောင်းတော်ကြီးအတွင်း၌တင်လှူပူဇော်၍ မစ္ဆားတရားပါ၀င်ပူဇော်ကြသောပရိတ်သတ်များအား မျှော်လင့်ခြင်းရှိရန်၊ ဘုရားသခင်၏သနားခြင်းသည် ကျွန်ုပ်တို့အား ရှေ့သို့မှန်းမျှော်၍ဆက်လျှောက်ရန်၊ မကောင်းမှုနှင့်အပြစ်များ၌တွယ်ညှိကပ်ပါနေသော ကျွန်ုပ်တို့၏စိတ်များကိုယုံကြည် ခြင်း၊ ဘုရားသခင်၌လုံး၀ဥသုန်ပုံအပ်ထားဖြင့် အောင်မြင်ကျော်လွှားကြရန်အားပေးတိုက်တွန်းခဲ့သည်။ အဆိုပါမစ္ဆားတရားပူဇော်ခြင်း၌ ကမ္ဘာတစ်၀ှမ်းမှ အကျဉ်းကျနေသောအကျဉ်းသား (၁၀၀၀) ကျော်နှင့်လွတ်မြောက်သွားကြပြီးသူများစွာပါ၀င်ပူဇော်ခဲ့ကြသည်။ ထို့အတူအကျဉ်းကျခံနေရသောသူတို့၏ မိသားစု၀င် (၃၀၀၀) ကျော်၊ အကျဉ်းဦးစီး၏အမှုထမ်း အရာထမ်းများ၊ ဘာသာရေးလမ်းညွှန်ပေးသောဘုန်းတော်ကြီးများလည်းပါ၀င်ပူဇော်ခဲ့ကြသည်။ အဆိုပါအကျဉ်းကျခံ နေရသူများ၌ အရွယ်စုံ၊ ပြစ်မှုစုံ၊ ပြစ်ဒဏ်စုံသောအကျဉ်းသားများလည်းပါ၀င်ခဲ့သည်။    

 
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
Photo courtesy of CNA
 

Add new comment

6 + 1 =