ရဟန်းမင်းကြီးဖရန်စစ် ဗင်းနစ်မြို့ရှိစိန့်မာခ်ရင်ပြင်၌မစ္ဆားပူဇော်မည်။

ရဟန်းမင်းကြီးဖရန်စစ် ဗင်းနစ်မြို့ရှိစိန့်မာခ်ရင်ပြင်၌မစ္ဆားပူဇော်မည်။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လာမည့် (ဧပြီ ၂၈) ၌အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သို့ကြွပြီး စိန့်မတ်ခ်ရင်ပြင် လူထုနှင့်အတူမစ္ဆားပူဇော်မည်ဖြစ်သည်။

ဗင်းနစ်မြို့ကို ‘ floating city’(ရေပေါမြို့) ဟုလည်းတင်စား၍ခေါ်သည်။ ဗင်းနစ်မြို့၏ရူခင်းကို မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့်အာရုံခံကြည့်မည်ဆိုပါက ‘အင်းလေး’ ဒေသနှင့်အလားသဣာန်တူပါသည်။ လှေများဖြင့်သွားလာရသော ရေပေါ်ကျွန်းမြို့ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်၏ခရီးစဉ်ကို ယမန်နေ့တနလ်ာနေ့ကဗာတီကန်၏သတင်းပြန်ကြားရေးရုံးကတရား၀င်ထုတ်ပြန်အသိပေးခဲ့သည်။

(ဧပြီ ၂၈) သည်တနဂ်နွေနေ့ဖြစ်၍ ရဟန်းမင်းကြီးဦးဆောင်သောမစ္ဆားတရားကိုထိုနေ့နံနက် (၁၁) နာရီ၌ပူဇော်မည်ဖြစ်သည်။ ထိုနေ့၌ပင် ဗာတီကန်၏ကြီးကြပ်မှုအောက်ရှိအဆောက်အဦးသို့လည်းကြွ ရောက်ကြည့်ရူမည်ဖြစ်သည်။ ဗာတီကန်မှဗင်းနစ်သို့ ရဟပ်ယာဉ်ဖြင့်ကြွမည်ဖြစ်ပြီး ကြာမြင့်ချိန် (၂) နာရီခန့်ဖြစ်ပါသည်။ ရဟပ်ယာဉ်အား ဗင်းနစ်အမျိုးသမီးအကျဉ်းထောင်ရှိရာ Giudecca ကျွန်၌ဆင်းသက်မည်ဖြစ်သည်။

ရဟန်းမင်းကြီး၏ပထမဦးဆုံးအစီအစဉ်မှာ အမျိုးသမီးအကျဉ်းသားများနှင့်တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် ဗာတီကန်၏ပြခန်းကိုလည်းကြည့်ရူမည်။ ပန်းချီ၊ ပန်းပုလက်ရာရှင်များနှင့်လည်းတွေ့ဆုံမည်ဖြစ် သည်။

ထိုမှရဟန်းမင်းကြီးဖရန်စစ်သည် ရေပေါ်ယှက်ပြေးယာဉ်ဖြင့် ဗင်းနစ်မြို့၏ဘာစီးလီကာဖြစ် သော ‘Santa Maria della Salute’ (ကျန်းမာခြင်း၏မယ်တော်) ဘုရားကျောင်းကြီးသို့ကြွ၍ (၁၆၃၀) ခုနှစ်က ဗင်းနစ်မြို့သူမြို့သားတို့အား အလွန်ဆိုးရွားလှသောပလိတ်ရောဂါမှကာကွယ်ပေးခဲ့သည့်အတွက် အမိမယ်တော်အားကျေးဇူးတင်ဆပ်မည်ဖြစ်သည်။

ရဟန်းမင်းကြီဖရန်စစ်သည် အီတလီမြောက်ပိုင်း ‘Veneto’ ခရိုင်ရှိသာသနာအသီးသီးမှလူငယ်များနှင့်ဘာစီးလီကာကျောင်းကြီး၏ရင်ပြင်၌တွေ့ဆုံ၍ဩ၀ါဒချွေမည်ဖြစ်သည်။ ထိုနေရာသည် ရဟန်းမင်းကြီးမစ္ဆားပူဇော်မည့်ရင်ပြင်နှင့်ပေါ်ဆောက်ထားသည့်တံတားတစ်စင်းသာကြားခံနေသောနေ ရာဖြစ်သည်။

ရဟန်းမင်းကြီးသည် မစ္ဆားပူဇော်ပြီးသောအခါ စိန့်မတ်ခ်ဘာစီးလီကာကျောင်းအတွင်းရှိ ဧ၀ံ‌ ဂေလိကျမ်းရေးပုဂ္ဂိုလ်စိန့်မတ်ခ်၏ဓာတ်တော်အား တိတ်တဆိတ်ကြည်ညိုမည်ဖြစ်သည်။ ထို့နောက် ရဟပ် ယာဉ်ရပ်နားထားခဲ့သောနေရာသို့ ရဟန်းမင်းကြီးသည် ရေယာဉ်ဖြင့်ပြန်ကြွမည်ဖြစ်သည်။ ရဟပ်ယာဉ်ရပ်နားခဲ့သော ရေပေါ်ကျွန်း၏အမည်မှာ စိန့်အဲလေနာဖြစ်သည်။

ရဟန်းမင်းကြီးသည် ဗင်းနစ်မြို့၌ (၅) နာရီခန့် သီတင်းသုံးပြီးနောက် ရဟပ်ယာဉ်ဖြင့် မွန်းလွဲ (၁) ခန့်၌ဗာတီကန်သို့ပြန်ကြွမည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးတို့၏သမိုင်းတစ်လျှောက်၌ ‘Venice Biennale art exhibition’ (ဗင်းနစ်မြို့ ၏နှစ်နှစ်ရာပြည့်ပန်းချီပြန်ခန်း) အားပထမဦးဆုံးကြွရောက်သောရဟန်းမင်းကြီးဖြစ်သည်။ ဤပြခန်းအား (ဧပြီ ၂၄ မှ နို၀င်ဘာ ၂၄၊ ၂၀၂၄) အထိလူထုအားဖွင့်လှစ်ပေးထားမည်ဖြစ်သည်။ ဗာတီကန်အနေဖြင့် (၂၀၁၃) မှစ၍ ဤပြခန်း၌ပါ၀င်လာခဲ့သည်။ ဤပြခန်းကိုကျင်းပရန် ပထမဦးဆုံးခွင့်ပြုပေခဲ့သူမှာ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ဖြစ်သည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) လည်း ဗင်းနစ်သို့ (၂၀၁၁) ကကြွရောက်ခဲ့ပြီး (၁၉၈၅) စိန့်ဂျွန်ပေါလ် (၂) လျှောက်လှမ်းခဲ့သောလမ်းကြောင်းအတိုင်း ကြွရောက်ခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.ws/3gPnM

Add new comment

1 + 2 =