ရဟန်းမင်းကြီးဖရန်စစ် ပြင်သစ်ခရီးစဉ်၏အတွေ့အကြုံကိုဘုရားဖူးများအား‌ဝေမျှ

ရဟန်းမင်းကြီးဖရန်စစ် ပြင်သစ်ခရီးစဉ်၏အတွေ့အကြုံကိုဘုရားဖူးများအား‌ဝေမျှ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လောလောလတ်လတ်ပြင်သစ်နိုင်ငံ၊ Marseille မြို့သို့တမန်တော်ခရီး ကြွပြီး ဗာတီကန်သို့ပြန်လည်ရောက်ရှိ‌‌‌‌‌နေပြီဖြစ်သည်။ ခရီးစဉ်မှာ စက်တင်ဘာ (၂၂ မှ ၂၃) အထိဖြစ် သည်။ သွားရသည့်အကြောင်းအရင်းမှာ မြေထဲပင်လယ်ဒေသအတွင်းရှိဆရာတော်ကြီးများ၊ လူငယ်များနှင့်တွေ့ဆုံရန်ဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် ကမ္ဘာကြီးအတွက်ကြီးမားဆုံးစိန်ခေါ်ချက်ဖြစ်သော ‘ဒုက္ခသည်များပြဿနာ’ ကို၀ိုင်း၀န်းကူညီအဖြေရှာကြရန်ဖြစ်သည်။

ပြီးခဲ့သော (၂၅) ကြိမ်မြောက်သာမန်ကာလ တနဂ်နွေနေ့သည် ‘ရွေ့ပြောင်းနှင့်ကမ္ဘာ့ဒုက္ခသည်များနေ့’ ဖြစ်သည်။ ယခုနှစ်၏ဦးတည်ချက်မှာ ‘ပြောင်းရွေ့မလား၊ ဆက်လက်နေထိုင်မလား၊ ကြိုက်ရာရွေး’ ဟုဖြစ်သည်။ ဤဦးတည်ချက်နှင့်စပ်လျင်း၍ ရက်ပိုင်းကခရီးပြုခဲ့သောအစည်းအ‌ဝေးနှင့်စပ်လျင်း၍ ရဟန်းမင်းကြီးက လူတိုင်း၌ဂုဏ်သိက္ခာနှင့်ညီသောဘ၀ကိုပိုင်ဆိုင်ရန်အခွင့်အရေးရှိသည်ဟုမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးက ‘လက်ရှိ၌ လူအတော်များများအဖို့ မိမိတို့၏နေရပ်စွန့်ခွာရန်မှာ မဖြစ်မနေပြုရမည့်အနေအ ထားသို့ရောက်ရှိနေသည်။ ထို့အတူ မိမိတို့၏ဇာတိချက်ကြွေမွေးရပ်မြေကိုမစွန့်ဘဲ မည်သို့ပင် ဖြစ်စေနေရန်လည်း အခွင့်အရေးရှိပါသည်။ သို့သော် လူတိုင်းသည်မည်သည့်နေရာ၌နေထိုင်သည်ဖြစ်စေ လူ့ဂုဏ်သိက္ခာနှင့်အညီဘေးကင်းလုံခြုံစွာနေရရေးသည်အခရာကျသည်။ စိတ်မကောင်းစရာအကြောင်းတရား ကား ဒေသအတွင်းစစ်မက်ဖြစ်ပွားမှုနှင့်ရာသီဥတုပူနွေးလာမှုသည်ပြဿနာ၏အရင်းခံဖြစ်နေသည်။

ရဟန်းမင်းကြီးဖရန်စစ်က ဆက်လက်၍ စက်တင်ဘာလ (၃၀) ရက်နေ့ည၌ ခရစ်ယာန်များစုပေါင်း ၍အောက်တိုဘာ (၄) ရက်နေ့၌စတင်မည့် ဆီးနော့အစည်းအ‌ဝေးကြီးအထမြောက်အောင်မြင်စေရန်ရည်ရွယ်၍ဆုတောင်းမည်ဖြစ်ကြောင်းကို ကြေငြာခဲ့ပြီး စိန့်ပီတာရင်ပြင်၌ရောက်ရှိနေသောလူအုပ်ကြီးအားလည်း မမေ့မလျော့ဆုတောင်းပေးကြရန်ပန်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/WiG8

Add new comment

4 + 2 =