Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးဖရန်စစ် ကွန်ဂိုသို့ကြွရောက်စဉ်အသုံးပြုမည့် ‘အမှတ်တံဆိတ်’ ကိုတရား၀င်ဖော်ပြလိုက်ပြီ။
ရဟန်းမင်းကြီးဖရန်စစ် ကွန်ဂိုသို့ကြွရောက်စဉ်အသုံးပြုမည့် ‘အမှတ်တံဆိတ်’ ကိုတရား၀င်ဖော်ပြလိုက်ပြီ။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ကွန်ဂိုသမ္မတနိုင်ငံသို့ ယခုနှစ် (ဇူလိုင် ၂ မှ ၅) ရက်နေ့တွင်တမန်တော်ခရီး ကြွရောက်မည်ဖြစ်သည်။ ရဟန်းမင်းကြီး၏တမန်တော်ခရီးကို ဂုဏ်ပြုသောအားဖြင့် အသုံးပြုမည့် ‘အမှတ်တဆိပ်’ ကိုတရား၀င်ဖော်ပြလိုက်သည်။ ထိုအမှတ်တံဆိပ်နှင့်အတူ ‘All reconciled in Jesus Christ’ (ယေဇူးခရစ္စ တူးသခင်၌ အားလုံးကြေအေးကြမည်) ဟူသောစားသားကိုထည့်သွင်းထားသည်။ ရဟန်းမင်းကြီးသည် Kinshasa နှင့် Goma.သို့ကြွရောက်မည်ဖြစ်သည်။ ယခု တစ်ကြိမ် ရဟန်းမင်းကြီး၏ ပြည်ပသို့တမန်တော်ခရီးကြွရောက်ခြင်းသည် (၃၇) ကြိမ်မြောက်ဖြစ်သည်။
ရဟန်းမင်းကြီးကြွရောက်မည့် တမန်တော်ခရီးအတွက်အသုံးပြုမည့် တံဆိပ်၌ အာဖရိက မြေပုံနှင့် တစ်နိုင်ငံခြင်း၏ နယ်နိမိတ်ကိုအလံ၏ အနားသတ်မျဉ်း များဖြင့်ပြထားသည်။ ပထ၀ီအနေအထားကွဲ ပြားမှုကိုလည်းပြထားသကဲ့သို့ အာဖရိက၏အနောက်ပိုင်း၌မူ မျဉ်းကြောင်းများရေးဆွဲမထားခြင်းမှာ ရဟန်းမင်းကြီး သည် အနောက်နိုင်ငံမှကြွမည်ဖြစ်၍ တံခါးမရှိ၊ ဓားမရှိ၀င်လာခြင်းကို လှိုက်လှဲနွေး ထွေးစွာကြိုဆိုနေကြောင်းပြသရန်ဖြစ်သည်။
အလံ၏အရောင်များမှာ အ၀ါရောင်သမ်းနေသည်။ အ၀ါရောင်သည် ကွန်ဂိုနိုင်ငံ၏ ကြွယ်၀ချမ်းသာခြင်းကိုဖော်ညွှန်းခြင်းဖြစ်သည်။ အရှေ့ပိုင်းနယ်စပ် ကိုမူ အနီရောင်ဖြင့်ချယ်ထားပြီး၊ မြေပေါ်၌သွေးမြေကျခဲ့သော ဓမ္မအာဇာနည်များကိုဖော်ဆောင်ခြင်းဖြစ်သည်။ အပြာရောင်ကိုမူ မြောက်ပိုင်းနယ်စပ်တွင်သုံးထား သည်။ ဆိုလိုရင်းမှာ ကွန်ဂိုနိုင်ငံသားများသည် ငြိမ်းချမ်းရေးကို ဆန္ဒပြင်းပြနေကြောင်းကိုပြသသည်။ ဘယ်ဘက်၌မူ ကွန်ဂိုနိုင်ငံသားများ အမိမယ်တော်အား အထူးသဒ္ဓါ ကြည်ညိုခြင်းရှိကြောင်းပြသရန်နှင့်ဆုတောင်းမေတ္တာများအားလုံးကို ယေဇူးထံသို့ပို့ဆောင် ပေးသည် ကိုဖော်ဆောင်သည်။ လူသုံးဦးပါရှိပြီး၊ ညီအစ်ကို မောင်နှမကိုဖော်ဆောင်သည်။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ ကလေးများအားလုံးညီညွှတ်ကြကြောင်းဖော်ပြရန်၊ စည်းလုံးခြင်းသည် အလွန်လိုချင်လှသော ဘုရားသခင်၏လက်ဆောင်မွန်ဖြစ်သည်။ တောက်ပသောအရောင်သည် ကွန်ဂိုနိုင်ငံသားတို့၏ ရှင်သန်ခြင်းနှင့်တက်ကြွခြင်းကိုဖော်ဆောင်ရန်၊ ယေဇူးသခင်၏ ကိုယ်စား၊ တပည့်တော်ကြီးစိန့်ပီတာ၏အရိုက် အရာကို ဆက်ခံသူ၏ကြွရောက်ခြင်းကိုကြိုဆိုရန်ပျော်ရွှင်၀မ်းသာစွာကြိုဆိုကြောင်း၊ တံဆိပ်ထဲ၌ အုန်းပင် ပါရခြင်း မှာ ကွန်ဂိုနိုင်ငံ၌ တရားတော်အတွက် ကွပ်မျက်ခံခဲ့ရသော ဓမ္မအာဇာနည်ကြီးများကိုပုံဆောင်သည်။ အုန်းပင်သည် အောင်မြင်ခြင်း၊ ပြန်လည်မွေးဖွားခြင်းနှင့်ထာ၀ရရှင်သန်ခြင်း၊ ရဟန်းမင်းကြီးမြွတ်ကြားမည့် မျှော်လင့်ခြင်း၏ ဩ၀ါဒစကားများကိုပုံဆောင်သည်။ အလယ်ဗဟို၌မှု လက်၀ါးကပ်တိုင်၊ ကွန်ဂိုနိုင်ငံ၏မြေပုံ၊ ရဟန်းမင်းကြီးဖရန်စစ်ကောင်းကြီးပေးနေသောပုံလည်းပါရှိသည်။ ဤတမန်တော်ခရီးသည် ကွန်ဂိုနိုင်ငံသားများအတွက် အလွန်ပျော်ရွှင်ဂုဏ်ယူရသောသမိုင်း၀င် တမန်တော်ခရီးဖြစ်ပေမည်။
ကွန်ဂိုနိုင်ငံသည် တောင်တန်းများ၊ လယ်ယာများ၊ နိုင်ငံ၏အရှေ့ဖက်၌ မီးတောင်ရှင်ရှိပြီး၊ မကြာခဏ ချော်ရည်များလျှံထွက်သည် အန္တရာယ်လည်းရှိသည်။ ချောရည်လျှံထွက်တိုင်း Goma မြို့သားများ ရှောင်တိမ်းရလေ့ရှိသည်။ စီးဆင်းနေသောရေသည် ရေအားလျှပ်စက်ထုတ်လုပ်နိုင်ခြေရှိခြင်းကိုပြသနေသည်။ မြစ် ချောင်း၊ ကန်များပေါသည်။ အပင်ကြီးတို့သည် ကွန်ဂိုမြေ၏ကြွယ်၀သော သစ်ပင်ပန်းမာလ်များ၊ သစ်သံယံဇာတများ၊ မြင်းကျားတစ်ပိုင်း၊ ကုလားအုတ်တစ်ပိုင်း အကောင်သည်လည်း ကွန်ဂိုသမ္မတနိုင်ငံ၌သာ ထူးခြားစွာမြင်တွေ့ရသည့် ကွန်ဂိုမြေ၏သူမတူ သောကြွယ်၀ခြင်း ကိုဖော် ပြနေခြင်းဖြစ်သည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment