Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးဖရန်စစ်၏ ‘ကျန်းမာခြင်းမယ်တော်’ ထံပို့သသောဆုတောင်းမေတ္တာ
ရဟန်းမင်းကြီးဖရန်စစ်၏ ‘ကျန်းမာခြင်းမယ်တော်’ ထံပို့သသောဆုတောင်းမေတ္တာ
နှစ်စဉ် ဩဂုတ်လ (၂၄) ရက်နေ့၌‘ကျန်းမာခြင်းမယ်တော်’ ပွဲနေ့ကိုကျင်းပလေ့ရှိသည်။ ဤပွဲတော်ကိုစတင် ကျင်းပသည့် သမိုင်းကိုပြန်ကြည့်မည်ဆိုပါလျှင် (၁၇) ရာစုကစတင်ခဲ့သည်။ ထိုစဉ်က အမိသာသနာတော်ကြီးသည် ‘အမိမယ်တော်အား မကျန်းမမာသူတို့အတွက် ကြား၀င်ဆုတောင်းပေးသူ’ အဖြစ် သူ၏ကြား၀င်ဆုတောင်းပေးခြင်း ကိုစတင်တောင်းခံရာမှအစပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ကမ္ဘာတစ်၀ှမ်း၌ ကူးစက်မြန်ကိုဗစ် (၁၉) ကပ်ရောဂါကဲ့သို့သော ကပ်ရောဂါတစ်မျိုးဖြစ်သည့် ကြွက်များမှကူးစက်ပျံ့နှံ့သော ‘ပလိပ်’ ရောဂါ ဥရောပတစ်ခွင်၌ ကျရောက်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အမိမယ်တော်၏ကြား၀င်ဆုတောင်းခြင်းကိုလူများစွာတောင်းခံခဲ့ကြသည်။ ထို့ အတူ ရဟန်းမင်းကြီးဖရန်စစ်သည်လည်း ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရပ်တန့်ပပျောက် သွားစေရန် ယခင်နှစ် မတ်လ (၂၀၂၀) ခုနှစ်က အမိမယ်တော်၏ကြား၀င်ဆုတောင်းခြင်းကိုအောက်ပါဆုတောင်းမေ တ္တာကိုရွတ်ဆိုတောင်းခံခဲ့သည်။
အိုမယ်တော်မာရိယာ
မယ်တော်သည် ကျွန်ုပ်တို့၏လောကခရီး၌ ကယ်တင်ခြင်းနှင့်မျှော်လင့်ခြင်း၏အမှတ်သေင်္ကတအဖြစ် ဆက်လက်ထွန်းလင်းတောက်ပလျှက်ရှိပါသည်။ ကျွန်ုပ်တို့ကို ကျန်းမာခြင်းမယ်တော်ဖြစ်သော မယ်တော်ထံယုံကြည်စွာ အပ်နှံပါသည်။ မယ်တော်သည် ကားတိုင်တော်ခြေရင်း၌ ပြင်းထန်နာကြင်သောယေဇူးသခင်နှင့်ပေါင်းစပ်ခဲ့သည်။ တည်ကြည်ခိုင်မြဲသောယုံကြည်ခြင်းကိုလည်းထားရှိနိုင်ခဲ့သည်။
လူသားတို့၏ကယ်တင်ခြင်းဖြစ်သော မယ်တော်သည် လူသားများမည်သည့်အရာကိုလိုအပ်နေသည်ကို ကောင်းစွာသိပါသည်။ ထိုလူသားတို့၏လိုအပ်ချက်ကိုလည်း ဂါလေလီယာနယ်၊ ကာနာမြို့လက်ထပ်ပွဲ၌ မယ်တော် အလိုက်သိသိဖြင့် တောင်းခံပေးခဲ့သကဲ့သို့ တောင်းခံပေးမည်ဟုမျှော်လင့်ပါသည်။ မယ်တော်၏တောင်းခံပေးခြင်း ကြောင့် ကောင်းကြီးများခံစားရပြီး၊ စုံစမ်းမှုအချိန်ကာလလွန်မြောက်သွားသောအခါ မြောက်မြားစွာသောပျော်ရွှင်မှု ပြန်လည်ရရှိလာစေတော်မူပါ။
ဘုရားသခင်၏ချစ်ခြင်းဖြစ်သောမယ်တော် ခမည်းတော်ဘုရား၏အလိုတော်ကို နားလည်လက်ခံနိုင်ရန်နှင့် ယေဇူးသခင်၏မိန့်ကြားချက်ကိုလုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့ကိုကူညီတော်မူပါ။ ယေဇူးသခင်သည် ကျွန်ုပ်တို့အား ရှင်ပြန်ထမြောက်ခြင်းပျော်ရွှင်မှုကိုခံစားစေရန် ကျွန်ုပ်တို့၏ဒုက္ခ ဝေဒနာကိုသူကိုယ်တိုင်ခံထမ်းခဲ့သည်။ ကျွန်ုပ်တို့၏ ၀မ်းနည်းပူဆွေးမှုကိုသူကိုယ်တိုင်ခံစားခဲ့ပါသည်။ အာမင်။
အိုဘုရားသန့်ရှင်းသောမယ်တော်၊ မယ်တော်၏အကာကွယ်အောက်၌ ဘေးရန်ကင်းေ၀းမှုကိုဖွေရှာနေကြ ပါသည်။ စုံစမ်းခြင်းခံနေရသော ကျွန်ုပ်တို့၏အသနားခံတောင်းလျှောက်သည်ကို မျက်ကွယ်ပြုတော်မမူပါနှင့်။ ကျွန်ုပ် တို့အားဘေးအန္တာရာယ်အပေါင်းမှလည်း ကင်းလွှတ်စေတော်မူပါ၊ အိုဘုန်းတန်ခိုးမင်္ဂလာနှင့်ပြည့်စုံသောကညာစင် မယ်တော် …. အာမင်။
Ref:Aleteia.org
ဘာသာပြန် -ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #PopeFrancis #Prayer
Add new comment