ရဟန်းမင်းကြီးဖရန်စစ်၏ သမိုင်း၀င်တမန်တော်ခရီးအားဂုဏ်ပြုသောအားဖြင့် အီရတ်၌ ရဟန်း မင်းကြီး ၏ပုံဖြင့် တံဆိပ်ခေါင်းထုတ်‌ဝေ

ရဟန်းမင်းကြီးဖရန်စစ်၏ သမိုင်း၀င်တမန်တော်ခရီးအားဂုဏ်ပြုသောအားဖြင့် အီရတ်၌ ရဟန်း မင်းကြီး ၏ပုံဖြင့် တံဆိပ်ခေါင်းထုတ်‌ဝေ

            ရဟန်းမင်းကြီးသည် ပြီးခဲ့သော မတ်လ (၅) ရက်နေ့က အီရတ်နိုင်ငံသို့ (၃) ရက်တာတမန်တော် ခရီးကြွရောက်ခဲ့ သည်။ ဤခရီးစဉ်သည် သမိုင်း၀င်ခရီးဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကိုဗစ် ကြောင့် ပြည်ပမဆိုထားနှင့်ပြည် တွင်းခရီးစဉ်များပင်နှစ်လုံးပေါက်ပိတ်ပင်ထားခဲ့ရာမှ ကာကွယ် ဆေး ထိုး နှံအပြီး၊ ပြည်တွင်းပြည်ပခရီးသွားလာနိုင်ရန် လျော့ပေါ့ လိုက်ပြီးနောက် ရဟန်းမင်းကြီး၏ပထမ ဦးဆုံးခရီးလည်းဖြစ်ခဲ့သည်။ ထို့အတူ အီရတ်နိုင်ငံသို့ တမန်တော်ခရီး ကြွရောက်ရန်အလွန်ဆန္ဒကြီးခဲ့ ပြီး၊ အခါခါအားထုတ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေများကြောင့်ဖျက်သိမ်းခဲ့ရသော စိန့်ဂျွန်ပေါလ် (၂) ၏အိမ်မက်ကိုဖြည့်ဆည်းလိုက်ခြင်းလည်းဖြစ်ခဲ့သည်။ အီရတ်နိုင်ငံ၏သမိုင်း၌လည်း ကက်သလစ် သာသနာတော်ကြီး၏ဥသျှောင် ပထမဦးဆုံးအကြိမ်ကြွရောက်ခြင်းလည်းဖြစ်သည်။ ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင်လည်း အလွန်ကြွရောက်လိုသောနိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ထိုသမိုင်း၀င်ကြွရောက်ချိန်၌ နိုင်ငံတော်အကြီးအကဲများ၊ ဘာသာရေး အဖွဲ့အသီးသီးမှခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။ဆုတောင်း ခဲ့သည်။ မစ္ဆားတရားလည်းပူဇော်ခဲ့သည်။       

ထိုသမိုင်း၀င်ခရီးကို အမှတ်ရဂုဏ်ပြုသောအားဖြင့် အီရတ်နိုင်ငံ၏ဆက်သွယ်ရေး ၀န်ကြီးဌာန က ရဟန်းမင်းကြီး ဖရန်စစ်၏ပုံတော်ပါ တံဆိပ်ခေါင်းသုံးမျိုးသုံးစားကို ပြီးခဲ့သောတနင်္ဂလာနေ့ကဖြန့်ချီ လိုက်သည်။ တံဆိပ်ခေါင်း၌ ချိုမြစွာ ပြုံးနေပြီး၊ ကောင်းကြီးပေးရန်လက်မြောက်ထားသော ပုံနှင့်အတူ အီရတ်နိုင်ငံ၏မြေပုံကိုရိုက်နှိပ်ထားသည်။ နောက်တံ ဆိပ်ခေါင်းတစ်ခု၌မှု ရဟန်းမင်းကြီးသည် Shiite ဘာသာရေးအကြီးအကဲဖြစ်သည့် Ayatollah Ali Al Sistani နှင့်တွေ့ဆုံ နေသည့်ပုံကိုရိုက်နှိပ် ထား သည်။ Ayatollah Ali Al Sistani သည် အီရတ်နိုင်ငံ၌သာမကာဩဇာညောင်းသူဖြစ်သည်။ ထိုပုံ တံဆိပ်ခေါင်း၌ ငြိမ်းချမ်းရေးကိုသဏ္ဍန်ဆောင်သောချိုးဌက်နှစ်ကောင်၊ မွတ်စလင်တို့၏ဘာသာရေး အဆောက်အအုံ နှင့်စိန့်ပီ တာဘာစီးလီကာ၏ပုံကိုလည်းထည့်သွင်းထားသည်။

တတိယပုံစံ၌မူ Baghdad ရှိ ကယ်တင်ခြင်း၏မယ်တော် ဘုရားကျောင်း၌ ရဟန်းမင်းကြီးရပ် နား သည့်ပုံကိုထည့်သွင်းထားသည်။ ထိုဘုရားကျောင်းသည် လွန်ခဲ့သော (၂၀၁၀) ခု နှစ်ကမစ္ဆားတရား ၀တ်ပြုနေသောလူအုပ်ကြီးအား မွတ်စလင်အကြမ်းဖက် Al Qaeda တို့၏ရက်စက်စွာအကြမ်းဖက် တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး၊ လူ (၅၈) ဦးသေဆုံးခဲ့ရသော ရင်နစ်ဖွယ်ရာနေရာဖြစ်သည်။ သမ္မာကျမ်းစာ ၀င်မြို့ဟောင်း လည်းဖြစ်သကဲ့သို့၊ ယုံကြည်ခြင်း၏ဖခင်လည်းဖြစ်သော အာဘရဟမ်၏ဇာတိမြေ ဖြစ်သော ‘ အုရ် ’ (Ur) မြို့ကိုလည်း ထည့်သွင်းဖော်ပြထားသည် ။ တံဆိပ်ခေါင်းကို (၅၀၀၀) ခုသာ ရိုက်နှိပ်ဖြန့်ချီမည်ဖြစ်ပြီး၊ ပြည်တွင်း၊ ပြည်ပနှစ်ခုလုံးအတွက်အသုံးပြုနိုင်သည်။              

            အီရတ်တံဆိပ်ခေါင်းလုပ်ငန်းသည် အစိုးရပိုင်ဖြစ်သည်။ သို့သော် စာတိုက်လုပ်ငန်းကို အီရတ် ပြည်သူများသည် အယုံအကြည်မရှိ၍သိပ်အားထားလေ့မရှိ။ အထူးသဖြင့် (၂၀၀၃) ခုနှစ်နောက်ပိုင်း Saddam Hussein ၏အရှုပ်တော်ပုံ နောက်ပိုင်းပို၍ပင်အသုံးပြုမှုနည်းပါးလာခဲ့သည်။ လူအများပိုင်း သည်ယုံကြည်စိတ်ချရသော မိမိတို့၏နည်းလမ်းများဖြင့်သာအသက်အသွယ်ပြုလုပ်ကြသည်။

            သက်တော် (၈၄) နှစ်ရှိပြီဖြစ်သော ရဟန်းမင်းကြီးဖရန်စစ်က ဤသမိုင်း၀င်သောတမန်တော် ခရီးကိုကြွချီသော သူ့အနေဖြင့် ‘ငြိမ်းချမ်းရေးအတွက်ဘုရားဖူးသူ’ ဟုတင်စားမိန့်ကြားခဲ့သည်။ အီရတ် ပြည်သူများအားလည်း ဆုတောင်း ခြင်းတစ်ခု၊ စိတ်သဘောထားတစ်ခု၊ မျှော်လင့်ချက်တစ်ခုဖြင့်စည်း လုံးခြင်းနှင့်ညီညွတ်ခြင်းရရှိအောင်ကြိုးစားရန်အားပေးတိုက်တွန်းခဲ့သည်။ အီရတ်နိုင်ငံအတွင်း အကြမ်း ဖက်သည့်လုပ်ရပ်များလည်း ရပ်တန်းကရပ်ကြရန်တိုက်တွန်းထား သည်။

            အီရတ်ရှိခရစ်ယာန်များသည် သမ္မာကျမ်းစာ၌တွေ့ရသောယုံကြည်ခြင်း၏အစပင်ဖြစ်သည်။ (၂၀၀၃) ခုနှစ် ဆာဒမ်ဟူစိန်အား အမေရိကန်မှတိုက်ခိုက်ချေမှုန်းလိုက်ပြီးသည့်နောက်ပိုင်း ပြည်တွင်း စစ်ဖြစ်လာခဲ့သည်။ ခရစ်ယာန်များ လည် အကြမ်းဖက်သူတို့၏သားကောင်များဖြစ်လာရာ ခရစ်ယာန် ဦးရေသည် ကြောက်ခမန်းလိလိကျဆင်းလျော့နည်း သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သတ်ဖြတ် ခံရခြင်း၊ အတင်းအကြပ်ဘာသာသိမ်းသွင်းခံရခြင်း၊ နေရပ်စွန့်ခွာခြင်းစ သောဖြစ်ရပ်များကြောင့် ဖြစ် သည်။ မှန်းခြေအရ ဤဆယ်စုနှစ်အတွင်း အီရတ်မှသန်းနှင့်ချီသောခရစ်ယာန်များနေရပ်စွန့် ခွာထွက် ပြေးခဲ့ကြသည်။

အီရတ်နိုင်ငံအတွင်းရှိခရစ်ယာန်ဦးရေကိုအတိအကျသိရှိထုတ်ပြန်ရန်အတွက်ခက်ခဲ့သည်၊ အ ဘယ်ကြောင့်ဆိုသော် စာရင်းဇယားတိတိကျကျမကောက်ခံနိုင်သောကြောင့်ဖြစ်သည်။ မှန်းခြေအရ (၅၀၀၀၀၀) ခန့် ကျန်ရှိနေသည်ဟုဆိုပါသည်။ အီရတ်နိုင်ငံအတွင်း၌ ခရစ်ယာန်သင်းကွဲ (၁၄) ခုရှိ သည် ဟုမှတ်တမ်းတင်ထားသည်။ သို့သော် ပြည်တွင်းစစ်ကြောင့် ခရစ်ယာန်ဦးရေးများလျော့ပါးခဲ့သကဲ့သို့၊ ဘာသာရေးအဆောင်များလည်းဖျက်ဆီး၊ ပျက်ဆီးသွားခဲ့ရသည်။ ထို့အတူနိုင်ငံ၏ပထဝီ အနေအထား လည်းပြောင်းပြီး၊ အလှအပလည်းပျက်စီးသွားခဲ့ရသည်။         

 ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

https://bit.ly/3ug2K04

 

Add new comment

4 + 4 =