ရဟန်းမင်းကြီးဖရန်စစ်၏ မောလ်တာသို့ တမန်တော်ခရီးစဉ်   ဤယနေ့စပြီ

ရဟန်းမင်းကြီးဖရန်စစ်၏ မောလ်တာသို့ တမန်တော်ခရီးစဉ်   ဤယနေ့စပြီ

ရဟန်းမင်းကြီးဖရန်စစ်၏ မောလ်တာသို့ တမန်တော်ခရီးစဉ်   ဤယနေ့စပြီ

ရဟန်းမင်းဖရန်စစ်သည် ဤယနေ့ ဧပြီ (၂-၃) ရက်နေ့၌ မြေထဲပင်လယ်ကျွန်းနိုင်ငံတစ်ခုဖြစ်သောမော်လ်တာနိုင်ငံသို့  တမန်တော်ခရီးကြွရောက်မည်ဖြစ်သည်။

တမန်တော်ပေါလုသည် သူ့အားစွပ်စွဲထားသောအမှုကိုရင်ဆိုင်ရန်အတွက် ရော မမြို့သို့ အကျဉ်းကျခံရင်း ရေကြောင်းခရီးဖြင့်သွားရာ သဘော်ပျက်၍ ထိုဒေသ၌သောင်တင်နေခဲ့ကြောင်း၊ ကျွန်းပေါ် တက်၍ခရီးတစ်ထောက်ခိုနားခဲ့ရကြောင်း၊ ကျွန်းသူကျွန်းသားတို့သည် အလွန်ကြင် နာတတ်ကြောင်းထိုကျွန်း၌ပင် တမန် တော်ပေါလုသည် မြွေပွေးအကိုက်ခံခဲ့ရသော်လည်း အချိန်မည်မျှကြာလာစေကာ မြွေဆိပ်မသင့်သည်ကိုကျွန်းသူကျွန်းသား များသတိပြုမိခဲ့ သည့်ဒေသဖြစ်ပါသည်။ ထိုအကြောင်းကို တမန်တော်၀တ္ထုကျမ်း (၂၈) ၌ဖော်ပြထားသည်။ ဤဧဝံဂေလိသတင်းစီးထွက်ရာစမ်းအိုင်သို့သွားရောက်ရခြင်းသည် ရဟန်းမင်းကြီးအတွက် သော်လည်းကောင်း၊ ကျွန်းသူကျွန်းသားများ အတွက်သော်လည်းကောင်း လွန်ခဲ့သော နှစ်ပေါင်းထောင်ချီသော သမိုင်းအဖြစ်အပျက်ကိုပြန်လည်အမှတ်ရစေမည်ဖြစ် ကြောင်း၊

မော်လ်တာနိုင်ငံသည် ဒုက္ခသည်များစွာကိုလည်း နွေးထွေးစွာလက်ခံထားသောနိုင်ငံ ဖြစ်သည်။

မာလ်တာ နိုင်ငံသည် မြေထဲပင်လယ်ဒေသ၏ ဗဟိုချက်မဖြစ်သည်။ ထို့ကြောင့်လည်း ဒုက္ခသည်များအတွက် ခရီးတစ်ထောက်ဖြစ်စေနားခိုပြီး၊ ပိုမိုတောက်ပသော အနာဂတ် ကိုတည်ဆောက်ရန် အလွန်ကောင်းသောနေရာဖြစ်သည်။

 ရဟန်းမင်းကြီး၏ မော်လ်တာခရီးစဉ်တစ်လျှောက်လုံးကို ဗာတီကန်သတင်းဌာနမှတာ၀န်ခံ၍ တိုက်ရိုက်ထုတ်လွှင့်ခြင်းကိုတာ၀န်ယူသွားမည်ဟုဆိုသည်။

ခရီးစဉ်အတွက်ဆုတောင်းပေးကြရန်ကိုလည်းပါပါးဖရန်စစ်မှတောင်းဆိုထားသည်။ 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3uKTgdW

 

Add new comment

1 + 7 =