ရဟန်းမင်းကြီးဖရန်စစ်၏ ဆရာသမားဂျက်ဆွီဘုန်းတော်ကြီးပျံလွန်

ရဟန်းမင်းကြီးဖရန်စစ်၏ ဆရာသမားဂျက်ဆွီဘုန်းတော်ကြီးပျံလွန်

ရဟန်းမင်းကြီးဖရန်စစ်၏ ဆရာသမားဂျက်ဆွီဘုန်းတော်ကြီးပျံလွန်

ရဟန်းမင်းကြီးဖရန်စစ်၏ ဆရာဖြစ်ခဲ့သောဖာသာရ် Ferenc Jálics သည် ဟန်ဂေရီနိုင်ငံသားဖြစ်သည်။ သူသည်ပြီးခဲ့ သောစနေနေ့က ဘူဒါပတ်မြို့၌ သက်တော် (၉၄) တွင်ပျံလွန်သွားခဲ့ကြောင်းဟန်‌ဂေရီနိုင်ငံမှဂျက်ဆွီဘုန်းတော်ကြီးအသင်း ကတရား ၀င်ထုတ်ပြန်ခဲ့သည်။

ဖာသာရ် Ferenc Jálics သည်ခရစ်ယာန်၀ိညာဉ်ရေးအသက်တာဆိုင်ရာစာအုပ်များစွာကို ရေးသားထုတ်ဝေခဲ့သောစာရေးဆရာလည်းဖြစ် သည်။ ထို့အတူတိတ်ဆိတ်စွာနေ၍ဆုတောင်းနည်းကိုသင် ကြားပေးသော သင်တန်းကျောင်းကိုလည်းတည်ထောင်ခဲ့သူဖြစ်သည်။

သူ့အား (၁၉၂၇) တွင်ဘူဒါပတ်မြို့၌မွေးဖွားခဲ့သည်။ သူသည် Nuremberg မြို့သို့သွားစဉ်က ဒုတိယကမ္ဘာစစ်ကြီး ၏အနိဌာရုံမြင်ကွင်းကိုမြင်တွေ့ခဲ့ရသည်။ (၁၉၄၆) ခုနှစ်၌ ဟန်ဂေရီသို့ပြန်လာခဲ့သည်။ ခေတ်ကာလ၏ဆိုးရွားလှသောအ ခြေအနေကိုမြင်တွေ့လိုက်ရသောအခါ သူသည်ဘုန်းတော်ကြီးတစ်ပါးဖြစ်ရန်ဆုံးဖြတ်၍ဂျက်ဆွီအသင်းသို့၀င်ရောက်သွားခဲ့ သည်။ သူ့အတွက်မလွယ်ကူခဲ့ပေ။ ထိုစဉ်ကဟန်ဂေရီနိုင်ငံသည် ကွန်မြူနစ်စနစ်ကိုကျင့်သုံ:နေသောကြောင့် ဘာသာရေးအခမ်းအနား၊ ၀တ်ပြုဆုတောင်းခြင်းများ၊ သင် တန်းကျောင်းများကိုဖွင့်ခွင့်မပေးခဲ့ပေ။ သူနှင့်ဘ၀တူဂျက်ဆွီအပေါင်းအပါများ စွာတို့ သည် (၁၉၄၈) ၌မိမိတို့၏ မွေးရပ်မြေကိုစွန့်ခွာထွက်ပြေးခဲ့ရသည်။ သို့သော်အခက် အခဲကြုံခဲ့ရစေကာမူ သူဆုံး ဖြတ်ထားသော၀ိညာဉ်ရေးခရီးစဉ်ကိုမူလုံး၀လက်မြောက်အရှုံးမပေးခဲ့ပေ။

သူသည်ဦးစွာဂျာမဏီနိုင်ငံ၌ ပညာသင်ကြားခဲ့သည်။ ထို့ နောက်ဘဲလ်ဂျီယံနိုင်ငံ၏ နာကြီးတက္ကသိုလ်ဖြစ်သောလူဗိန်း (Leuven) တက္ကသိုလ် ၌ဒဿနိကနှင့်ဓမ္မသဂြိုလ်ပညာရပ်ကိုဘွဲ့ရသည်အထိသင်ကြားခဲ့သည်။ (၁၉၅၆) ခုနှစ်၌ချီလီသို့သာ သနာပြုရန်စေလွှတ်ခြင်းခံခဲ့ရသည်။ ထိုမှတစ်နှစ်ခန့်အကြာတွင်အာဂျင်တီးနားနိုင်ငံသို့ထပ်မံစေလွှတ်ခြင်းခံခဲ့ရသည်။ ထို စဉ်ကသူသည်ရဟန်းသိက္ခာမခံယူရသေးပေ။

သူသည်ရဟန်းသိက္ခာကို (၁၉၅၉) မှသာခံယူရရှိခဲ့သည်။ ထို့နောက်သူသည် ဓမ္မသဂြိုလ်ပညာကိုသင်ကြားရသောစာချရဟန်းအဖြစ်လည်းကောင်း၊ ဂျက်ဆွီရဟန်းလောင်းများ၏ ၀ိညာဉ်ရေးလမ်းညွှန် ဘုန်းတော်ကြီးအဖြစ်လည်းကောင်းစတင်အမူတော်ထမ်းဆောင်ခဲ့သည်။

မကြာသေးမီက တွေ့ဆုံမေး မြန်းမူတစ်ခု၌ Fr Jálics က လက်ရှိရဟန်းမင်းကြီးဖရန် စစ် (ယခင်ကဖာသာရ် Jorge Mario Bergoglio) သည်သူ၏တပည့်များအနက်တစ်ဦးဖြစ်ကြောင်းဖြေကြားခဲ့ဖူး သည်။ ထိုကျောင်းသားသည်တစ်နေ့ရ ဟန်းမင်းကြီးဖြစ် လာခဲ့သည်။ ထိုသင်ကြားရ သောကာလအတွင်း၌ ဖာသာရ် Fr Jálics သည်နည်းပညာဆိုင်ရာသင်တန်း တိုအချို့ကိုသင်ကြားပေးခဲ့ကြောင်း၊ သင် တန်း၌သင်တန်းရှည်၊ သင် တန်း တိုဟူ၍ရှိရာထိုသင် တန်းများအနက်တစ်ခုသော သင်တန်း၌ဠက်ရှိရဟန်း မင်း ကြီးဖရန်စစ်သည်လည်းတက်ရောက်ခဲ့ဖူးကြောင်း၊ ထို့ ကြောင့် ရဟန်းမင်းကြီးဖရန် စစ်နှင့်သိ ကျွမ်းနေခဲ့သည်မှာကြာပြီဖြစ်ကြောင်း၊ ဖာသာရ် Fr Jálics သည်အာဂျင်တီးနားနိုင်ငံ၌ လူမူရေးနှင့်ပညာ ရေးလုပ်ငန်းများ ကိုဦးစား ပေးလုပ်ဆောင်နေစဉ် (၁၉၇၆) ခုနှစ်၌သူနှင့်ဂျက်ဆွီသူငယ်ချင်းများအပါအ၀င် လက်ဝဲယိမ်းတက်ကြွလှုပ်ရှား သောနိုင်ငံရေးအဖွဲ့၏ပြန်ပေးဆွဲခံလိုက်ရပြီး၊ (၅) လခန့်ထိန်းသိမ်းခံခဲ့ရသည်။ ထိုအဖွဲ့၏နိုင်ငံရေးရပ်တည်ချက်မှာလက် ဝဲယိမ်းပြီး၊ ခေါင်း ဆောင်သမ္မဂနှင့်လူမူလုပ်ငန်းများ၌တက်ကြွလှုပ်ရှားသောအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ကိုနိုင်ငံတော်မှဖိနှိပ် နေသောအချိန်လည်းဖြစ်သည်။ ထိုလှုပ်ရှားမူကို ‘Dirty War’ ဟုခေါ်သည်။ ထိုသို့ပြန်ပေးဆွဲခံလိုက်ရသောကြောင့်ဂျက်ဆွီ တို့၏အမူတော်ဆောင်လုပ် ငန်းများရပ်တန့်မသွားခဲ့ပေ။ (၁၉၇၇) ခုနှစ်၌ ဖာသာရ် Fr Jálics အားအမေရိကန်ပြည် ထောင်စု သို့တစ်ဖန်ပြောင်းရွေ့အမူတော်ထမ်းစေခဲ့ပြန်သည်။ တစ်နှစ်ခန့်အကြာ၌ ဂျာမဏီသို့ပြန်လည်စေလွှတ်ခဲ့ပြန် သည်။

(၁၉၈၄) ခုနှစ်၌ သူသည်ဂျာမဏီနိုင်ငံ၊ Gries မြို့၌ ဆု တောင်းခြင်းနှင့်ဥပုသ်သီတင်းဆောက်တည်ခြင်းကိုပြုနိုင် သောနေရာတစ်ခုကိုစတင်ခဲ့သည်။ ယခုအခါထိုနေရာသည် ခရစ်ယာန်များအတွက် လူမူရေးရာစိတ်ရှုပ်ထွေးလာသည့်အခါ ၌သော်လည်းကောင်း၊ လောကဓံ၏ရိုက်ပုတ်မူများကိုခံရသည့်အခါများ၌အချိန်ယူ၍ ဆုတောင်းကာအတွင်းစိတ်တည်ငြိမ်မူ၊ ဘေးချမ်းမူကိုရယူနိုင်သောဘုရားဖူးနေရာတစ်ခုဖြစ်လာခဲ့သည်။ ထို့ နောက်သူ၏မွေးရပ်မြေသည် ထိုနှစ်၌ဥရောပသမ္မဂနိုင် ငံဖြစ်လာသော (၂၀၁၇) ခုနှစ် ၌ဟန်ဂေရီသို့ ပြန်သွားပြီး (၂၀၂၁၊ ဖေဖော်၀ါရီလ) ၌ပျံ လွန်သွားခဲ့ခြင်းဖြစ်သည်။

ဟန်ဂေရီ နိုင်ငံမှဂျက်ဆွီအ သင်း၀င်ဘုန်းတော်ကြီးများနှင့်ဖာသာရ် Fr Jálics အားသိသူများက၄င်းတို့၏၀ိညာဉ်ရေးလမ်းညွှန် ဘုန်းတော်ကြီးအတွက်၀မ်းနည်းပူဆွေးနေကြပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3dA72sz

Add new comment

5 + 0 =