ရဟန်းမင်းကြီးဖရန်စစ်၏ဟန်ဂေရီနှင့်ဆလိုဗက်ကီးယားသို့ကြွရောက်သောတမန်တော်ခရီးအစီအစဉ်အသေးစိတ်

ရဟန်းမင်းကြီးဖရန်စစ်၏ဟန်ဂေရီနှင့်ဆလိုဗက်ကီးယားသို့ကြွရောက်သောတမန်တော်ခရီးအစီအစဉ်အသေးစိတ်

စတင်ထွက်ခွက် - စက်တင်ဘာ (၁၂)၊ တနင်္ဂနွေနေ့

ထွက်ခွာချိန် - နံနက် (၆း၀၀) - ရောမ အပြည်ပြည်ဆိုင်ရာလေဆိပ် ‘Fiumicino’
မှဘူဒါပတ်သို့ပျံသန်း

ဆိုက်ရောက်ချိန် - နံနက် (၇း၄၅) - ဘူဒါပတ်အပြည်ပြည်ဆိုင်ရာလေဆိပ်၊
နိုင်ငံတော်အခမ်းအနားနှင့်ကြိုဆိုမည်။

နံနက် (၈း၄၅) - နိုင်ငံတော်သမ္မတနှင့်၀န်ကြီးချုပ်နှင့်တွေ့ဆုံမည်။

နံနက် (၉း၁၅) - ကက်သလစ်ဆရာတော်ကြီးများနှင့်တွေ့ဆုံမည်။

နံနက် (၁၀း၀၀) -
ခရစ်ယာန်အသင်းတော်ပေါင်းစုံနှင့်ဂျူးလူမျိုးတို့၏ကိုယ်စားလှယ်များနှင့်တွေ့ဆုံမည်။

နံနက် (၁၁း၃၀) - မစ္ဆားတရားပူဇော်ခြင်းနှင့်အန်ဂျေလူးဆုတောင်းခြင်းကို ‘Heroes’
Square’ (သူရဲကောင်းများ ရင်ပြင်) တွင်ပူဇော်မည်ဖြစ်သည်။

မွန်းလွှဲ (၂း၃၀) - ရဟန်းမင်းကြီးအားနှုတ်ဆက်ပြီး၊ ရဟန်းမင်းကြီးသည် ဘူဒါပတ်
အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆလိုဗက်ကီးယားနိုင်ငံသို့ဆက်လက်ထွက်ခွာမည်။

မွန်းလွှဲ (၂း၄၀) - ဆလိုဗက်ကီးယားနိုင်ငံသို့ လေယာဉ်ဖြင့်ထွက်ခွာမည်။

မွန်လွှဲ (၃း၃၀) -
ဆလိုဗက်ကီးနိုင်ငံ၏အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆိုက်ရောက်ပြီး၊
နိုင်ငံတော်အခမ်းအနားဖြင့် ရဟန်းမင်းကြီးအားကြိုဆိုမည်။

မွန်လွှဲ (၄း၃၀) - ရဟန်းမင်းကြီးကိုယ်စားလှယ်၏ရုံးခန်း၌
ခရစ်ယာန်အသင်းတော်မှခေါင်းဆောင် များနှင့်တွေ့ဆုံမည်။

ညနေ (၅း၃၀) - ဆလိုဗက်ကီးယား၌သာသနာပြုနေသော  ဂျက်ဇွစ်အသင်း၀င်များနှင့်
ရဟန်းမင်းကြီးကိုယ်စားလှယ်ရုံးခန်း၌သီးသန့်တွေ့ဆုံမည်။

စက်တင်ဘာလ (၁၃) - တနင်္လာနေ့ -

နံနက် (၉း၁၅) - သမ္မတအိမ်တော်၌ ရဟန်းမင်းကြီးအားကြိုဆိုမည်။

နံနက် (၉း၃၀) - သမ္မတအားတရား၀င်သွားရောက်နှုတ်ဆက်မည်။

နံနက် (၁၀း၀၀) - နိုင်ငံတော်၏အာဏာပိုင်များ၊
လူမူအဖွဲ့အစည်းနှင့်သံတမန်များနှင့်တွေ့ဆုံမည်။

နံနက် (၁၀း၄၅) - ကက်သလစ်ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်များ၊
ရဟန်းလောင်းကိုရင်များ၊ ဓမ္မအမှုတော် ဆောင်များနှင့်
စိန့်မာတင်းကက်သီဒြယ်၌တွေ့ဆုံမည်။

မွန်းလွှဲ (၄း၀၀) – ‘Bethlehem’ စင်တာသို့သွားရောက်လည်ပတ်မည်။

ညနေ (၄း၄၅) - ဂျူးအဖွဲ့အစည်းနှင့် ‘Rybne Namestie’ ရင်ပြင်၌တွေ့ဆုံမည်။

ည (၆း၀၀) - ပါလီမန်၏ဥက္ကဌနှင့်ရဟန်းမင်းကြီးကိုယ်စားလှယ်၏ရုံးတော်၌တွေ့ဆုံမည်။

ည (၆း၁၅) - ၀န်ကြီးချုပ်နှင့်တဖန်
ရဟန်းမင်းကြီးကိုယ်စားလှယ်၏ရုံးတော်၌တွေ့ဆုံမည်။

စက်တင်ဘာ (၁၄) ရက်နေ့၊ အဂ်ါနေ့

နံနက် (၈း၁၀) - အခြားမြို့တစ်မြို့ဖြစ်သော Kosice သို့ဆက်လက်ထွက်ခွာမည်။

နံနက် (၉း၀၀) -  Kosice လေဆိပ်သို့ရောက်ရှိမည်။

နံနက် (၁၀း၃၀) - စိန့်ဂျွန်ဘုရားကျောင်း၌
ဘိုင်ဇန်တိုင်း၀ိနည်းဖြင့်ဆုတောင်းခြင်းပြုလုပ်မည်။

မွန်းလွှဲ (၄း၀၀) - Kosice ၌အခြေချနေသော ရောမလူမျိုးမိသားစုနှင့်တွေ့ဆုံမည်။

ညနေ (၅း၀၀) - Kosice မှလူငယ်များနှင့်တွေ့ဆုံမည်။

ညနေ (၆း၃၀) – Bratislava သို့လေယာဉ်ဖြင့်ပြန်လည်ထွက်ခွာလာမည်။

ည (၇း၃၀) - Bratislava လေဆိပ်သို့ရောက်ရှိမည်။

စက်တင်ဘာ (၁၅)၊ ဗုဒ္ဓဟူးနေ့

နံနက် (၉း၃၀) - ဆရာတော်များနှင့်အတူဆုတောင်းခြင်းရှိမည်။

နံနက် (၁၀း၀၀) – Sastin မယ်တော်ဂူ၌ မစ္ဆားတရားပူဇော်မည်။

 မွန်းလွှဲ (၁း၃၀) - နှုတ်ဆက်ပွဲကျင်းပပြီး ‌ရောမသို့ပြန်လည်ထွက်ခွာရန်
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားမည်။

မွန်းလွှဲ (၃း၃၀) - ရောမ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်မည်ဖြစ်ပါသည်။

Add new comment

6 + 4 =