ရဟန်းမင်းကြီးဖရန်စစ်၏နောက်ထပ်စာချွန်တော်အသစ်ဖြန့်ချီတော့မည်

ရဟန်းမင်းကြီးဖရန်စစ်၏နောက်ထပ်စာချွန်တော်အသစ်ဖြန့်ချီတော့မည်

ရဟန်းမင်းကြီးဖရန်စစ်က မကြာမီထွက်ရှိလာမည့်သူ၏စာချွန်တော်အမည်ကို အရိပ်အမြွတ်မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးမကြာမီထွက်ရှိလာမည့်စာချွန်တော်အကြောင်းကို စက်တင်ဘာ (၂၁) လာတင်းအမေရိကားနှင့်ကာရီဘီယန်ဒေသမှတက္ကသိုလ်ကျောင်းများ၏ကျောင်းအုပ်များနှင့်တွေ့ဆုံစဉ်မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ထွက်ရှိလာမည့်စာချွန်တော်၏အမည်မှာ ‘Laudate Deum’ (ဘုရားသခင်ကိုချစ်မွမ်းကြစို့) ဖြစ်ပါသည်။ မည်သည့်အကြောင်းအရာကိုရေးသားထားသည်ကို ရဟန်းမင်းကြီးသည် လွန်ခဲ့သောတစ်လကျော်ခန့်ကပင် သူသည် ‘Laudato si’ စာချွန်တော်၏ဒုတိယအပိုင်းကိုရေးသားနေသည်ဟုမိန့်ကြားခဲ့သည်။ သို့ဖြစ်၍ ယခုထွက်ရှိလာမည့် ‘Laudate Deum’ စာချွန်တော်သည် ‘Laudato si’ ၏အဆက်ဖြစ်၍ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာအကြောင်းပါ၀င်မည်ဖြစ်ပြီး သဘာ၀ပတ်၀န်းကျင်နှင့်လူမှု၀န်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန်လိုအပ်သည့်အကြောင်းပါမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏စာချွန်တော်အသစ်၌ ကမ္ဘာ့ရွေ့ပြောင်းဒုက္ခသည်များနှင့်စစ်ပွဲပြ ဿနာများအကြောင်းကိုလည်း အသားပေးဖော်ပြနိုင်ဖွယ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ၌ယူကရိန်းနှင့်မြေထဲပင်လယ်ဒေသ၌တွေ့ကြုံနေရသည့်၀န်ထုတ်ကြီးဖြစ်နေသည်။

စာချွန်တော်ကို အောက်တိုဘာ (၄) ရက်နေ့၊ ဆီးနော့အစပြုသောနေ့၊ ဘုရားသခင် ၏ဖန်ဆင်းခြင်းကိုချစ်ခင်မြတ်နိုးထိန်းသိမ်း စောင့်ရှောက်ခဲ့သော စိန့်ဖရန်စစ်အာစီးစီ၏ပွဲနေ့၌ဖြန်ချီသွားမည်ဖြစ်ကြောင်းလည်း ကြိုတင်ကြေငြာထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/WiXT

Add new comment

7 + 2 =