ရဟန်းမင်းကြီးဖရန်စစ်၏တမန်တော်ခရီးကြွရောက်ခြင်းအတွက်ာအီရတ်နိုင်ငံပြင်ဆင်

ရဟန်းမင်းကြီးဖရန်စစ်၏တမန်တော်ခရီးကြွရောက်ခြင်းအတွက်ာအီရတ်နိုင်ငံပြင်ဆင်

ရဟန်းမင်းကြီးဖရန်စစ်၏တမန်တော်ခရီးကြွရောက်ခြင်းအတွက်ာအီရတ်နိုင်ငံပြင်ဆင်

ရဟန်းမင်းကြီးဖရန်စစ်သည် ယနေ့ (မတ်လ (၅) ရက်နေ့ ) ရောမစံတော်ချိန် မွန်းလွှဲပိုင်း၌အီရတ်နိုင်ငံသို့လေကြောင်းဖြင့်တမန်တော်ခရီးကိုစတင်မည်ဖြစ်သည်။ ဤခရီးသည်ကိုးဗစ်အလွန်ပထမဦးဆုံးကြွရောက်သော ပြည်ပခရီးဖြစ်သည်။ ဤခရီးသည် ရ ဟန်းမင်းကြီးအတွက်ခက်ခဲပြီး၊ အလွန်အရေးပါသောခရီးလည်းဖြစ်သည်။ အီရတ်ခရစ်ယာန်များသည် ယခုကဲ့သို့ရဟန်းမင်းကြီး အားမိမိတို့၏ရေမြေပေါ်၌လှိုက်လှဲနွေးထွေးစွာကြိုဆိုနိုင်ရန် (၂၂) နှစ်စောင့်စားခဲ့ရသည်။

ပထမဦးဆုံးအကြိမ်ရဟန်းမင်းကြီးစိန့်ဂျွန် ပေါလ် (၂) ကြွရောက်ခဲ့သည်မှာ (၁၉၉၉) ခုနှစ်ကဖြစ်သည်။ ထိုခရီးကို ကျွန်ုပ်တို့အားလုံး (ဂျူး၊ ခရစ်ယာန်၊ မွတ်စလင်) ၏ယုံကြည် ခြင်းဖခင် ‘အာဘရာဟမ်’ ၏ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သော ‘အုးလ်’ မှအစပြု၍ မဟာဂျူဗလီနှစ်၏အဖွင့်ခရီးစဉ်ကိုစတင်ခဲ့ သည့်ခရီးဖြစ်သည်။ ထိုခရီးစဉ်ပြုခဲ့စဉ်က ‘ဆဒမ်ဟူစိန်’ ၏အာဏာရှင်စနစ်ဩဇာထွားနေချိန်ဖြစ်၍ ရဟန်းမင်းကြီးအားခရီးစဉ်ကိုမပြုရန်၊ အဘယ်ကြောင့်ဆိုသော် ‘ဆဒမ်ဟူစိန်’ ကိုအားပေးရာရောက်မည်ဖြစ်ကြောင့်ဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အထူးသဖြင့်အ မေရိကန်ပြည်ထောင်စုကအကြံ‌ပေးခဲ့သည်။ သို့သောရဟန်းမင်းကြီးသည်အဆိုပါခရီးစဉ်ကိုဖြစ်မြောက်ကြွရောက်ခဲ့သည်။ နိုင်ငံရေး အရိပ်အရောင်မသန်းသောထိုခရီးစဉ်သည် အကြောင်းအမျိုးမျိုးကြောင့်နောက်ဆုံး၌အထမမြောက်ဘဲဖျက်သိမ်းလိုက်ရသည်။

(၁၉၉၉) ခုနှစ်၌ အီရတ်သည် အီရန်နှင့်စစ်ခင်းလာခဲ့သောကာလကြောင့် (၁၉၈၀-၁၉၈၈) နိုင်ငံသည်ချွတ်ခြုံကျနေသော အခြေအနေသို့ဆိုက်ရောက်နေခဲ့သည်။ ကူ၀ိတ်အားကျူးကျော်၀င်ရောက်ခဲ့သည့်အတွက်ပထမဦးဆုံးပင်လယ်ကွေ့ စစ်ပွဲဖြစ်ပွားခဲ့ ရသကဲ့သို့ ကမ္ဘာ့နိုင်ငံများ၏စီးပွားရေဂပိတ်ဆို့မူများကိုလည်းဆိုးရွားစွာခံခဲ့ရသည်။ ထိုစဉ်ကအီရတ်နိုင်ငံရှိ ခရစ်ယာန်ဦးရေများမှာ ယနေ့ ထက် (၃) ဆပိုများသည်။ ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ၏မဖြစ်မြောက်ခဲ့သောတမန်တော်ခရီးသည် လိပ်ခဲတည်းလည်းဖြစ်ခဲ့ ကျန်ရစ်ခဲ့ရ သည်။ ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) သည် အီရတ်အပေါ်အနောက်နိုင်ငံများ၏စစ်ရေးလွှမ်းမိုးမူကိုထုတ်ဖော်ဆန့်ကျင်ခဲ့ သည်။ မည်သို့ဆိုစေ (၂၀၀၃) ခုနှစ်၌ ‘ဆဒမ်ဟူစိန်’ ကိုဖြုတ်ချနိုင်ခဲ့ခြင်းသည် ထိုတင်းရင်းမူများကိုအဆုံးသတ်သွားစေခဲ့သည်။

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) က တစ်ခုသောမတ်လ (၁၆)၊ တနဂ်နွေနေ့အန်ဂျေလူးမေတ္တာကို စိတ်ပီတာရင်ပြင်၌စုရုံး နေကြသောဘုရားဖူးများနှင့်ဆုတောင်းစဉ် ‘ကုလအဖွဲ့၀င်နိုင်ငံများနှင့်ကုလလုံခြုံရေးအဖွဲ့၀င်နိုင်ငံများကိုကျွန်ုပ်ပြောလိုသည်မှာ စစ် ရေးအရကိုင်တွယ်ဖြေရှင်းခြင်းသည် ငြိမ်းချမ်းစွာကိုင်တွယ်ဖြေရှင်းသည်မည်သည့်နည်းလမ်းမျှအထမမြောက် သည့်အဆုံးမှသာကု လကြေငြာချက်အတိုင်းလုပ်ဆောင်ရန်၊ ရဟန်းမင်းကြီးသည် ဒုတိယကမ္ဘာစစ်မီးဒဏ်ခံခဲ့ရသောမျိုးဆက်ဖြစ်ကြောင်း၊ ဤစစ်မီးအ တွင်းအသက်မသေဘဲကာကွယ်ပေးခဲ့သည့်အတွက်ဘုရားသခင်ကိုကျေးဇူးတင်ပါကြောင်း၊ ဤအတွေ့အကြုံမျိုးမရှိသော ရဟန်း မင်းကြီးထက်ငယ်သောမျိုးဆက်များအားပြောလိုသည်မှာ စစ်ဖြစ်ပွားစေရန်မည်သည့်အကြောင်းအရင်းမျှမရှိစေရန်၊ ဤအကြောင်း ကိုရဟန်းမင်းကြီးပေါလ် (၆) သည်လည်းကုလအစည်းအ‌ဝေး၌မိန့်ကြားခဲ့ဖူးသည်။ စစ်မဖြစ်ရန်မည်သည့်နည်းလမ်းများဖြင့်မဆို လုပ်ဆောင်ရမည်။ သို့သော်စစ်မက်ဖြင့်ငြိမ်းချမ်းရေးတည်ဆောက်ရန်အားထုတ်လိုသော မျိုးဆက်သစ်များသည် ရဟန်းမင်းကြီး၏စ ကားကိုမနာခံလိုကြပေ။

အီရန်သည်အကြမ်းဖက်တို့၏ အင်အားပြင်းထန်သောဗုံး၊ လက်နက်များဖြင့်တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ လူမူရေးကွန်ရက် ချိပ်ဆက်မူပြတ်တောက်ခဲ့ရသည်။ (၂၀၁၄၊ ဧပြီ) လမှစ၍ ‘မွတ်စလင်နိုင်ငံတည်ထောက်လိုသောအဖွဲ့’ ထပ်မံပေါ်ပေါက်လာခဲ့ပြန် သည်။ အဖျက်အမှောက်၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အကြမ်းဖက်လုပ်ရပ်များသည်ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုအခြေအနေကိုကာ ကွယ်ရန်ပြည်တွင်း၊ ပြည်ပအင်အားများကိုအားကိုး၍နှိမ်နင်းခဲ့ကြသည်။ သို့သော်အဆိုပါအကြမ်းဖက်၊ အစွန်းရောက်မွတ်စလင်အဖွဲ့ များ၏စစ်ရေးအင်အားကိုဆုတ်ယုတ်အောင်မလုပ်ဆောင်နိုင်ခဲ့ပေ။ သို့ဖြင့်ပြည်သူများအကြားအုပ်စုကွဲလာခြင်း၊ မျိုးနွယ်စုကွဲလာခြင်း၊ သက်၀င်ယုံကြည်မူအပေါ်မူတည်၍ခွဲခြားလာခြင်းများပြုလုပ်၍ဖိနှိပ်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများအထိရှိလာခဲ့သည်။

အီရတ်နိုင်ငံ၏အခြေအနေကိုကြည့်မည်ဆိုပါလျှင် ရဟန်းမင်းကြီးဖရန်စစ် ဇောင်းပေးမိန့်ကြားသော မကြာမီကရေးသား ထုတ်‌ေ၀ခဲ့သောသူ၏စာချွန်တော်ဖြစ်သည့် ‘Fratelli tutti’ (ညီအစ်ကိုမောင်နှမများအားလုံး) အခြေအနေမျိုးပြန်လည်ရှင်သန် လာစေသင့်သည်ဟုခံစားမိကြပေမည်။ ထို့ကြောင့် ‘စစ်’ ကိုပြသာနာကိုင်တွယ်ဖြေရှင်းနည်းတစ်ခုအဖြစ်မစဉ်းစားသင့်တော့ပေ။ အဘယ်ကြောင့်ဆိုသော် စစ်ကြောင့်ပေးဆပ်ရသည်မှာအကျိုးထက်ဆိုးကျိုးကားအလွန်အဖိုးအခကြီးမားလှသည်။ အတိတ်၌ဖြစ်ပျက် ခဲ့သည့်အဖြစ်အပျက်ကိုထောက်၍ ‘တရားသောစစ်’ ဟုသတ်မှတ်ရန်မှာအလွန်ခက်ခဲပါသည်။ ထို့ကြောင့်နောက်ထပ်စစ်ကို မဖြစ်ပွား စေလိုတော့ပါ။ စစ်သည်ကျွန်ုပ်တို့ကမ္ဘာကြီးအား စစ်မဖြစ်မီကထက်စစ်ဖြစ်ပြီးနောက်ချန်ရစ်ခဲ့သောဆိုးကျိုးကားဆိုး၀ါးသည်။ စစ် သည်နိုင်ငံရေးအရှုံးသာဖြစ်သည်။ လူသားထု၏ပျက်စီးခြင်းနိဂုံးဖြစ်သည်။ ရှက်ဖွယ်သောလက်မြောက်အရှုံးပေးခြင်းဖြစ်သည်။ မ ကောင်းမူ၌အောင်ပွဲခံခြင်းဖြစ်သည်။

ဤဆိုး၀ါးလှသောနိုင်ငံရေးအခြေအနေမျိုး၌ ထောင်သောင်းမကသောခရစ်ယာန်များသည်မိမိတို့၏နေရပ်ကိုစွန့်ခွာ၍ပြည် ပနိုင်ငံများ၌သွားရောက်ခိုလုံခဲ့ကြသည်။ ဧ၀ဂေလိတရားစတင်မျိုးချရှင်သန်ခဲ့သောမြေ၊ ထိုမြေ၌ရှိဘုရားကျောင်းအချို့သည် တပည့် တော်ကြီးများ၏ခေတ်ကာလကဆောက်လုပ်ထားသည့်သက်တမ်းရှိဘုရားကျောင်းများလည်းရှိသောမြေဖြစ်သည်။ ယနေ့ခရစ် ယာန်များသည်သည် ရဟန်းမင်းကြီးဖရန်စစ်၏ကြွရောက်ခြင်းကို မွန်းကြပ်နေသောအခြေအနေမှလေကောင်းလေသန့်ကိုရူရှိုက်ရ သည်သို့ဖြစ်စေမည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် အီရတ်သို့ကြွရောက်ပြီး၊ ထိုဒေသ၌ရှိခရစ်ယာန်များကိုအားပေးနှစ်သိမ့် လို၊ ၄င်းတို့နှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းပြသလိုကြောင်းကို တရား၀င်ထုတ်ဖော်မိန့်ကြားထားသည်မှာကြာပြီဖြစ်သည်။ ထို့ အတူယခုဖော်ဆောင်နေသော ပြန်လည်သင့်မြတ်စွာနေထိုင်ရေး၊ ပြည်တွင်းစစ်ကြောင့်ပျက်စီးသွားသောဘာသာရေးအဆောက် အ ဦးများကိုအားလုံးပူးပေါင်း၍ပြန်လည်တည်ဆောက်သည့်အစီအစဉ်များကိုလည်းအားပေးလိုသောကြောင့်ဤခရီးစဉ်ဖြစ်မြောက်လာခဲ့သည်။ အချိန်သင့်အခါဆင့်လာ၍ ကူးစက်မြန်ရောဂါ ပိုး၏အန္တာရာယ်ရှိနေသော်လည်းစွန့်စား၍ဤခရီးကိုစီစဉ်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးအနေဖြင့် သူ့အားစောင့်‌စားနေ‌ခဲ့သောအီရတ်ပြည်သူများအားလည်းစိတ်ဓာတ်မကျစေလို၍သူ၏ပထမဦးဆုံးခရီးစဉ် အဖြစ်ဦးစားပေးစီစဉ်ထားခြင်းဖြစ်သည်။ ကိုးဗစ်ကြောင့် မည်သည့်နိုင်ငံတကာတမန်တော်ခရီးကိုမျှမပြုခဲ့သော (၁၅) လအကြာပထ မဦးဆုံးသောခရီးသည် ‘အာဘရာဟမ်’ ၏ဇာတိချက်ကြွေမွေးရပ်မြေ ဖြစ်သော ‘အုးရ်’ မြို့၌ကျင်းပမည့်အစည်းအ‌ဝေးသို့ဦးစွာကြွ ရောက်မည်ဖြစ်သည်။ ထို့နေရာ၌ သက်၀င်ယုံကြည်မူမတူသောဘာသာရေးခေါင်းဆောင်များ၊ သက်၀င်ယုံကြည်သူများနှင့်အတူဆု တောင်းခွင့်ရသည်မှာလည်းအခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးအခြေခံသောခံယူချက်များကို ကျော်လွှား၍ အခြားသောဘာသာ၀င်များနှင့်ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ကြမည့် မွတ်စလင်ညီအစ်ကိုများ၏ သတင်းစ ကားကိုအရှေ့အလယ်ပိုင်းနှင့်ကမ္ဘာတစ်၀ှမ်းသို့ကြေငြာမောင်းခတ်လိုက်ခြင်းလည်းဖြစ်သည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ANSA

http://bit.ly/3sLzDzu

Add new comment

14 + 6 =