ရဟန်းမင်းကြီးဖရန်စစ်၏ခွဲစိပ်ကုသမှု (၃) နာရီကြာသော်လည်းအောင်မြင်

ရဟန်းမင်းကြီးဖရန်စစ်၏ခွဲစိပ်ကုသမှု (၃) နာရီကြာသော်လည်းအောင်မြင်

ရဟန်းမင်းကြီးဖရန်စစ်အား (၃) နာရီကြာခွဲစိပ်ကုသမှုပြုခဲ့ေသာ ခွဲစိပ်သည့်ဆရာ၀န်အဖွဲ့များက ေနာက်ဆုံး၌ ရဟန်းမင်းကြီး ၏ခွဲစိပ်ကုသမှုနှင့်စပ်လျင်း၍ ကမ္ဘာတစ်
၀ှမ်းလုံးက ေစာင့်ေမျှာ်ေနခဲ့ေသာသတင်းေကာင်းကိုထုတ်ပြန်လာခဲ့သည်။

ထိုသတင်းေကာင်းကား ‘မင်္ဂလာေန့လည်ခင်းပါ။ ရဟန်း မင်းကြီးဖရန်စစ်ဟာကျန်းမာလျှက်ရှိပါတယ်။ ဒီသတင်းစကားကိုသင်တို့အားလုံးနဲ့ကမ္မာတစ်၀ှမ်းလုံးက
ေစာင့်ေမျှာ်ေနတဲ့သတင်းဖြစ်မယ်လိုထင်ပါတယ်’ ဟုရဟန်းမင်းကြီးအားခွဲစိပ်သည့်ဆရာ၀န်အဖွဲ့၏ေခါင်း ေဆာင်ဖြစ်သူ ေဒါက်တာ Sergio Alfieri ကပြောပြလာပါသည်။

ရဟန်းမင်းကြီးခံစားရသောအူနာကြင်သည့်‌ေ၀ဒနာမှာ ခွဲစိပ်မှုအကြိမ်များစွာပြုလုပ်ခဲ့ပြီး ထိုခွဲစိပ်မှုများ၏အရာများသည် ပုံမှန်မျက်နှာပြင်လောက်ပြန်လည် ပြန်မဖြစ်နိုင်သောကြောင့် ထိုမညီညာသည့်မျက်နှာပြင်များ၏ပွတ်တိုက်ဖန်များလာခြင်း ကြောင့်ဖြစ်ကြောင်း

ထိုပွတ်တိုက်၍နာကြင်စေသော မညီညာသည့်ခွဲစိပ်ရာ၏မျက်နှာပြင်များအား ခွဲစိပ်သည့်ဆရာ၀န်အဖွဲ့များကဖယ်ရှားပေးနိုင်ခဲ့ကြောင်း၊ ကမ္ဘာတစ်၀ှမ်းမှရဟန်းမင်းကြီးအတွက်စိုးရိမ်သူများမှပို့ သပေးသည့်ဆုတောင်းမေတ္တာကြောင့်ခွဲစိပ်မှုသည် ချောမွေ့စွာပြုလုပ်နိုင်ငံခဲ့ကြောင်း၊

ရဟန်းမင်းကြီးသည် ခွဲစိပ်မှုပြီးဆုံး သည် နှင့်ပုံမှန်အတိုင်းရီစရာများကိုပြောဆိုနိုင်ကြောင်း၊ ခွဲစိပ်မှုအားလုံးကောင်းပြီး၊ မေ့ဆေးလည်းစွမ်းကြောင်း၊ မေ့ဆေးပြယ်သည်နှင့်ရဟန်းမင်းကြီးကဆရာ၀န်အားကျီစယ်ကြောင်း၊ ရဟန်းမင်းကြီး၌ အခြားမည်သည့်ရောဂါမျှမရှိကြောင်း၊ ကင်ဆာ၏အရိပ်အယောင်လည်းမတွေ့ရကြောင်း၊ (၂၀၂၁) ခုနှစ်ကခွဲစိပ်ရာ ၌လည်းမေ့ဆေး၏အာနိသင်ကောင်းခဲ့ကြောင်း၊ သို့သော်အဘယ်သူမျှမေ့ဆေးပေး၍ခွဲစိပ်မှုများကိုမခံယူလိုကြောင်းဆရာ၀န်ဖြစ်သူကဖြေကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် လုံး၀ စိတ်ချပြီး သက်သာသည်အခြေအနေသို့ရောက်ရှိရန်မှာအချိန်အနည်းငယ်ယူရဦးမည်ဖြစ်၍ ဗာတီကန်အနေဖြင့် ရဟန်း မင်းကြီး ၏ ဇွန်လ (၁၈) ရက်နေ့အထိ လက်ခံထားသောအစီအစဉ်များကိုရွေ့ဆိုင်းထားကြောင်းဖြင့်သတင်းထုတ်ပြန်ထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3qBgt3N

Add new comment

4 + 6 =