ရဟန်းမင်းကြီးဖရန်စစ်အားဖူးရန် မိုင် (၂၅၀) ခရီးကိုစက်ဘီးနင်း၍လာရောက်ခဲ့

ရဟန်းမင်းကြီးဖရန်စစ်အားဖူးရန် မိုင် (၂၅၀) ခရီးကိုစက်ဘီးနင်း၍လာရောက်ခဲ့

ရဟန်းမင်းကြီးဖရန်စစ်အားဖူးရန် မိုင် (၂၅၀) ခရီးကိုစက်ဘီးနင်း၍လာရောက်ခဲ့

ရဟန်းမင်းကြီး၏ အပတ်စဉ်ဘုရားဖူးဘာသာတူများနှင့်တွေ့ဆုံသည် အစီအစဉ်၌ပါ၀င်ရန်အတွက် ကမ္ဘာတစ်၀ှမ်းမှဘု ရားဖူးများသည် ကုန်းတစ်တန်၊ ရေတစ်တန်၊ လေတစ်တန်ဖြင့်လာကြသည်။ ယခုတစ်ပတ်၌ ဇနီးမောင်နှံတစ်တွဲသည် ရဟန်း မင်းကြီးအားဖူးတွေ့ရန် ခရီးမိုင် (၂၅၀) ကိုစက်ဘီးနင်း၍အရောက်လာခဲ့ကြသည်။ ထိုဇနီးမောင်နှံမှာ Alberto နှင့် Barbara တို့ ဖြစ်ကြသည်။

သူတို့ဇနီးမောင်နှံဖြတ်သန်းခဲ့သော ထိုခရီးရှည်ကြီး၏အတွေ့အကြုံကိုဤသို့ဖောက်သည်ချခဲ့သည်။ နေ၀င်ပြီဆိုသည် နှင့်ဖုံနှင့်ခြင်ကောင်များအလွန်ဒုက္ခပေးကြောင်း၊ ဤခရီးသည် အလွန်ပြင်းထန်ကြောင်း၊ သို့သော် ရောမမြို့သို့အချိန်မှီရောက်ရှိ နိုင်ပြီး၊ စိန့်ပီတာရင်ပြင်၌ ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံခွင့်ရ၍ အလွန်ကျေနပ်ပီတိဖြစ်ရကြောင်း၊ ခက်ခဲပင်ပန်းခဲ့သမျှအ ကျိုးနပ်ကြောင်း၊ ၄င်းတို့၌ မကျန်းမမာဖြစ်နေသူများအတွက် ဆုတောင်းပေးရန်ရည်ရွယ်ချက်များစွာရှိကြောင်း၊ သူ့ဇနီး၏မိတ် ဆွေများသည် သူနာပြုများဖြစ်ပြီး၊ ကိုဗစ် (၁၉) ကူးစက်ခံနေရသူများကို ရှေ့တန်းတိုက်စစ်မှူးများအဖြစ်ကုသစောင့်ရှောက် ပေးနေရကြောင်း၊ ထို့ကြောင့် ဤဘုရားဖူးခရီးကို
ထိုအခြေအနေမျိုး၌ရှိနေကြသောသူများအားလုံးအတွက်ရည်စူး၍ မဖြစ်မနေ ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း၊ ၄င်းတို့ဇနီးမောင်နှံအနေဖြင့် စိန့်ပီတာရင်ပြင်သို့ရောက်သောအခါ ရဟန်းမင်းကြီးမှအာရုံပြုမိစေ ရန် တစ်ခါကရဟန်းမင်းကြီးဖရန်စစ် ဘုရားဖူးများနှင့်တွေ့ဆုံစဉ်ကပုံပါသည့် တီရှပ်စွပ်ကျယ်ကို၀တ်ပြရန်ရည်ရွယ်ခဲ့ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်၏ ဘုရားဖူးသူများကိုအားပေးတိုက်တွန်းသောသတင်းစကားမှာ ‘သင်တို့၏အိမ်မက်များကိုဖော်ဆောင် ရန်ခရီးသွားကြပါ။ ‌ရှေ့ဆက်ပါ’ ဟုအားပေးခဲ့ကြောင်း၊ အလွန်အားတက်စရာကောင်းသောသတင်းစကားဖြစ်ကြောင်း၊ ယခုဘု ရားဖူးခရီးစဉ်၌လည်းဤသို့ခံစားရကြောင်းဖြင့်ရင်တွင်းဖြစ်စကားများကိုပြောကြားခဲ့သည်။

Ref:Aleteia.org
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #rvanews

Add new comment

3 + 3 =