ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အရှေ့အလယ်ပိုင်းရှိ ခရစ်ယာန်မျာကို အား ပေးရန် ကြွလာခြင်းဖြစ် ကြောင်း ကာဒီနယ်ဆာခို ပြော ကြား

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အရှေ့အလယ်ပိုင်းရှိ ခရစ်ယာန်မျာကို အား ပေးရန် ကြွလာခြင်းဖြစ် ကြောင်း ကာဒီနယ်ဆာခို ပြော ကြား

လာမည့်(၂၀၂၁)ခုနှစ် မတ်လ (၅)ရက်နေ့မှ (၈)ရက်နေ့ထိ ပုပ်ရဟန်းမင်းကြီးသည် သိုး ထိန်းခရီးစဉ်အဖြစ် အီရတ်နိုင်ငံသို့ ကြွရောက်မည်ဖြစ် သည်။ ပုပ်ရဟန်းမင်းကြီး၏ ယခုခရီးစဉ်သည် အရှေ့အ လယ်ပိုင်းရှိ ခရစ်ယာန်များအား အားပေးရန်ဖြစ်ကြောင်း ကာဒီနယ် ဆာခိုမှ ပြောကြားခဲ့သည်။

ကပ်ရောဂါဘေးသာမက နိုင်ငံရေး၊ စီးပွားရေး ခက်ခဲမှုတို့ကြောင့် ဒုက္ခရောက်နေကြသော ပြည်သူပြည်သားများထံသို့ ယခုကဲ့သို့ ရဟန်းမင်း ကြီး၏ ကြွလာခြင်းသည် အ ချိန်ကိုက်ဖြစ်ပြီး အရှေ့အ လယ်ပိုင်းရှိ ခရစ်ယာန်များ သည် မိမိတို့မွေးရပ်မြေတွင် စိုးရိမ်ကြောက်ရွံ့မှုများစွာနှင့် နေထိုင်နေရပြီး ယခုကဲ့သို့ ရဟန်းမင်းကြီး၏ သိုးထိန်းခရီးစဉ်သည် သူတို့အား မျှော်လင့်ချက်များကို တိုးပွားစေပြီး မိမိတို့နေရပ်တွင် နေထိုင်ရန် ခွန်အားဖြစ်စေမည်ဟု ယုံကြည်ကြောင်းလည်း ကာဒီနယ် ဆာခိုမှ ပြောဆိုခဲ့သေးသည်။

ယခုခရီးစဉ်အတွက် ရဟန်း မင်းကြီး၏ သတင်းစကားသည် အီရတ်နိုင်ငံအတွက်သာမဟုတ်ဘဲ ဆီးရီးယားနှင့် လက်ဘနွန်နိုင်ငံများအတွက်လည်း ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

ယခုခရီးစဉ် အောင်မြင်ခဲ့ပါက ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ထိုနိုင်ငံသို့ ကြွရောက်သော ပထမဆုံးရဟန်း မင်းကြီးဖြစ်လာမည် ဖြစ် သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of: ANSA

https://bit.ly/3a6QhDA

Add new comment

3 + 2 =