ရဟန်းမင်းကြီးဖရန်စစ်အကြံပြုထားသော အာပတ်ဖြေရာ၌ အရေးကြီးသောအချက် (၄) ချက်

ရဟန်းမင်းကြီးဖရန်စစ်အကြံပြုထားသော အာပတ်ဖြေရာ၌ အရေးကြီးသောအချက် (၄) ချက်

၁။ ခမည်းတော်ဘုရားကိုပထမနေရာ၌ထားပါ။

            မည်သည့်အရာသည် အခရာကျသနည်း။ ကျွန်ုပ်တို့၏အပြစ်များလော့။ သို့မဟုတ် အားလုံး စုံကိုသိပြီး၊ ခွင့် လွှတ်ပေးမည့်ခမည်းတော်ဘုရားလော့။ ခမည်းတော်ဘုရားသာ အဓိက ဖြစ်ပါသည်။ ကျွန်ုပ်တို့အပြစ်သွားရောက် လျှောက်ခြင်းသည် အပြစ်ပေးခံရန်၊ အနှိမ်ခံရန်မဟုတ်။ ချစ်တတ်သော ခမည်းတော်၏လက်တော်ထဲသို့ ပြေး၀င်ခို လှုံ ကာမေတ္တာခံယူရန်ဖြစ်သည်။ ခမည်းတော်ဘုရားသည် မည်သည့်အခြေအနေမျိုး၌ပင်ဖြစ်စေ ကျွန်ုပ်တို့အားချီးမြှောက် ကာ ပေါ့ပါးသွားစေမည်။ အပြစ်အားလုံးကိုလည်းခွင့်လွှတ်ပေးမည်။   

 

၂။ ဘုရားသခင်၏ခွင့်လွှတ်ခြင်းကိုသတိရပါ။

            သင်တို့အား အကြံအနည်းငယ်ပေးပါရစေ။ အာပတ်ဖြေပြီးတိုင်း၊ တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်စိမ်စိမ်လေး ခဏထိုင်ပါ။ လတ်တလောခံယူလိုက်ရသော ဘုရားသခင်၏အပြစ်ခွင့်လွှတ်ခြင်း ကောင်းကြီးကိုဆင်ခြင်ပါ။ အာပတ် ဖြေအပြီးခံစားလိုက်သော ငြိမ်သက်ခြင်းနှင့်အတွင်းစိတ်ထဲ၌ လွှတ်လပ်ပေါ့ပါးသွားသည်ကိုသင့်နှလုံးထဲ၌ဆက် လက်စွဲမြဲနေစေပါ။ မရှိတော့သည့်သင့်အပြစ်များ ကိုတွေးတောမနေပါနှင့်။ ဘုရားသခင်သင့်ကိုသွန်းလောင်းပေးခဲ့ သော ခွင့်လွှတ်ခြင်းကိုသာဆင်ခြင်ပါ။

   

၃။ အရှက်သည် အပြစ်တင်ခြင်းမဟုတ်။

            အရှက်တရားရှိနေခြင်းသည် ကောင်းသောလက္ခဏာဖြစ်သည်။ ဤအရှက်တရားသည် ကျွန်ုပ်တို့ဦးတည် လျှောက်ရမည့်လမ်းဆီသို့ပြညွှန်ပေးသည်။ အရှက်တရား၏လှောင်ပိတ်မှုကို မခံပါနှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကြောင့်ရှက်ရသည် ဟုမည်သည့် အခါမျှမဖြစ်ပေါ်၊ မခံစားရ။ အပြစ်ကြောင့် သင်ရှက်စိတ်ဖြစ် ပေါ်ခံစားရသည့်အချိန်၌ပင် ဘုရားသခင်သည်သင့်ကိုချစ်သည်။ ဘုရားသခင်သည် သင့်ကိုအစဉ်ချစ်သည်။  

 

၄။ ဘုရားသခင်၏ သစ္စာတည်ကြည်ခြင်း

            ဘုရားသခင်သည် ကျွန်ုပ်တို့ကို အကြိမ်ကြိမ်ခွင့်လွှတ်ပေးခွင့်ရသည့်အတွက် ပီတိဖြစ်ရသည်။ ဘုရားသခင် သည်ကျွန်ုပ်တို့အားခွင့်လွှတ်တိုင်း အကြိမ်မည်မျှရှိပြီဟုမတွက်။ အပြစ်များကို အကြိမ် ကြိမ် ခွင့်လွှတ်သော်လည်း မွေးဖွား မည်မျှရှိနေစေကာမူ ဘုရားသခင်သည် ပထမတစ် ကြိမ်ကဲ့သို့ ဖြစ် နေမည်။ သူသည်ကျွနု််ပအပေါ်စိတ်ပျက် သွားမည်မဟုတ်။ ကျွန်ုပ်တို့ကသာ မိမိ၏မကြာကြာ ပြုမိ သောအပြစ်များကြောင့် ခွင့်လွှတ်ခြင်းကိုတောင်းခံရန် စိတ် ပျက်သွားပေဦးမည်။ ဘုရားသခင်သည် ဘယ်တော့မှစိတ်မပျက်ပေ။ 

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

https://youtu.be/w74gPrJXsIU

Add new comment

3 + 1 =