ရဟန်းမင်းကြီးဖရန်စစ်သည် ‘Laudato si'’ ဒုတိယပိုင်းကိုရေးသားနေ

ရဟန်းမင်းကြီးဖရန်စစ်သည် ‘Laudato si'’ ဒုတိယပိုင်းကိုရေးသားနေ

‘Laudato si'’ ဟုပြောလိုက်လျှင် ရဟန်း မင်းကြီးဖရန်စစ်၏ ‘သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ’ စာချွန်တော်ဖြစ်သည်ကိုလူတိုင်းနီးပါးသိကြပါသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခုရက် ပိုင်း၌ မည်သည့်အဖွဲ့အစည်းနှင့်မျှတွေ့ဆုံခြင်းမရှိပေ။ ဤသို့တွေ့ဆုံခြင်းမရှိရသည့်အကြောင်းအရင်းမှာ သူ့အနေ ဖြင့် ‘Laudato si'’ ဒုတိယအပိုင်းရေးသားနေသောကြောင့်ဖြစ်သည်ဟုဥရောပကောင်စီ ၏ရှေ့နေများအဖွဲ့၏ ကိုယ်စားလှယ်နှင့်ခေတ္တတွေ့ဆုံစဉ်မိန့်ကြားခဲ့သည်။

အဆိုပါအဖွဲ့သည်လည်း သဘာ၀ပတ်၀န်းကျင်ထိန်း သိမ်းရေးအတွက်ဥပဒေပြုရေးလုပ်ငန်းစဉ်နှင့်အကြားသောလျှို၀ှက်လုပ်ငန်းစဉ်များကိုလည်းလုပ်ဆောင်နေသောအဖွဲ့အစည်းဖြစ်သည်။ ၄င်းတို့အဖွဲ့အစည်း၏လုပ်ဆောင် ချက်များအတွက်ရဟန်းမင်းကြီးဖရန်စစ်ကချီးကျူးစကားမိန့်ကြားခဲ့ပြီး သာသနာအတွင်း၌လည်းလျှို၀ှက်ချက်များကိုကာကွယ်ရမည့်အရာများလည်းရှိ ကြောင်း ဥပမာအားဖြင့်အာပတ်ဖြေခြင်းစက္ကရာမင်တူးမှရသောအချက်အလက်များသည်ထုတ်ဖော်ပြော၍မ ရဘဲကာကွယ်ရမည်ဖြစ်သည်။ တစ်ဆက်တည်း၌ပင် ရဟန်းမင်းကြီးက လက်ရှိခေတ်ရေစီးကြောင်း၌ လူ့ဂုဏ်သိက္ခာများအားခြိမ်းခြောက်သော အတွေးအခေါ်အယူအဆများလည်းရှိကြောင်း လူ့ဂုဏ်သိက္ခာသည် သူ၏အစမူလဇစ်မြစ် (ဖန်ဆင်းရှင်) ၌တည်ကြောင်း၊ လူတို့၏မည်သည့်ကြား၀င်ဖျက်ဆီးမှုကိုမျှခွင့်မပြုကြောင်း၊ မည်သည့်အရာကိုတွေးတောဆုံးဖြတ်သည်ဖြစ်စေ လူသည်ဗဟိုချက်မ၌ရှိရပြီး အာဏာနှင့်သနား ယောင်ဆောင်ပြသသောဆုံးဖြတ်ချက်မျိုးမဖြစ်ရဟုမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဆိုလိုသည်မှာ လူ့အသက်ကိုနည်းလမ်းအသွယ်သွယ်ဖြင့်သတ်ဖြတ်နေခြင်း၊ သတ်ဖြတ်ခြင်းကိုအားပေးနေခြင်းကိုဆိုလိုသည်။

အဆိုပါအဖွဲ့နှင့်ရဟန်းမင်းကြီးဖရန်စစ်သည် ဥပဒေစိုးမိုရေးနှင့်တရားသူကြီးများ သည်အဘယ်သူ၏မျက်နှာမျှမထောက်ဘဲ အမှန်တရားအတိုင်းတရားစီရင်ပိုင်ခွင့်အာဏာအကြောင်းကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟုသိရပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/SYzu

Add new comment

5 + 3 =