Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးဖရန်စစ်သည် ‘The Chosen’ ရုပ်ရှင်၏ဒါရိုက်တာ၊သရုပ်ဆောင်တို့နှင့်တွေ့ဆုံ
ရဟန်းမင်းကြီးဖရန်စစ်သည် ‘The Chosen’ ရုပ်ရှင်၏ဒါရိုက်တာ၊သရုပ်ဆောင်တို့နှင့်တွေ့ဆုံ
ဒါရိုက်တာဖြစ်သူမှာ Dallas Jenkins ဖြစ်ပြီး၊ သရုပ်ဆောင်မှာ Jonathan Roumie ဖြစ်သည်။ ၄င်းတို့နှစ်ဦးသည် ရဟန်းမင်းကြီး၏ ဘုရားဖူးများနှင့်တွေ့ဆုံသော ရဟန်းမင်းကြီး သူတော်မြတ်ပေါလ် (၆) ၏ခမ်းမထဲ၌ အခြားသူများ နှင့်တိုးကြိတ်နေရသည်။ Jonathan Roumie သည်‘The Chosen’ (ရွေးကောက်ခံရသူ) ရုပ်ရှင်ဇာတ်လမ်းထဲ၌ ယေဇူးသ ခင်အဖြစ်သရုပ်ဆောင်ထားသည်။ ဒါရိုက်တာမှာ Dallas Jenkins ဖြစ်သည်။ ဤရုပ်ရှင်သည် ဇာတ်လမ်းတွဲဖြစ်သည်။ ၄င်းတို့ ရဟန်းမင်းကြီးအားနှုတ်ဆက်ရန်အလှည့်ကျသောအခါ Roumie က သူအသင့်၀ယ်လာသော စိတ်ပုတီးများကို ကောင်းကြီးပေးရန် ရဟန်းမင်းကြီးအားတောင်းခံခဲ့၏။ ထို့နောက် ရဟန်းမင်းကြီးအတွက်ဆုတောင်းပေးမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။
Roumie ။ ။ကျွန်တော်စပိန်စကားသိပ်မပြောတတ်ဘူး။ ဒါပေမယ့် ရဟန်းမင်းကြီးအတွက်အမြဲဆုတောင်းပေးနေပါတယ်။
ရဟန်းမင်းကြီး။ ။ ကျေးဇူးတင်ပါတယ်။
Roumie ။ ။နေ့တိုင်း၊ နေ့တိုင်း (ဆုတောင်းပေးတယ်)
ထို့နောက် Roumie က သူသည် ‘The Chosen’ ဇာတ်လမ်းတွဲ၌ ယေဇူးသခင်၏အခန်းမှသရုပ်ဆောင်ထားကြောင်းပြော ပြလိုက်သောအခါ ရဟန်းမင်းကြီး၏မျက်နှာပေါ်၌ နှစ်လိုဖွယ်အပြုံးမြင်လိုက်ရသည်။ ထိုအချိန်ထိ ရဟန်းမင်းကြီး သည် ရုပ်ရှင်သရုပ်ဆောင်ဟုလည်းမသိသေးပေ။
Roumie။ ။ ‘The Chosen’ တီဗွီဇာတ်လမ်းတွဲ၌ယေဇူးသခင်၏ဇာတ်ရုပ်မှသရုပ်ဆောင်ရ၍ အလွန်ဂုဏ်မိပါသည်။
ရဟန်းမင်းကြီး။ ။ ‘သင် ယေဇူးသခင်ကို ပုံတုယူနိုင်သည်။ သူ သင့်ကိုပျော်ရွှင်အောင်ပြုလုပ်ပေးမည်။
Roumie။ ။ ကျေးဇူးတင်ပါတယ် ဟုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ရုပ်ရှင်ဒါရိုက်တာ Dallas Jenkins အားမိတ်ဆက်ပေးလိုက်သည်။ ရဟန်းမင်းကြီးသည် ချက်ချင်းပင် ရဟန်း မင်းကြီးသည် အရွန်းဖောက်လိုက်သည်။
ရဟန်းမင်းကြီး။ ။သူကယေဇူး၊ မင်းက ယုဒအီစကာရီယုဒ်ပေါ့။
ဒါရိုက်တာ။ ။ဟုတ်ပါတယ်။ နိုး .. နိုး ... မဟုတ်ပါဘူး ဟုရယ်မောလျှက်ပွဲကျသွားခဲ့သည်။ သူက ပရိုတက်စတန်တစ်ဦးဖြစ် သည်။ သို့သော် ယေဇူးသခင်ကိုချစ်သောသူအားလုံးကိုသူရုပ်ရှင်ရိုက်ကူးထုတ်လုပ်လေ့ရှိကြောင်း၊ ‘The Chosen’ သည်၀င်ငွေ အလွန်ကောင်းသော ဘာသာရေးဇာတ်လမ်းတစ်ခုဖြစ်ကြောင်း၊ ယေဇူးသခင်၏အကြောင်းကို ဇာတ် လမ်းတွဲဖြင့်ပထမဦးဆုံးအ ကြိမ်ရိုက်ကူးထုတ်လွှင့်ခြင်းဖြစ်သည်ဟုရှင်းပြခဲ့သည်။
Ref:Rome Reports
ဘာသာပြန် - ဖာသာရ် ကလေးမင့်အားတယ်
Add new comment