ရဟန်းမင်းကြီးဖရန်စစ်သည် ဩသိုဒေါ့စ်နှင့်အရှေ့တိုင်းအ သင်းတော်တို့အား ‘ပါစ ကား ’ ‌နှုတ်ဆက်ဆုတောင်းလွှာပေးပို့

ရဟန်းမင်းကြီးဖရန်စစ်သည် ဩသိုဒေါ့စ်နှင့်အရှေ့တိုင်းအ သင်းတော်တို့အား ‘ပါစ ကား ’ ‌နှုတ်ဆက်ဆုတောင်းလွှာပေးပို့

ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ပီတာရင်ပြင်၌ တနင်္ဂနွေ‌နေ့မွန်းတည့်ဆုတောင်းမေတ္တာဖြစ်သော ‘ကောင်းကင်ဘုံဘုရင်မ (Regina caeli)’ ဆုတောင်းအပြီး၊ ဧပြီလ (၃) ရက်နေ့၌ ခမ်းနားလှသောပါစကားပွဲတော်ကြီးကို ဩသိုဒေါ့စ်နှင့်အရှေ့တိုင်းအသင်း တော်များ၊ ထိုဒေသရှိကက် သလစ်ဘာသာ၀င်များအား ‘ပါစ ကား’ နှုတ်ဆက်ဆုတောင်းလွှာပါးပေးခဲ့သည်။

ဩသိုဒေါ့စ်နှင့်အရှေ့ တိုင်းအသင်းတော်များသည် ‘ပါစကား’ ပွဲတော်ကို ဂရေဂေါရီယံ ပြက္ခဒိန်ကိုသုံးသော ကက် သလစ်သာ သနာတော်ကြီးကျင်းပချိန် ထက် ရက်သ တ္တပတ်အနည်းငယ်နောက်ကျမှကျင်းပလေ့ရှိသည်။ အဘယ် ကြောင့်ဆိုသော် ၄င်းတို့သည် ဂျူလီယံပြက္ခ ဒိန်ကိုသုံး သည်။ ဓမ္မဟောင်းကာ လ၌မူ နှစ်စဉ် နီဆန်းလ (၁၄) ရက်နေ့တွင်ကျင်းပကြသည်။ ‘ရှင်ပြန်ထမြောက်သောသခင်သည် ၄င်းတို့အား အလင်းနှင့်ငြိမ်းချမ်းခြင်း၊ အလွန်ခက်ခဲစွာရုန်းကန်ရှင်သန်နေရသော အဖွဲ့အစည်းများအားလည်း နှစ်သိမ့်ခြင်းကောင်းကြီးပေးပါ မည့်အကြောင်းနှင့်၄င်းတို့အတွက် ပျော်ရွှင်သော ပါစကားပွဲဖြစ်ပါစေ’ ဟုဆုမွန်ကောင်းတောင်းပေးခဲ့သည်။

ရဟန်းမင်းကြီးက ဆက် လက် ၍ အီစ္စရေးနိုင်ငံ၌ လူ (၄၅) ဦးသေစေခဲ့ပြီး၊ မြောက်များစွာအနာတရဖြစ် ပွားစေခဲ့သော မ တော်တဆမူအတွက်လည်း၀မ်းနည်းကြောင်းထုတ် ဖော်ထားသည်။ အီစ္စရေးတို့ သည် ပြီးခဲ့သောသောကြာနေ့က ၄င်းတို့၏ဘာသာ ရေးအခမ်းအနားကို ‘မေရွန်ု’ (Meron) တောင်ပေါ်၌ ကျင်းနေစဉ် ထိုမတော်တဆမှုဖြစ်ပွားခဲ့သည်။ ထိုမတော် တဆမှု၌ မိမိတို့၏မိ သားစု၀င်များပါသွားခဲ့သော ပူဆွေးခံ စားနေရသောမိသား စုများအ တွက်လည်း ဆုတောင်းနှစ် သိမ့်ပေးကြောင်းမိန့်ကြားခဲ့သည်။ ထို တနင်္ဂနွေကို ‘အီစ္စရေးတစ်မျိုးသားလုံးအတွက် ၀မ်းနည်းဖွယ်ရာနေ့’ အဖြစ် အစိုးရကကြေငြာထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3xPsIsE

Add new comment

8 + 5 =