ရဟန်းမင်းကြီးဖရန်စစ်သည် အောက်ပါအစီအစဉ်များဖြင့်တမန်တော်ခရီးတာစထွက်လိုက်ပြီ။

ရဟန်းမင်းကြီးဖရန်စစ်သည် အောက်ပါအစီအစဉ်များဖြင့်တမန်တော်ခရီးတာစထွက်လိုက်ပြီ။

ရဟန်းမင်းကြီးဖရန်စစ်သည် အောက်ပါအစီအစဉ်များဖြင့်တမန်တော်ခရီးတာစထွက်လိုက်ပြီ။

ယခု (ယနေ့) တစ်ကြိမ်ကြွသော ပြည်ပတမန်တော်ခရီး သည် ရဟန်းမင်းကြီးဖရန်စစ် ၏ (၃၃) ကြိမ်မြောက်သောခရီးဖြစ် သည်။ နိုင်ငံ ပေါင်းအနေဖြင့်မူ အီရတ်သည် (၅၂) နိုင်ငံမြောက်ဖြစ်ပါသည်။ ယခု တစ်ကြိမ်ရဟန်းမင်းကြီးတမန်တော်ခရီးကြွရခြင်း မှာအချက် (၅) ချက်ရှိသည်။

၁။ အဘယ်ကြောင့်ကူးစက် ရောဂါအန္တရာယ်ရှိသော်လည်းယခုကြွရောက်ရသနည်း။

ကူးစက်မြန်ရောဂါကပ်ဆိုးကြီး ၏အန္တရာယ်သည်စိတ်မချရသေးပေ။ သို့သော်အီရတ်အစိုးရသည် နိုင်ငံတော်ကိုပြန် လည် တည်ဆောက်ရန်အပူ တပြင်းလုပ်ဆောင်နေသည်။ ဖွံ့ဖြိုးတိုးတက်ပြီးသောနိုင်ငံများသည် စားသောက်ဆိုင်များ၊ လူ၀င်လူထွက် များ သောနေရာများကိုဆက် လက် ၍ပိတ်ထားရန်တောင်းဆိုနေစဲဖြစ်ပါသည်။ သို့သော်အီရတ်နိုင်ငံ၏အခြေအနေသည် အ တော်ထူးခြား ပါသည်။ နိုင်ငံ၏စီးပွားရေးသည်လည်းချွတ်ခြုံကျနေပြီး၊ အာမခံချက်များလည်းမရှိဖြစ်နေပါသည်။ အဆောက်အဦးများသည်လည်း အစိပ်အမွှာမွှာဖြင့်မြေခနေကြသည်။ အနောက်ကမ္ဘာအတွက်ကိုးဗစ်ကပ်ရောဂါဆိုးကြီးသည် အန္တရာယ်တစ်ခုနှယ်ဖြစ်နေချိန်၌ အီရတ်ပြည်သူများအတွက်မှာမူ ဒုက္ခများစွာအနက်မှတစ်ခုအဖြစ်သာသတ်မှတ်ထားကြသည်။ အ ဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် ရှည်လျားသောကြေကွဲစရာအနိဌာရုံဇာတ် လမ်းကိုမွတ်စလင်နိုင်ငံထူ ထောင်လိုသောအစွန်းရောက်တို့၏ဒဏ်ကိုခါးစည်းခံခဲ့ရသော ကြောင့်မွှန်ထူနေပြီဖြစ်သည်။ အီရတ်အစိုးရအနေဖြင့် ရဟန်းမင်းကြီး၏ တမန်တော်ခရီးကြွရောက်ခြင်းကိုအထူးဦးစားပေးထား သည်။ အဘယ်ကြောင့်ဆိုသော်နိုင်ငံတော်ပြန်လည် ထူ ထောင်ရေးအတွက်အလွန်အခရာကျပြီး၊ အီရတ်ကိုလူများပိုမို၍အာရုံထားလာရန်၊ ထို့အတူလူမျိုးစုကြား၊ သက် ၀င်ယုံကြည်မူမတူသောဘာ သာရေးများကြား ငြိမ်းချမ်းရေး တည်ဆောက်ရေးပိုမိုလုပ်ဆောင်ရန်လည်းဦးတည်သည်။ ဦးတည်ချက်သည်အ လွန်ကောင်းပါသည်။ ဤသို့သောအခွင့်အရေး ကောင်းမျိုးကိုလည်း နောက်နှစ်ပေါင်းမည်မျှကြမှပြန်လည်ရရှိမည်နည်း။ ယခုကဲ့သို့သောအခွင့် အရေးကိုရရှိရန် နှစ်ပေါင်း (၂၀) ကြာ စောင့်စားခဲ့ရသည်။ ‘အီရတ်လူမျိုးသည် ကျွန်ုပ်တို့ကိုစောင့်မျှော်နေ သည်။ သူတို့သည်စိန့်ဂျွန်ပေါလ် (၂) ကိုစောင့်မျှော်နေခဲ့သည်။ သို့ သော်ထိုနိုင်ငံသို့ခရီးသွားခွင့်ငြင်းပယ်ခံခဲ့ရသည်။ ထို့ကြောင့်စောင့်မျှော်နေသူများကိုဒုတိယအကြိမ်စိတ်ပျက်အောင်မလုပ်သင့်ပါ။ ဤ ခရီးစဉ်သည်ကောင်းကြီးများဖူးပွင့်ဝေဆာမည့်ခရီးစဉ်ဖြစ်ရန်ဆုတောင်းကြပါစို့’ ဟုရဟန်းမင်းကြီးဖရန်စစ်ကမိန့်ကြားခဲ့သည်။

၂။ အီရတ်နိုင်ငံ၏ ဘာသာရေးအခြေအနေ

ရဟန်းမင်းကြီးသည်ဖရန်စစ်သည် အီရတ်နိုင်ငံရှိ မွတ်စ လင်နိုင်ငံထူထောင်လိုသောအစွန်းရောက်တို့၏ညှဉ်းပမ်းနှိပ်စက်မူ ကိုခံခဲ့ရသောလူ နည်းစုခရစ်ယာန်များဆီသို့လည်းသွားရောက်လည်ပတ်မည်ဖြစ်သည်။ စစ်တမ်းများအရ နှစ် (၂၀၀၀) အစောပိုင်းက ခရစ်ယာန်လူဦးရေ တစ် သန်းခွဲရှိခဲ့ပြီး၊ နိုင်ငံ့လူဦး ရေ ၏ (၆) ရာခိုင်နှုန်းရှိခဲ့သည်။ သို့သော် (၂၀၁၅) နောက်ပိုင်း ၌မူ (၃၀၀၀၀၀) အထိကျ ဆင်းလာခဲ့သည်။ အဘယ် ကြောင့်နည်း။ သတ်ဖြတ်ခံရ၊ နေရပ်ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

၃။ ယုံကြည်ခြင်းဖခင် ‘အာဘရာဟမ်’ ၏ဇာတိချက်ကြွေ ‘အုးလ်’ သက်၀င်ယုံကြည်မူမတူသောဘာသာများကြား တွေ့ဆုံသည့်အစည်းအဝေးကြီး

ကျမ်းစာထဲ၌ ယုံကြည်ခြင်းဖခင်ကြီးအာဘရာဟမ်အားဖော်ပြရာတွင် ‘အုးလ်’ မြို့ ၌ရှိစဉ်ဖော်ပြထားသည်။ ထိုအရပ်မှဘုရား သခင်၏ခေါ်တော်မူခြင်းခံရ၍ ဘုရားသခင်စေရာကိုစတင်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်ရဟန်း မင်း ကြီးနှင့်အခြားသောဘာသာရေး ခေါင်းဆောင်များလည်း အတူတကွဆုတောင်းခြင်းကိုပြုရန်ဤ ကျမ်းစာနောက်ခံရှိသောသမိုင်း၀င်သည့်နေရာကိုရွေးချယ်ခဲ့ကြခြင်း ဖြစ် သည်။ ယခုတွေ့ဆုံခြင်းသည် သက်၀င်ယုံကြည်မူမတူညီသော်လည်း ဘာသာအချင်း ချင်း ညီအစ်ကိုရင်းစိတ်ဓာတ်ကိုပိုမို၍ အားကောင်းလာစေပြီး၊ အစွန်းရောက်သောစိတ် ဓာတ်နှင့်အသင်းအဖွဲ့များ၏ ရန်ကိုလည်းကာကွယ်နိုင်လိမ့်မည်ဟုယုံကြည်သည်။

၄။ ဘာသာရေးခေါင်းဆောင် ALI AL SISTANI ၌ တွေ့ ဆုံမည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ပြီးခဲ့သော (၂၀၁၉) ခုနှစ်က ‘လူသားအချင်းချင်း ညီအစ် ကိုရင်းများဖြစ်ကြသည်’ ဟုအမည်ပေး ထားသောစာတမ်းတစ်ခုကို al-Azhar မှဆွန္နီဘာသာရေးခေါင်းဆောင်တစ်ဦးနှင့်အတူပူးတွဲလက်မှတ်ရေးထိုးခဲ့သည်။ ဤသို့ဆို၍ ALI AL SISTANI နှင့်လည်းလက်မှတ်ရေးထိုးမည်ဟုဆိုခြင်းမဟုတ်။ ရဟန်း မင်းကြီးအာလှိုက်လှဲနွေးထွေးစွာခရီးကြိုပြုခြင်းသည် အ လွန် ပွင့်လင်းသောအလား အလာဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ခရစ်ယာန်များသည် အီရတ်နိုင်ငံ၏ ဒုတိ ယအတန်းစားနိုင်ငံ သားများမဟုတ်ကြောင်းကိုပြသလိုက်ခြင်းဖြစ်သည်။ ယခုတွေ့ဆုံခြင်းသည်လည်း အစွန်း ရောက်များအားလက်မခံသည့်သတင်းစ ကားကိုပါးနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မွတ်စလင်ဘာသာ၀င်များအနေဖြင့် ၄င်းတို့အလွန်ကြည်ညိုယုံကြည်ရသော ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦးသည် ရဟန်းမင်းကြီးကိုကြိုဆိုသည်။ ခွဲခြားနေရန်မလိုဟု သတင်းစကားကိုပေးလိုသည်။

၅။ ခရီးတစ်လျှောက် ၏အစီ အစဉ်

ရဟန်းမင်းကြီးသည် သော ကြာ နေ့၌အီရတ်သို့လေယာဉ်ဖြင့်ကြွမည်။ မြို့၏အာဏာပိုင်များနှင့်တွေ့ဆုံမည်။ ထိုနေရာ ၌ နိုင်ငံ ရေးနှင့်ဆိုင်သောမိန့်ခွန်းကိုမြွတ်ကြားမည်။ ထို့နောက် (၂၀၁၀) ၌အ စွန်းရောက်အကြမ်းဖက်မွတ်စလင်တို့၏လက်ချက်ဖြင့်ဖျက်ဆီးခံ လိုက်ရသောကက်သီဒရယ်သို့သွား‌ရောက်လည်ပတ်မည်။

စနေနေ့၌မူ အခြားသောဘာ သာရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးမည်။ ထိုနေ့၌ပင် ALI AL SISTANI အားလည်း သွားရောက်လည် ပတ်မည်။ ထို့နောက်အစည်း အဝေးတက်ရောက်ရန် ‘အုးလ်’ မြို့သို့ဆက်လက်ကြွသွားမည်။

တနင်္ဂနွေနေ့၌မူ အီရတ်နိုင်ငံအတွင်းရှိခရစ်ယာန်များနှင့်စစ်ဒဏ်သင့်နိုင်ငံသားများအားလုံးနှင့်တွေ့ဆုံမည်ဖြစ် သည်။ ရဟန်းမင်းကြီးသည် Erbil၊ Mosul နှင့် Qaraqosh သို့လည်းကြွရောက်မည်ဖြစ်သည်။ မိုဆူးလ်မြို့၌မူ အကြမ်းဖက်လုပ်ရပ်များ ကြောင်းအသက်ဆုံးရှုံးခဲ့ရသော၀ိညာဉ်များအတွက် ဆုတောင်းပေးမည်။ ဤအစီ အစဉ်သည် ကိုးဗစ်ကြောင့်မည်သည့်လှုပ်ရှားမူ မျှမလုပ်နိုင်ဘဲရပ်နားထားခဲ့ပြီးတစ်နှစ်အကြာ ပထမဦးဆုံးခရီးစဉ်ဖြစ်သည်။ ကိုးဗစ်ကြောင့်ခရီးသွားလာမူမပိတ်ပင်မီ နောက်ဆုံးကြွ ရောက်ခဲ့သောနိုင်ငံမှာ (၂၀၁၉၊ နို၀င်ဘာလ) ထိုင်းနှင့်ဂျပန်နိုင်ငံတို့ဖြစ်ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: NBC News

https://bit.ly/30dZ6Wj

Add new comment

1 + 4 =