ရဟန်းမင်းကြီးဖရန်စစ်သည် အိန္ဒိယရေလွှမ်းမိုးခြင်းကြောင့်အသက်ဆုံးရှုံးခဲ့ရသူများအတွက်ဆုတောင်းပေး

ရဟန်းမင်းကြီးဖရန်စစ်သည် အိန္ဒိယရေလွှမ်းမိုးခြင်းကြောင့်အသက်ဆုံးရှုံးခဲ့ရသူများအတွက်ဆုတောင်းပေး
ရဟန်းမင်းကြီးဖရန်စစ်သည် အိန္ဒိယရေလွှမ်းမိုးခြင်းကြောင့်အသက်ဆုံးရှုံးခဲ့ရသူများအတွက်ဆုတောင်းပေး

            အိန္ဒိယနိုင်ငံမြောက်ပိုင်း၌မြေပြိုမူဖြစ်ပွားခဲ့ပြီး တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံကိုတိုက်စား သွား၍အလုပ်သမားများသေဆုံးခဲ့ကြသည်။ ထိုသဘာ၀ဘေးဒဏ်ကြောင့်အသက်ဆုံးရှုံးခဲ့သောသူများ၊ ၄င်းတို့၏ပူဆွေး နေသောမိသားစုများ၊ ထိခိုက်ဒဏ်ရာရသူများများအားလုံးအတွက်ဆုတောင်းပေးပါကြောင်းနှင့်၄င်းတို့နှင့်ထပ်တူရှိနေ ကြောင်းမိန့်ကြားခဲ့သည်။

ဤသဘာ၀ဘေးဒဏ်သည် ပြီးခဲ့သောတနဂ်နွေနေ့၌ ဟိမ၀န္တာတောင်တန်းကြီးမှရေခဲပျော်ရေ များကြောင့်ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး၊ (၃၁) ဦးသေဆုံးကာ၊ (၁၆၅) ဦးပျောက်ဆုံးလျှက်ရှိသည်။ ကယ်ဆယ်ရေးလုပ်သား များလည်းအင်အားအပြည့်ဖြင့်ရွံ့နွံများကြား၌အသက်ရှင်ကျန်နိုင်သည့်သူများကိုရှာဖွေကယ်ထုတ်လျှက်ရှိသည်။ ကယ် ဆယ်ရေးလုပ်သားများက ရေအားလျှပ်စစ်စက်ရုံ၏လုပ်ငန်းခွင့်တစ်နေရာ၌အလုပ်လုပ်နေခဲ့သောအလုပ်သမားသုံးဒါဇင် ကျော်ာတို့သည်ထိုဘေးဒဏ်သင့်ရောက်ပြီးနောက်အဆက်အသွယ်ပြတ်တောက်လျှက်ရှိသောကြောင့်အဆက်အသွယ်ရနိုင်ရန််ကြိုးစားလုပ်ဆောင်နေကြသည်။ ဤသဘာ၀ဘေးသင့်ရောက်သောကြောင့်အနီးအနားရှိရွာများကို ဘေးလွှတ်ရာသို့ ပြောင်းရွေ့ထားစေခဲ့ရကြောင်း၊ တောင်ပေါ်မှအရှိန်ဖြင့်စီးကျလာသော ရှံ့များ၊ ရေများ၊ ကျောက်တုံးကျောက်ခဲများသည် ချောင်း၊ မြောင်း၊ ဆည်များ၊ တံတားများ၊ ထိုလမ်းကြောင်းတစ်လျှောက်၌တည်ဆောက်ထားသောရေအားလျှပ်စစ်အ သေးစားများကိုဖျက်ဆီးလိုက်ခြင်းဖြင့်အကြီးစားလုပ်ငန်းကိုလည်းပျက်စီးသွားစေခဲ့သည်။       

            ထို့အတူရဟန်းမင်းကြီးသည် အရှေ့အာရှနှင့်ကမ္ဘာအရပ်ရပ်ရှိ ဖေဖော်၀ါရီလ (၁၂) ရက်နေ့၌နှစ်သစ်ကူးကျင်းပ ရန်ပြင်ဆင်နေကြသည့်မျိုးနွယ်စုများအားလုံး၊ ၄င်းတို့၏မိသားစုများအားလည်း ‘ရင်တွင်းမှလှိုက်လှဲစွာနှုတ်ဆက်ဆု တောင်းပေးပါကြောင်း၊ ဤနှစ်သစ်သည်ညီအစ်ကိုရင်းစိတ်ဓာတ်နှင့်တစ်စိတ်တစ်၀မ်းတည်းသောစိတ်ဓာတ်တိုးပွားများ ပြားမူကိုဆောင်ယူလာသောနှစ်ဖြစ်ပါစေကြောင်း၊ ကူးစက်မြန်ရောဂါပိုးဖြစ်ပွားနေသောလက်ရှိအနေအထား၌အားလုံး ၏ကာယပိုင်းသာမဟုတ်၊ ၀ိညာဉ်ရေးပိုင်းကိုလည်းရိုက်ခတ်ကြောင်း၊ ထို့အတူလူမူဆက်ဆံရေးကိုလည်းအဟန့်ဖြစ်စေ ကြောင်း၊ လူတိုင်းသည်ကျန်းမာခြင်းကောင်းကြီးနှင့်တည်ကြည်အေးချမ်းသောဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း’ နှုတ် ဆုတောင်းစကားပါးခဲ့သည်။ နောက်ဆုံး၌ရဟန်းမင်းကြီးက အထက်ကဆန္ဒပြုတောင်းခံပေးခဲ့သောကောင်းကြီးများ သည် ‘ကောင်းမြတ်ခြင်း၊ လေးစားခြင်း၊ ရေရှည်အမြင်ရှိခြင်း၊ လုပ်သင့်လုပ်ထိုက်သည်ကိုရဲရင့်ပြတ်သားစွာလုပ်ဆောင် ခြင်း’ ဖြင့်သာလျှင်ရရှိနိုင်ကြောင်း၊ ထို့ကြောင့်ချို့တဲ့သူ၊ နွှမ်းပါးသူ၊ မည်သည့်အကာအကွယ်မျှမရှိသောအားနည်းသူများ ကိုဦးစားပေးစဉ်းစားရန်ကိုမမေ့သင့်ကြောင်းမိန့်ကြားရင်းနိဂုံးချုပ်ခဲ့သည်။     

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ANSA

https://bit.ly/37mG04a

Add new comment

2 + 0 =