ရဟန်းမင်းကြီးဖရန်စစ်သည် အနောက်နိုင်ငံများအား မိမိတို့၏စံတန်ဖိုးဇစ်မြစ်သို့ပြန်လှည့်ကြရန်တိုက်တွန်းခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် အနောက်နိုင်ငံများအား မိမိတို့၏စံတန်ဖိုးဇစ်မြစ်သို့ပြန်လှည့်ကြရန်တိုက်တွန်းခဲ့

ရဟန်းမင်းကြီးသည်ဖရန်စစ်သည် အနောက်နိုင်ငံများအားမိမိတို့၏စံတန်ဖိုးဇစ်မြစ်သို့ပြန်လှည့်ကြရန်တိုက်တွန်းရင်း ပေါ်တူဂီနိုင်ငံသို့ရောက်ရှိလာသည်ကိုကြိုဆိုသောအခမ်းအနား၌မိန့်ကြားခဲ့သည်။

ထိုကြို ဆိုခြင်းအခမ်းအနားကို Belém Cultural Center ၌ကျင်းပခဲ့သည်။

အခမ်းအနား၌ ပေါ်တူဂီနိုင်ငံ၏သမ္မတလည်းအတူရှိနေခဲ့သည်။ အနောက်နိုင်ငံဟုဆိုရာ၌ ဥရောပနိုင်ငံများကိုရည်ညွှန်းခြင်းဖြစ်ပြီး ၄င်းတို့၏တန်ဖိုး ဇစ်မြစ်မှာ ခရစ္စတူးသခင်၏တရားကိုညွှန်းဆိုခြင်းဖြစ် သည်။ ထို့ကြောင့်လည်း အဆိုပါတန်ဖိုး ၏အခြေခံအုတ်မြစ်ဖြစ်သော ငြိမ်းချမ်းရေးကိုတိုးမြင့်လုပ်ဆောင်၍အကြမ်းဖက်မှုကိုအနိုင်ပိုင်းရန်ဖြစ်သည်။

ရဟန်းမင်းကြီးက ဥရောပသည်ငြိမ်းချမ်းသောနေရာဖြစ်ရမည်။ လူငယ်မျိုးဆက်သစ်များအတွက်အနာဂတ်ကိုတည်ဆောက်ပေးရမည့်နေရာဖြစ်ရမည်။ လူငယ်မျိုး ဆက်သစ်တို့၏ဘ၀သည် လက်တွေ့မကျသောလက်ရှိမျိုးဆက်များ၏ အတွေး အခေါ်အယူအဆများဖြင့်ဆက်လက်လက်ဆင့်ကမ်းမသွားသင့်တော့ပေဟုဆိုသည်။

ရဟန်းမင်းကြီးယခုကဲ့သို့မိန့်ကြားခြင်းမှာ ပြီးခဲ့သောနှစ်လကျော်က ပေါ်တူဂီအစိုးရမှ ပြန်လည်သက်သာလာနိုင်ချေမရှိသော နာတာရှည်လူနာများ၊ ကြာရှည်စွာသတိမေ့မျောနေသောလူနာများတို့အား ၄င်းတို့၏ သဘောဆန္ဒအရသော် လည်း ကောင်း၊ ဆရာ၀န်များ၊ ဆွေမျိုးသားချင်းတို့၏ ဆုံးဖြတ်ချက်များအရ ‌ေ၀ဒနာအမြန်ဆုံးအဆုံးသတ်ရန်ဆေးထိုးသတ်နိုင်သည့် ( euthanasia) ဥပဒေကိုပြဌာန်းခဲ့သည့်အတွက်ဖြစ်သည်။ ထိုဥပဒေ သည် အနောက်တိုင်းနိုင်ငံများ၏ စံတန်ဖိုးမှသွေဖီသွားခြင်းဖြစ်သည်ကိုဆိုလိုခြင်းဖြစ်သည်။

လစ္စဘွန်းအနေဖြင့် လူ အမျိုးမျိုး၊ နောက်ခံအစုံစုံရှိသောလူသားတို့တွေ့ဆုံရာမြို့တစ်မြို့ဖြစ်ရမည်။ ကမ္ဘာ့လူငယ်များနေ့ကိုကျင်းပလိုက်ခြင်းအားဖြင့် မိမိတို့နိုင်ငံသားများအတွက်သာမဟုတ်ဘဲ ကမ္ဘာတစ်၀ှမ်းလုံးအာရုံပြုစရာ မြို့တော်ကြီးဖြစ်လာပေပြီ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာမှလူငယ်များစွာစုရုံးရောက်ရှိနေကြသော ကြောင့်ဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/PXwv

Add new comment

2 + 7 =