ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီမှ ဂျူးများနှင့်တွေ့ဆုံ

ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီမှ ဂျူးများနှင့်တွေ့ဆုံ

            ရဟန်းမင်းကြီးဖရန်စစ် ယနေ့ကဟန်ဂေရီနိုင်ငံနှင့်ဆလိုဗက်ကီးယားနိုင်ငံများသို့တမန်တော် ခရီးစတင်လိုက် ပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် အူမကြီးခွဲစိတ်မူခံယူပြီးနောက် ခရီးရှည်ကိုပထမဦး ဆုံးအကြိမ် တရား၀င်ထွက် ခြင်းဖြစ်သည်။  ရဟန်းမင်းကြီးသည် ခရီးရောက်မဆိုက် အနုပညာလက်ရာ ကောင်းများပြတိုက်’ သို့သွားရောက်ကာ ခရစ်ယာန်အသင်းတော် (၁၁)မှကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ သည်။

ဤအသင်းတော် (၁၁) ခုတွင်ကက််သလစ် သာသနာကမပါပေ။ (၂၀၁၉) ၏စစ်တမ်းများအရ ဟန်‌‌ဂေရီ လူဦးရေ၏ (၆၂) ရာခိုင်နှုန်းသည် ကက်သလစ်ဘာသာ ၀င်များဖြစ်ကြပြီး၊ (၂၀) ရာခိုင်နှုန်းမှာ ဘာသာမဲ့ များဖြစ်ကြသည်။ (၅) ရာခိုင်နှုန်းမှာပရိုတက်စတန်များဖြစ်ကြသည်။ (၈) ရခိုင်နှုန်းမှာ အခြား သောဘာ သာ များကိုသက်၀င်ယုံကြည်သူများဖြစ်ကြပြီး၊ (၂) ရာခိုင်နှုန်းမှာ မည်သည့်ဘာသာကိုသက်၀င်ယုံကြည် သည်ကိုဖွင့်ပြောထားခြင်းမရှိပေ။ အဆိုပါဂျူးလူမျိုးတို့၏ကိုယ်စားလှယ်များသည် ရဟန်းမင်း ကြီးနှင့် တွေ့ ဆုံမည့် ခရစ်ယာန်အသင်းတော်ခေါင်းဆောင်များနှင့်အတူပါ၀င်မည်ဖြစ်သည်။

ဂျူးလူမျိုးတို့ကိုအစု လိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ချိန်က ဟန်ဂေရီနိုင်ငံမှ ဂျူးလူမျိုး (၅၆၅၀၀၀) ဦးသတ်ဖြတ်ခံခဲ့ရသည်ဟုခန်မှန်းကြ သည်။ လက်ရှိ၌ ခန့်ဟန်ဂေရီနိုင်ငံအတွင်း ဂျူးလူမျိုး (၁၀၀၀၀ မှ ၁၅၀၀၀) ခန့်ရှိသည်ဟုခန့်မှန်းပြီး၊ အများစုမှာ ဟန်ဂေရီမြို့တော် ဘူဒါပတ်မြို့၌နေထိုင် ကြသည်။   

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

https://youtu.be/vxYM8lPpotA  

Add new comment

8 + 8 =