ရဟန်းမင်းကြီးဖရန်စစ်သည် သမ္မာကျမ်းပညာရှင်ကြီး ကာဒီနယ် Albert Vanhoye ပျံလွန်ခြင်းကြောင့်စိတ်ထိခိုက်ခံစားရ

ရဟန်းမင်းကြီးဖရန်စစ်သည် သမ္မာကျမ်းပညာရှင်ကြီး ကာဒီနယ် Albert Vanhoye ပျံလွန်ခြင်းကြောင့်စိတ်ထိခိုက်ခံစားရ

ရဟန်းမင်းကြီးဖရန်စစ်သည် သမ္မာကျမ်းပညာရှင်ကြီး ကာဒီနယ် Albert Vanhoye ပျံလွန်ခြင်းကြောင့်စိတ်ထိခိုက်ခံစားရ

            ရဟန်းမင်းကြီးဖရန်စစ်သည် ဇူလိုင် (၂၉ ရက်၊ သက်တော် (၉၈) တွင်ပျံလွန်သွားခဲ့သော ပြင်သစ်ကာဒီနယ် Albert Vanhoye အားပြီးခဲ့သည့်သောကြာနေ့၊ ဇူလိုင် (၂၉) ရက်နေ့က သံကြိုးဖြင့်ဂါရ၀ပြု၀မ်းနည်းဆုတောင်းစာပေးပို့ခဲ့သည်။ ကာဒီ နယ်အားလည်း သမ္မာကျမ်းစာနှင့်ပတ်သက်လာလျှင် ‘အလွန် နှံ့စပ်ကျွမ်းကျင်သောသမ္မာကျမ်းစာပညာ’ ဟုလည်းဂုဏ်ပြုစကား မိန့်ကြားခဲ့သည်။ သူသည် ကာဒီနယ်များအားလုံးအနက် သက်တော်အကြီးရင့်ဆုံးလည်းဖြစ်သည်။ သံကြိုးစာထဲ၌ ‘ကာဒီနယ် ကြီး၏ ပျံလွန်သွားသည့်သတင်းကိုကြားသိလိုက်ရခြင်းကြောင့် သင်တို့နှင့်လည်းကောင်း၊ ဂျက်ဆွီစ်အသင်းတစ် ခုလုံးနှင့်လည်း ကောင်း၊ ကာဒီနယ်၏မိသားစု၀င်များ၊ ကာဒီနယ်ကိုသိကျွမ်းရင်းနှီးသူများနှင့်ချစ်ခင်လေးစားသောသူများအားလုံးနှင့်ထပ်တူခံ စားရပါကြောင်းနှင့်ချစ်ခင်လေးစားကြည်ညိုစရာကောင်းသော ဘုရားသခင်အားလည်းကောင်း၊ သာသနာတော်ကြီး အားလည်း ကောင်း အလွန်ရက်ရောသောစိတ်ဖြင့်ဆက်ကပ်အစေခံခဲ့သော ဤနောင်တော်ကြီးအတွက်လည်းဆုတောင်းပေးမည်ဖြစ် ကြောင်း၊ သူတော်စင်တစ်ပါးအနေဖြင့် သူ၏စိတ်အားထက်သန်လှသောလုပ်ဆောင်မှု များအတွက် ကျေးဇူးတင်နေမိပါသည်။ သူသည် စိန့်အီညှားရှို၏၀ိညာဉ်ရေးသားဟုဆိုသကဲ့သို့ အသင်အပြ၌အလွန်ကောင်းသောဆရာ၊ အလွန်စေ့စပ်သေချာသော သမ္မာကျမ်းစာပညာရှင်၊ ရှင်ရိုသေ၊ လူရိုသေရသောထက်ရှလှသည့် သမ္မာကျမ်းစာတက္ကသိုလ်၏ကျောင်းအုပ်လည်းဖြစ်ပြီး၊ ရဟန်းမင်းကြီးရုံး တော် (Roman Curia) ၌လည်း တွဲဖက်အမူတော်ထမ်းဆောင်ပေးသူ၊ သူသည်သင်ကြားခြင်း၌သာမဟုတ်။ ဟောပြောခြင်း၊ ထိန်းကျောင်းလမ်းပြရာ၌လည်း အလွန်စိတ်အားထက်သန်သူ၊ ဧ၀ဂေလိကျမ်းစာကို စိတ်နစ်၍ရှင်သန်စေလိုသူ ဖြစ်သည်’ ဟုထုတ်ဖော်ဂုဏ်ပြုထားပါသည်။

            သူ့အား ပြင်သစ်နိုင်ငံမြောက်ပိုင်း၊ Hazebrouck ၌ (၁၉၂၃၊ ဇူလိုင် ၂၄) ရက်နေ့တွင်မွေးဖွားခဲ့သည်။ (၁၉၄၁) အ သက် (၁၈) နှစ်၌ ဂျက်ဆွီစ်အသင်းသို့၀င်ရောက်ရန်အတွက် ကုန်းလမ်းလျှောက်၍ ပြင်သစ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းရှိ Le Vignau သို့သွားရောက်ခဲ့သူဖြစ်သည်။ ဤခရီးသည်သူလိုလူငယ်လေးတစ်ဦးအတွက် ထိုခေတ်ကာလအတွက် အလွန်ဘေးနီး သောခရီးတစ်ခုဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြင်သစ်နိုင်ငံ၏တစ်စိတ်တစ်ပိုင်းသည် နာဇီတို့၏နယ်ချဲ့ခြင်းကိုခံနေရချိန် ဖြစ်သည်။ ကာဒီနယ်သည်ထိုနယ်သို့ ပုန်းလျိုးကွယ်လျိုးဖြင့်သွားခဲ့ရသည်။ အကယ်၍သာဖမ်းဆီးရမိပါက သူ့အားလုံး၀နာဇီစ နစ်ကိုကျင့်သုံးသော ဂျာမဏီသို့ပို့ပစ်လိုက်မည်ဖြစ်သည်။ သူသည် ဖီလောဆိုဖီနှင့်သီဩလောဂျီဘာသာရပ်ကို ဘဲလ်ဂျီယံနိုင်ငံ၊ Enghien မြို့၌သင်ကြားခဲ့ရပြီး၊ (၁၉၅၄၊ ဇူလိုင် ၂၆) တွင် ထာ၀ရရဟန်းသိက္ခာကိုခံယူခဲ့ရသည်။

            သမ္မာကျမ်းစာ အထူးပြုလေ့လာရန်အတွက် (၁၉၅၆) ခုနှစ်တွင် ရောမသို့ပညာတော်သင်စေလွှတ်ခြင်းခံခဲ့ရသည်။ သူ သည် သမ္မာကျမ်းစာအထူးပြုသင်ကြားသောတက္ကသိုလ် (Biblicum) မှ‌ဒေါက်တာဘွဲ့ကိုရခဲ့သည်။ သူစာတမ်းပြုစုခဲ့သော ကျမ်း စာစောင်မှာ ‘ဟေဘရူးဩ၀ါဒစာ’ ဖြစ်သည်။ အလွန်ခက်ခဲနက်နဲသောစာစောင်ဖြစ်သည်။ ဂျက်ဆွီစ်တစ်ပါးအဖြစ် သူ၏တစ် သက်သစ္စာကို (၁၉၅၉၊ ဖေဖော်၀ါရီ ၂) ရက်နေ့၌ပြုခဲ့သည်။ (၁၉၆၂) ၌ သမ္မာကျမ်းစာဖြင့် သူဒေါက်တာဘွဲ့ရခဲ့သော (Biblicum) ၌ပင်ပရောဖက်ဆာအဖြစ်ပြန်လည်ခန့်အပ်ခြင်းခံခဲ့ရသည်။ ပညာရေးမှူးအဖြစ်လည်း (၁၉၆၉ မှ ၁၉၇၅) အထိ လည်းကောင်း၊ ကျောင်းအုပ်အဖြစ် (၁၉၈၄ မှ ၁၉၉၀) အထိထမ်းဆောင်ခဲ့သည်။ သူသည် (၁၉၇၉) ‘apostolic constitution Sapientia Christiana ’ ရေးဆွဲရာ၌လည်း ကော်မရှင်၏အဖွဲ့၀င်ဖြစ်ခဲ့သည်။ ရဟန်းမင်းကြီး၏ သမ္မာ ကျမ်းစာဆိုင်ရာကော်မရှင်တွင်လည်း အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ (၁၉၉၃) ခုနှစ်ကပုံနှိပ်ထုတ်ခဲ့‌ေ၀သော “The Interpretation of the Bible in the Church”၊ (၂၀၀၁) “The Jewish People and their Sacred Scriptures in the Christian Bible” တို့ကိုကူညီပုံဖော်ပေးခဲ့သည်။

            ခရစ်ယာန်များစည်းလုံးညီညွှတ်ခြင်းရရှိစေရုံးတော်၊ ကက်သလစ်ပညာရေးကော်မရှင်၊ ယုံကြည်ခြင်းဆိုင်ရာ သွန်သင်ချက်ရုံးတော်တို့၌ အတိုင်ပင်ခံအဖြစ်အမူတော်ထမ်းခဲ့သည်။ ပြင်သစ်ဘာသာစကားပြောသော ဥရောပအ နောက်ပိုင်း‌ဒေသမှ ဂျက်ဆွီစ်ဘုန်းတော်ကြီးများက ရဟန်းမင်းကြီး (ငြိမ်း) အနေဖြင့် ရဟန်းမင်းကြီး၏စာချွန်တော် ၌ကျမ်းအကိုးအကားများထည့်သွင်းဖော်ပြလိုသောအခါဖြစ်စေ၊ ကျမ်းစာနှင့်ပတ်သက်၍အငြင်းပွားစရာများဖြစ်ပေါ် လာလျှင် ကာဒီနယ်ကိုအမြဲခေါ်၍ဆွေးနွေးအကြံဉာဏ်တောင်းလေ့ရှိသည်ဟုဆိုပါသည်။ ရဟန်းမင်းကြီး (ငြိမ်း) သည် ကာဒီနယ်၏မနားမနေအလုပ်ကြိုးစားလုပ်သော၊ နှိမ့်ချသော၊ သာသနာတော်ကြီး၏ကောင်းကျိုးအတွက် သာကိုအစဉ်ထည့်သွင်းစဉ်းစားတတ်သောသူစိတ်နေသဘောထားကို အလွန်သဘောကျနှစ်သက်ခဲ့သည်။

            (၂၀၀၆၊ ဖေဖော်၀ါရီ ၂၂) ၌ ရဟန်းမင်းကြီး (ငြိမ်း) သည်သူ့အားကာဒီနယ်အဖြစ်ရွေးချယ်ခဲ့သည်။ ရဟန်း မင်းကြီး (ငြိမ်း) က ဂျက်ဆွီစ်အသင်းသားများသည် “a great exegete” (ဂျက်ဆွီစ်တို့သည် သမ္မာကျမ်းစာအ နက်ပြန်ရာ၌ကျွမ်းကျင်သူ) ဟုတင်စားချီးမွှမ်းခဲ့သည်။ သူ့အားကာဒီနယ်အဖြစ်သက်တော် (၈၀) ကျော်မှရွေးချယ် လိုက်သည်မှာလည်း သာသနာအတွက် ပေးဆက်လွန်းသော၊ သစ္စာရှိလွန်းသော၊ စံထားလောက်သောသူ၏ဆက် ကပ်မူကြောင့် လေးစားလွန်းသောကြောင့်ဖြစ်ကြောင်း’ ရဟန်းမင်းကြီး (ငြိမ်း) ကမိန့်ကြားခဲ့သည်။   

            ကာဒီနယ်အဖြစ် (၂၀၀၆၊ မတ်လ ၂၄) ရက်နေ့တွင်ရွေးချယ်ခံခဲ့သော်လည်း ကာဒီနယ်တစ်ဦးမဖြစ်လာမည်။ဆရာတော်သိက္ခာထပ်ရန်မလိုသောထူးခြားသည့်အခွင့်အရေးကိုရရှိခဲ့သည်။ (၂၀၀၈) ၌ ရဟန်မင်းကြီး (ငြိမ်း) သည် သူ့အား ရဟန်းမင်းကြီးနှင့်လုပ်ဖော်ဆောင်ဖက်များ ‘၀ါတွင်းကာလ’ ၌ နှစ်စဉ်ပြုလုပ်လေ့ရှိသော ‘နှစ်ပတ်လည်၌ဥပုသ်စောင့်ရာတွင် “ တရားပေးသူအဖြစ်လည်းဖိတ်ခေါ်ခဲ့ဖူးသည်။ ထိုစဉ်ကတရားပေးရာတွင် ကာဒီနယ်က သူ၏တရားကို ဟေဘရူးဩ၀ါဒစာတွင်ဖော်ပြထားသော ‘ယေဇူးသခင်၏ ရဟန်းအဖြစ်တော်’ ကိုထောက်ရှု့ တရားပြခဲ့ သည်။ 

            ဗာတီကန်၏သတင်းစာဖြစ်သော L’Osservatore Romano ၏တွေ့ဆုံမေးမြန်းချက်တစ်ခု၌ ‘ဟေဘရူးဩ၀ါဒစာသည် ခရစ္စတူးသခင်၏ ရဟန်းအဖြစ်တော်ကိုကွင်းကွက်လင်းလက်စွာဖော်ပြသည့်တစ်စောင်တည်းသောဩ ၀ါဒစာဖြစ်သည်’ ဟု‌ဖြေကြားခဲ့ဖူးသည်။ ကျမ်းရေးသူက ခရစ္စတူးသခင်၏ရဟန်းအဖြစ်တော်ကိုဖော်ပြရာတွင် ‘archierèus’ဝေါ်ဟာရကိုသုံးထားသည်။ ဤအသုံးနှုန်း၏ဆိုလိုရင်းကာ“priest-head” ‘ရဟန်းခေါင်ချုပ်’ ဟုဆို လိုသည်။ ဤအသုံးအနှုန်းသည် ခရစ္စသခင်၌ရှိနေသော ရဟန်းအဖြစ်တော်ကို ပြည်၀စွာဖော်ပြနေသည်။ ခရစ္စတူး သခင်သည် ဘုရားနှင့်လူကြားပေါင်းကူးပေးသူဖြစ်သည်။ သူကျွန်ုပ်တို့ကို ခမည်းတော်ဘုရားနှင့်ပေါင်းစည်းပေးသည်။ ကာဒီနယ်၏စျာပနအခမ်းအနားကို ကာဒီနယ်အဖွဲ့ချုပ်ကြီး၏ ဒုတာ၀န်ခံကာဒီနယ် Leonardo Sandri ကဦး ဆောင်၍ စိန့်ပီတာဘုရား‌တော်ကြီးတွင် ဇူလိုင်လ (၃၁) ရက်၊ နံနက် (၁၁) ကပူဇော်ပေးခဲ့သည်။ ယခုကာဒီနယ်ပျံ လွန်သွားခြင်းကြောင့် သက်ရှိထင်ရှားသောကာဒီနယ် (၂၂၀) ပါးသာကျန်ရှိပြီး၊ ၄င်းတို့အနက် ရဟန်းမင်းကြီးတင် မြောက်ရာတွင်မဲပေးပိုင်ခွင့်ရှိသော ကာဒီနယ် (၁၂၃) ပါးသာရှိသည်။ 

 

Vartican News - https://bit.ly/3xfBBdn

ဘာသာပြန်- ဖာသာရ်ကလေးမင့်အားတယ်

#rvamyanmar #rvapastoralcare #rvanews #cardinal

 

 

Add new comment

2 + 10 =