ရဟန်းမင်းကြီးဖရန်စစ်သည် သက်တော် (၈၆) နှစ်ပြည့်သူနှင့်မတူအောင်သန်စွမ်းဟုသူ၏ခွဲစိတ်ဆရာ၀န်ပြော

ရဟန်းမင်းကြီးဖရန်စစ်သည် သက်တော် (၈၆) နှစ်ပြည့်သူနှင့်မတူအောင်သန်စွမ်းဟုသူ၏ခွဲစိတ်ဆရာ၀န်ပြော

ရဟန်းမင်းကြီးဖရန်စစ်၏အူခွဲစိတ်မှုကိုတာ၀န်ခံသောဆရာ၀န်ကြီးမှာ Sergio Alfieri ဖြစ်ပါသည်။ ရဟန်းမင်းကြီးသည် စီစဉ်ထားသည့်ခရီးစဉ်များကို မကြာမီပြန်လည်စတင်နိုင်မည်ဖြစ်သည်။ ပထမဦးဆုံးခရီးစဉ်အဖြစ် ခွဲစိတ်မှုခံယူပြီးနှစ်လမပြည့်မီ ကမ္ဘာ့လူငယ်များနေ့အခမ်းအနားနှင့်မွန်ဂိုးလီးယားနိုင်ငံသို့တမန်တော်ခရီးကြွရောက်မည်ဖြစ်သည်။

ခွဲစိတ်ဆရာန်က ရဟန်းမင်းကြီးဖရန်စစ်၏ကျန်းမာရေးအခြေအနေသည် မှတ်ပုံတင်အရ သက်တော် (၈၆) နှစ်ပြည့်ပြီဖြစ်သော်လည်း ထိုသို့မထင်ရ။ အကယ်၍ရဟန်းမင်းကြီးနှင့်အနီးကပ်နေခွင့်ရခဲ့မည် ဆိုပါလျှင် သူ၏ဦးနှောက်လုပ်ဆောင်ချက်များသည် သက်တော် (၆၀) ရှိသူတစ်ဦး၏ဦးနှောက်မျိုးရှိနေသေးသည်။ ရဟန်းမင်းကြီးသည်သက်သာလာပြီဖြစ်သော်လည်း ခွဲစိတ်ဆရာ၀န်က ရဟန်းမင်းကြီးအား တစ်ပတ် ခန့်နားနားနေနေနေရန်လျှောက်ထားသောကြောင့် ရဟန်းမင်းကြီသည်ဆေးရုံ၌ဆက်လက်ရှိနေသေးသည်။ ရဟန်းမင်းကြီး၏အသက်အရွယ်ဖြင့် ဆေးရုံဆင်း၍သီတင်းသုံးရာကျောင်းတိုက်သို့ပြန်ကြွသွားသော်လည်း သူ၏အသက်အရွယ်ရှိသက်ကြီးလူနာတစ်ဦးကဲ့သို့ အေးအေးလူလူဖြင့် ရုပ်သံကြည့်လိုက်၊ သက်တောင့်သက် သာနေမည့်သူမဟုတ်။ ရဟန်းမင်းကြီးသည် သာသနာတော်ကြီးတစ်ခုလုံးကိုဦးဆောင်ရသူဖြစ်သည်။ တစ်နည်းဆိုသော် သန်းနှင့်ချီသောသူတို့ကိုဦးဆောင်ရသူဖြစ်သည်။ သူသည် သာမန်လူတစ်ဦးဘ၀၌ ပင်စင်ယူရမည့်အသက်အရွယ်ဖြစ်သည် သက်တော် (၈၆) နှစ်ပြည့်ပြီဖြစ်သော်လည်း အလွန်အရေးကြီးပြီး လေးလံသောအမှုတော်ကိုထမ်းဆောင်နေရသူဖြစ်သည်။ ထို့ကြောင့် ယခုထက်ပိုမို၍သက်သာသန်မာလာရန်လိုသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ယခင်တစ်ခေါက်ဆေးရုံတက်စဉ်က ဆေးရုံ၌ရှိနေစဉ်၌ပင် တနဂ်နေနွေ နေ့၌ ဆေးရုံ၏စကြန်၌ထွက်၍ ‘အန်ဂျေလူး’ ဆုတောင်းမေတ္တာကိုရွတ်ဆိုဆုတောင်းခဲ့သကဲ့သို့မပြုလုပ်ရန် ခွဲစိတ်ဆရာ၀န်လျှောက်ထားသည်။ ရဟန်းမင်းကြီးအနေဖြင့် လှုပ်ရှားမှုနည်းနိုင်သမျှနည်းအောင်သတိထားနေရန်လိုအပ်သည်။ သတိမထားဘဲ လှုပ်ရှားမှုများသွားပါနောက်ဆက်တွဲဆိုးကျိုးအဖြစ်ထပ်မံခွဲရဖွယ်ဖြစ် လာနိုင်သည်။ အချို့သောသတင်းများ၌ ရဟန်းမင်းကြီးဖရန်စစ်သည် နှလုံးပြသာရှိသည်ဟုရေးသားပြောဆိုမှုကိုမူ ဆရာ၀န်ကပြတ်ပြတ်သားသားငြင်းလိုက်သည်။ ရဟန်းမင်းကြီးသည် ယခုအခါ အရည်ဆွမ်းသာဘုန်းနေရာမှအဖတ်များအနည်းငယ်ပါသောအရည်များကိုလည်းဘုန်းနိုင်ပြီဖြစ်ကြောင်းခွဲစိတ်ဆရာ၀န်ကပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3CBc5Et

Add new comment

5 + 8 =