ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၃) ၌ အရှေ့တီမောသို့တမန်တော်ခရီးကြွရောက်ဖွယ်ရှိ

Vatican Deputy Secretary of State Archbishop Edgar Pena Parra (L) and Prime Minister Taur Matan Ruak (R) of East Timor visit the Timorense Resistance Museum Archive on September 22, 2022. (Photo supplied)

ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၃) ၌ အရှေ့တီမောသို့တမန်တော်ခရီးကြွရောက်ဖွယ်ရှိဟုဆို

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လာမည့်နှစ် (၂၀၂၃) တွင် အရှေ့တီမောနိုင်ငံသို့ တမန်တော်ခရီး ကြွရောက်နိုင်ကြောင်းကို ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Edgar Pena Parra က စက်တင်ဘာ (၂၂) ရက်နေ့ကပြောကြားခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်သည် စက်တင်ဘာ (၁၉-၂၃) ရက်နေ့အထိ အရှေ့တီမော၌တရား၀င်ရောက်ရှိနေသည်။ ဤခရီးစဉ်၌ပင် သူက ရဟန်းမင်းကြီးဖရန်အ နေဖြင့် လာမည့်နှစ် (၂၀၂၃) တွင်အ‌ရှေ့တီမောသို့ကြွရောက်ရန်ဆန္ဒရှိသည့်အကြောင်းကိုထပ်မံပြော ကြားခဲ့သည်။ အမှန်မှာ ရဟန်းမင်းကြီးသည် (၂၀၂၀) က အရှေ့တီမောသို့ကြွရောက်ရန်စီစဉ်ပြီးဖြစ်သော် လည်း ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့်ယနေ့ထိရွေ့စိုင်းထားရသည်။

ရဟန်းမင်းကြီးအနေဖြင့် အရှေ့တီမောသို့ကြွရောက်ရန်အလွန်ဆန္ဒရှိလှသော်လည်း ခရီးစဉ်ကို အသေးစိပ်မစီစဉ်ရသေးကြောင်း၊ လာမည့်နှစ်၌ အဘယ်သို့စီစဉ်နိုင်မည်ကိုထည့်သွင်းစဉ်းစားနေကြ ကြောင်းပြောကြားခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်သည် စက်တင်ဘာ (၂၂) ရက်နေ့က အရှေ့တီမောနိုင် ငံ၏ သမိုင်း၀င်ပြတိုက်များသို့သွားရောက်လေ့လာခဲ့သည်။ သူသည် ရဟန်းမင်းကြီးကိုယ်စားလှယ် (Apostolic Nunciature သံအမတ်) ရုံးကိုလည်း မြို့တော် Deli ၌ဖွင့်လှစ်ခဲ့သကဲ့သို့ ‘Center for Human Fraternity Timor-East for World Peace and Common Coexistence’ (ငြိမ်းချမ်းရေးနှင့်အတူတကွဘုံယှဉ်တွဲ နေထိုင်သော အရှေ့တီမောနိုင်ငံ၏လူသားညီအစ်ကိုများဆိုင်ရာဌာန) ကိုလည်းပါ၀င်ခဲ့သည်။

လူတို့၌ ထောက်တိုင်နှစ်ခုရှိကြောင်း၊ တစ်ခုမှာယုံကြည်ခြင်း - ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်သည်။ ယုံကြည် ခြင်းသည် ကျွန်ုပ်တို့ဘ၀၏စက်တစ်လုံးဖြစ်သည်။ ထို့အတူ ၄င်းနှင့်ယှဉ်၍လည်းထောက်တိုင်အခြားတစ် ခုရှိကြောင်း၊ ထိုထောက်တိုင်မှာလက်တွေ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ကောင်းသော အရာများကိုလုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။ လုပ်ဆောင်မှုမပါသောယုံကြည်ခြင်းသည် အသေဖြစ်သည်ဟုဗင်နီဇွဲလားဂိုဏ်းချုပ်ဆရာတော်က ပေါ်တူဂီသတင်းဌာနမှသတင်းထောက် Lusa အားဖြေကြားခဲ့သည်။

ဩဂုတ်လ (၂၇) ရက်နေ့ကကျင်းပခဲ့သော ရဟန်းမင်းကြီးဖရန်စစ်၏ (၈) ကြိမ်မြောက် အစည်း အဝေး၌ ရဟန်းမင်းကြီးဖရန်စစ်သည် အရှေ့တိမောနိုင်ငံအတွက် ပထမဦးဆုံးကာဒီနယ်အဖြစ် မြို့ တော် Dili ၏ဂိုဏ်းချုပ်ဆရာတော် D. Virgil of Carmo da Silva အားရွေးချယ်တင်မြောက်ပေးခဲ့သည်။ ယခု ကဲ့သို့ နိုင်ငံ၏ပထမဦးဆုံးကာဒီနယ်အဖြစ်ရဟန်းမင်းကြီး၏ရွေးချယ်တင်မြောက်ပေးခြင်းသည် နိုင်ငံအ နေဖြင့်သော်လည်းကောင်း၊ နိုင်ငံသားများအနေဖြင့်သော်လည်းကောင်းရွေးကောက်တင်မြောက်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်သည် နိုင်ငံအတွင်းရှိ သာသနာကဦးဆောင်၍လုပ်ဆောင်နေ သော လူမှုရေးလုပ်ငန်း၊ ကရုဏာရေးလုပ်ငန်းများစွာသို့လည်းသွားရောက်လည်ပတ်ခဲ့ပြီး၊ နိုင်ငံတော် သမ္မတ José Ramos-Horta နှင့်လည်းတွေ့ဆုံခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3dDY1kK

Add new comment

8 + 2 =