ရဟန်းမင်းကြီးဖရန်စစ်သည် ရောမမှနွမ်းပါးချို့တဲ့သူများနှင့်နေ့လယ်ဆွမ်းလက်ဆုံသုံးဆောင်ခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ရောမမှနွမ်းပါးချို့တဲ့သူများနှင့်နေ့လယ်ဆွမ်းလက်ဆုံသုံးဆောင်ခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် နို၀င်ဘာလ (၁၃) ရက် တနင်္ဂနွေနေ့မစ္ဆားပူဇော်အပြီး ရဟန်မင်းကြီး (၆) ခန်းမအတွင်း၌ ရောမမြို့မှနွမ်းပါးချို့တဲ့သူ (၁၃၀၀) ဦးခန့်နှင့်အတူ နေ့လယ်စာအတူသုံးဆောင်ခဲ့သည်။ အမိကက်သလစ်သာသနာတော်ကြီးသည် နှစ်စဉ်၀တ်ပြုခြင်း၏ (၃၃) ကြိမ်မြောက်တနင်္ဂနွေနေ့ကို ‘ကမ္ဘာ့ချို့တဲ့နွမ်းပါးသူများနေ့’ အဖြစ်သတ်မှတ်၍ ချို့တဲ့နွမ်းပါးသူများအား မေ့မထားကြရန်နိူးဆော်လျှက်ရှိသည်။ ဤနေ့ကို (၂၀၁၆) ခုနှစ်ကစတင်သတ်မှတ်ကျင်းပခဲ့ရ ယခုနှစ်သည် (၆) ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။ ဤနေ့လယ်စာကို ရဟန်းမင်းကြီး၏ဧ၀ံဂေလိသတင်းကောင်းပြန့်ပွှားရေးရုံးတော်နှင့်ရော မမှစိန့်အေဂျီးဒီအိုကရုဏာရေးအဖွဲ့တို့မှစီစဉ်ပေးခဲ့သည်။

စာရင်းအရ အီတလီနိုင်ငံအတွင်း နွမ်းပါးချို့တဲ့သောစာရင်း၀င်သူဦးရေ (၅.၆) သန်းရှိသည်ဟုဆိုသည်။ ၄င်းတို့အနက် (၁.၄) သန်းမှာကလေးများဖြစ်ကြသည်။ ယခုအချိန်ကာလကဲ့သို့ စီးပွားရေးကြပ်တည်းချိန်မျိုး၌ စား၀တ်နေရေးခက်ခဲသောပြည်သူများအား ယေဇူးသခင်ပြသခဲ့သောချစ်ခြင်းမေတ္တာကိုပြသစေရန်၊ ထိုနေ့၌ပင် စိန့်ပီတာရင်ပြင်၌ ချို့တဲ့သူများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးမည့်ရွေ့လျှားဆေးခန်းတစ်ခုကိုလည်းဖွင့်လှစ်ခဲ့သည်။ ဤ၀န်ဆောင်မှုကို ကိုးဗစ် (၁၉) မဖြစ်ပွားမီကပေးနေခဲ့သော်လည်း အဆိုပါရောဂါဆိုးကြောင့်ရပ်နားထားခဲ့ရာမှ လုပ်အားပေး၀န်ထမ်းများ၏ဆက်ကပ်မှုဖြင့်ပြန် လည်ပတ်နိုင်ခြင်းဖြစ်သည်။

အခြားအစီအစဉ်တစ်ခုမှာ ချို့တဲ့နွမ်းပါးမိသားစု (၅၀၀၀) အတွက် ရောမမြို့အနှံ့ရှိကျောင်းထိုင်များသီတင်းသုံးရာကျောင်းများနှင့်ချိပ်ဆက်၍ ထမင်ထုပ်များ‌ေ၀ဌပေးသွားမည်ဖြစ်သည်။

အီတလီနိုင်ငံ မှ Elite စူပါမားကက်ကုမဏီမှမီးဖိုချောင်အတွင်းလိုအပ်သောအခြေခံစားသောက်ကုန်များဖြစ်သောပါစတာ (၁၀) တန်၊ ဆန် (၅)၊ ဂျုံ၊ သိကြား၊ ဆား၊ ကော်ဖီ၊ ဆီ (၅) ထောင်လီတာနှင့်နို့များကိုလှူဒါန်ပေးထား သည်။ ထို့အတူ အီတလီနိုင်ငံ၏အာမခံလုပ်ငန်းကုမဏီတစ်ခုဖြစ်သော ‘UnipolSai Assicurazioni’ ကလည်းဓာတ်ငွေ့နှင့်လျှပ်စစ်မီတာခများကိုလည်း မတတ်နိုင်သူများကိုကူညီပေးဆောင်ပေးမည်ဖြစ်ကြောင်းမင်္ဂလာသင်းသောသတင်းကိုကြားသိရပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3tEAV1R

Add new comment

2 + 2 =