ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်း၀ါတော် (၄၀) ကျော်သောရဟန်းတော်များနှင့်တွေ့ဆုံမည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်း၀ါတော် (၄၀) ကျော်သောရဟန်းတော်များနှင့်တွေ့ဆုံ

ရဟန်းမင်းကြီးသည်လည်း ကမ္ဘာပေါ်ရှိ ကာဒီနယ်၊ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ဆရာတော်များကဲ့ သို့ပင် သာသနာပိုင်သောဆရာတော်တစ်ပါးဖြစ်သည်။ သူပိုင်သောသာသနာမှာ ရောမဂိုဏ်းချုပ်သာသနာဖြစ်သည်။ ဤသို့ဆို၍ ကမ္ဘာတစ်၀ှမ်းလုံးရှိကက်သလစ်သာသနာကိုဆိုလိုခြင်းမဟုတ်သေးပေ။ ရောမဂိုဏ်း ချုပ်သာသနာကိုသာညွှန်းဆိုခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ သာသနာပိုင်ဆရာတော်ကြီးတို့၏လုပ် ပိုင်ခွင့်နှင့်စပ်လျင်း၍မိန့်ကြားရာ၌ ‘ကျွန်ုပ် ရောမသာသနာပိုင်အနေဖြင့် ….’ ဟုသုံးနှုန်းလေ့ရှိသည်။ ကမ္ဘာတစ်၀ှမ်းရှိသာသနာအဆင့်၌သာ ရဟန်းမင်းကြီးဟုခွဲခြားသုံးနှုန်းလေ့ရှိသည်။

ရဟန်းမင်းကြီးဖြစ်လာသူတိုင်းသည် အလိုလိုရောမဂိုဏ်းချုပ်သာသနာပိုင်ဖြစ်လာရသည်။ ထို့ကြောင့် ရဟန်းမင်းကြီးဖရန်စစ်သည်လည်း သူ၏သာသနာဖြစ်သော ရောမဂိုဏ်းချုပ်သာသနာသို့တမန်တော်ခရီးကြွရောက်ခြင်းဖြစ်သည်။ သူကြွရောက်မည့်အကြောင်းကို ဘာသာတူများအားကြိုတင်အသိပေးကြေညာထားခဲ့သည်။ ထို့ကြောင့် ရဟန်းမင်းကြီးအားတွေ့ဆုံလိုသူများစွာ သူ့ထံလာရောက်တွေ့ဆုံခဲ့ကြသည်။ ‘ကျွန်တော်၊ ကျွန်တော်မတို့ဟာ ရဟန်းမင်းကြီးနဲ့အမြဲရပ် တည်တယ်။ ရဟန်းမင်းကြီးကိုအရမ်းချစ်ကြည်ညိုတယ်’ ဟုဖြေဆိုခဲ့သည်။

ရဟန်းမင်းကြီးသည် ယခုကဲ့သို့ကြွရောက်စဉ်၌ ရောမသာသနာအတွင်းအမှုတော်ထမ်းနေသော ရဟန်း၀ါတော် (၄၀) ကျော်ပြီဖြစ်သောရဟန်းတော်များကိုတွေ့ဆုံသည်။ ဤသို့တွေ့ဆုံရာ၌ ရဟန်း၀ါတော် (၇၀) ရှိပြီဖြစ်သောရဟန်းတစ်ပါးနှင့်လည်းတွေ့ဆုံခဲ့သည်။ အဆိုပါရဟန်းတော်၏သက်တော်မှာ (၉၅) နှစ်ရှိပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် ဤရဟန်းတော်ကြီးများအနှင့် (၂) နာရီခန့်မျှအချိန်ယူ စကားပြောဆိုခဲ့သည်။ ဤတွေ့ဆုံရာ၌ တမန်တော်လုပ်ငန်းအကြောင်း၊ ၄င်းတို့တွေ့ကြုံရသောအခက်အခဲ၊ ဥပမာအားဖြင့် အထီးကျန်ခြင်းတို့ကဲ့သို့သောအခြေအနေမျိုးဖြစ်သည်။

ရဟန်းမင်းကြီးသည် ရဟန်းတော်များနှင့်တွေ့ဆုံပြီးနောက် အခြားတွေ့ဆုံလိုသောဘာသာတူများနှင့်လည်းအချိန်ပေးတွေ့ဆုံခဲ့သည်။ ၄င်းတို့အနက် အမျိုးသား (၇၀) ဦးခန့်၊ ကလေး (၁၀၀) ဦးကျော် ရဟန်းမင်းကြီးဖရန်စစ်နှင့်စကားပြောရင်းကုန်ဆုံးဖြတ်သန်းခဲ့ကြသည်။ အဆိုပါကလေးအများပိုင်းမှာ ပထမ ကိုယ်တော်မြတ်အတွက်ပြင်ဆင်နေကြသူများဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအဖြစ်အမှုတော်မထမ်းဆောင်မီကပင် ဘာသာတူသိုးများနှင့်အနေနီးပြီး ရင်းနှီးသူအဖြစ်ကျော်ကြားသည်။ ထို့အတူ ရဟန်းမင်းကြီးအမှုတော်ထမ်းဆောင်သည့်အချိန်မှစ၍ ယခုကဲ့သို့သောအစီအစဉ်ကို မကြာခဏစီစဉ်၍ရောမဂိုဏ်းချုပ်သာသနာအတွင်းရှိသာသ နာနယ်များဆီသို့သွားရောက်လေ့ရှိသည်။

ဤသို့သာသနာနယ်များသို့သွားရာတွင် သာသနာနယ်အတွင်းအမှုထမ်းနေသောရဟန်းများ ၏ရဟန်း၀ါများကိုလည်းမေးမြန်းလေ့ရှိသည်။ လာမည် (မေ ၂၉) ၌ ဆယ်နှစ်အတွင်း ရဟန်းသိက္ခာထပ်ထားသောရဟန်းတော်များနှင့်တွေ့ဆုံရန်စီစဉ်ထားသည်။ နောက်တစ်သုတ်မှာ (၁၉၈၄ – ၂၀၁၄) အတွင်းရဟန်းသိက္ခာထပ်ထားသောရဟန်းတော်များနှင့်တွေ့ဆုံမည်ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://shorturl.at/2zQLk

Add new comment

1 + 10 =