ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမူတော်ထမ်းဆောင်ခဲ့သည် (၅) နှစ်မြောက်နှစ်ပတ်လည်ကျင်းပ

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမူတော်ထမ်းဆောင်ခဲ့သည် (၅) နှစ်မြောက်နှစ်ပတ်လည်ကျင်းပ

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမူတော်ထမ်းဆောင်ခဲ့သည် (၅) နှစ်မြောက်နှစ်ပတ်လည်ကျင်းပ

            ယခုနှစ်သည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရသည်မှာ (၅) နှစ်မြောက်ပြီ ဖြစ်သည်။ ထိုထူးခြားသောနှစ်ပတ်လည်နှစ်၌ ရဟန်းမင်းကြီးသည် လစဉ်လူသားထုတစ်ရပ်လုံးနှင့်အမိသာသနာကြီး တစ်ခုလုံးအတွက်ဆုတောင်းရာ၌ရည်ရွယ်ချက်ထားရှိ၍ ကမ္ဘာတစ်၀ှမ်းမှဘာသာတူများနှင့်အတူဆု‌တောင်းလေ့ရှိရာ ယခုနှစ်မှစ၍ ဖိလစ်ပိုင်နှင့် Maya-Q'eqchi ဘာသာစကားနှစ်ခုကိုလည်း ထည့်သွင်းဆုတောင်းသွားမည်ဖြစ်သည်။ ထို့ ကြောင့်ယခုအခါ ရဟန်းမင်းကြီး၏ဆုတောင်းရာ၌ထားရှိသောရည်ရွယ်ချက်ကို ဘာသာစကား (၂၃) မျိုးဖြင့်ထုတ်လွှင့် တော့မည်ဖြစ်သည်။

            ဤအစီအစဉ်ကို ရဟန်းမင်းကြီး၏ ကမ္ဘာသို့ထုတ်လွှင့်သောဆုတောင်းခြင်းကွန်ရက်မှ (၂၀၁၆) ကပင် ဘာသာစကား (၉) မျိုးဖြင့်ထုတ်လွှင့်ခဲ့သည်။ ထိုဘာသာစကားများမှာ စပိန်၊ အဂ်လိပ်၊ ပေါ်တူဂီ၊ အီတာလီ၊ ပြင်သစ်၊ ဂျာမ ဏီ၊ ဒက်ချ်၊ အာရာဘီနှင့်တရုတ်ဘာသာစကားများဖြင့် ဖြစ်သည်။ ထုတ်လွှင့်မူကြာမြင့်လာသည်နှင့်အညီ အစီအစဉ်ကို တိုးချဲ့ကာ နောက်ပိုင်း၌ဗီယက်နမ်၊ တရုတ်ဘာသာစကားနောက်တစ်မျိုး၊ ပိုလန်၊ ဆွာဟီလိ၊ ကင်ညာ၊ ကာတလန်၊ လီသူးနီးယား၊ စလိုဗေးနီးယား၊ ဟိန္ဒီ၊ ရုရှား၊ ကိုးရီးယားနှင့်ဂျပန်စကားတို့ကိုထည့်သွင်းထုတ်လွှင့်ခဲ့သည်။ ယခုနှစ်၌မူ အထက်ကဆိုခဲ့သောဘာသာစကားနှစ်မျိုးကို အစီအစဉ်၌ထပ်မံထည့်သွင်းလိုက်ခြင်းဖြစ်သည်။ 

        ဤအစီအစဉ်ကို လူမူကွန်ရက်မှ လူပေါင်း (၁၅၅) သန်းကျော်ကြည့်ရူသည်။ ယနေ့ထုတ်လွှင့်သောဗွီဒီယိုသတင်းစ ကား၌ ရဟန်းမင်းကြီးက နိုင်ငံရေးအလွန်အကဲစပ်နေသော၊ အလွန်ခက်ခဲနေသောနိုင်ငံများအတွက်လည်းကောင်း၊ လူ သတ်လက်နက်ကင်းမဲ့သောနိုင်ငံဖြစ်လာစေရန်လည်းကောင်း၊ လူသားချင်းစာနာသောအကူအညီပေးမည့်ရံပုံငွေများပိုမို ရရှိရန်အတွက်ဆုတောင်းကြရန်တိုက်တွန်းထားသည်။ ထုတ်လွှင့်လိုက်သောသတင်းစကားကို နိုင်ငံတကာစာစောင် ပေါင်း (၁၇၅၀၀) ၌ကိုးကားဖော်ပြထားသည်။

        ‘ရဟန်းမင်းကြီး၏မိန့်ဆိုချက်များကို သင့်ဘာသာစကားဖြင့်နားလည်ရန် လိုအပ်သည်။ ရဟန်းမင်းကြီး၏မိန့်ခွန်းသည် ဘာသာစကားအမျိုးမျိုး၊ မတူညီသောယဉ်ကျေးမူများဆီသို့ ရောက်ရှိ သည်။ ဆုတောင်းခြင်းသည် အမိသာသနာတော်ကြီးအဓိကသာသနာပြုအမူတော်ဖြစ်ကြောင်း၊ ဆုတောင်းခြင်းသည် ချစ်ခြင်း၌ ခမည်းတော်ဘုရားနှင့်ဆက်သွယ်ခြင်းဖြစ်ကြောင်း၊ ဤဆက်သွယ်မူသည် အလွန်လေးနက်အတွင်းကျပြီး၊ ဘာသာစကားတစ်မျိုးတည်းဖြင့် စကားပြောဆိုခြင်းလောက်ကောင်းသောအမူမရှိကြောင်း၊ အဘယ်အရာနှင့်ခိုင်းနှိုင်းရမည် နည်းဟုမူကား ယေဇူးသခင်သည် သူ၏ခမည်းတော်ဘုရားကို ‘အဗ္ဗ - အဘ’ ဟုခေါ်တခဲ့သကဲ့သို့ဖြစ်ပေမည်ဖြစ်ကြောင်း ရဟန်းမင်းကြီး၏အပြည်ပြည်ဆိုင်ရာဆုတောင်းခြင်းကွန်ရက်တာ၀န်ခံ Fr Frédéric Fornos S.J ကပြော ကြားခဲ့သည်။ ဤ အစီအစဉ်ကိုဖော်ဆောင်ရန်မှာ ကမ္ဘာတစ်၀ှမ်းလုံးမှ ရရှိသောအလှူဖြင့်လည်ပတ်နေခြင်းဖြစ်သည်။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ffz4tT

Add new comment

4 + 8 =