ရဟန်းမင်းကြီးဖရန်စစ်သည် မြန်မာ၊ ယူကရိန်းနှင့်ကမေရွန်နိုင်ငံ၏ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြရန်တိုက်တွန်း

Pope Francis invokes the Queen of Peace during Angelus in Matera (Vatican Media)

ရဟန်းမင်းကြီးဖရန်စစ်သည် မြန်မာ၊ ယူကရိန်းနှင့်ကမေရွန်နိုင်ငံ၏ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြရန်တိုက်တွန်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ယမန်နေ့တနင်္ဂနွေနေ့မွန်းတည့်ချိန် အန်ဂျေလူးဆုတောင်းမေတ္တာ မရွတ်ဆိုမီ မတရားအကြမ်းဖက်မှု၊ ပြည်သူများအားဥပဒေမဲ့သတ်ဖြတ်ခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးမှုများ ဆက်လက်ဖြစ်ပွားနေသည့် မြန်မာပြည်သူတို့၏ဒုက္ခအ၀၀ကို မေ့မထား၊ လစ်လျူမရူကြရန်ပန်ကြားခဲ့ သည်။ ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံအတွက်စိတ်ပူရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အလွန်မြင့် မြတ်သောနိုင်ငံသည် လက်နက်များဖြင့်ပစ်ခတ်မှုများ၊ အကြမ်းဖက်မှုများကြောင့် ပြည်သူ့သွေးများ မြေ ခလာခဲ့သည်မှာ နှစ်နှစ်ပင်ကျော်လာပြီဖြစ်သည်။ ယခုတစ်ပတ်၌ ကလေးများပင်လျှင် ဗုံးဖြင့်ပစ်ခတ် ဖောက်ခွဲမှုကြောင့် ကလေးငယ်များဖြင့်အသက်ဆုံးရှုံးကြရ၍ နာကြင်ငိုကြွေးသံများကိုကြားနေရသည်။ သိမ်ငယ်ဆုံးသောသူတို့၏ငိုကြွေးသံကိုကြားကြပါစေ။ ဤသို့လူမဆန်သောလုပ်ရပ်မျိုးနောက်ထပ်ဖြစ် ခွင့်မပြုရဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောပါတီ သောင်ပြိုကမ်းပြိုအနိုင်ရပြီး ဖေဖော်၀ါရီလ (၁၊ ၂၀၂၁) စစ်တပ်မှမတရားအာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ မြန်မာပြည်သူထောင်ချီစစ်တပ်၏ရက်ဆက် စွာသတ်ဖြတ်မှုကိုခံနေခဲ့ရသည်။ ကုလ၏ကျွမ်းကျင်သူများသုံးသပ်သည့်အတိုင်း နိုင်ငံကိုပြည်တွင်းစစ်ထဲ သို့ဆွဲထည့်ပြီး လူထောင်သောင်းကိုသတ်လျှက်ရှိသည်။

Ukraine ယူကရိန်

း ရဟန်းမင်းကြီးဖရန်စစ်က ဆက်လက်၍ ယူကရိန်းနိုင်ငံ၏အခြေအနေနှင့်စပ်လျင်း၍ စိုးရိမ်နေ ရပြီး၊ ယူကရိန်းပြည်သူများနှင့်နီးကပ်စွာရှိနေကြောင်း၊ ခုနှစ်လတာကြာညောင်းလာပြီဖြစ်သောစစ်ကို အဖြေရှာကြရန်တိုက်တွန်းလိုက်သည်။ ငြိမ်းချမ်းခြင်းမယ်တော်၏ ထပ်ဆင့်ဆုတောင်းပေးခြင်းကိုလည်း တောင်းခံပြီး၊ မတရားမှုကို တိုက်ခိုက်တွန်းလှန်နေသော ယူကရိန်းပြည်သူတို့ကို အားပေးနှစ်သိမ့်ရန်၊ နိုင် ငံတကာမှခေါင်းဆောင်များအားလည်း ဤပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်စေရန် အင်အားများပေး သနားရန်၊ စစ်ကိုလည်းချက်ချင်းပြီးဆုံးစေရန် ဆုတောင်းပေးခဲ့သည်။

Cameroon ကမယ်ရွန်း

ရဟန်းမင်းကြီးဖရန်စစ်သည် ကမေရွန်းနိုင်ငံအတွက်လည်း ဆုတောင်းတိုက်တွန်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကမေရွန်းကက်သလစ်များမှ ဖမ်းဆီးခံခဲ့ရသူ (၈) ဦးကိုပြန်လည်ကယ် တင်နိုင်ခဲ့သည်။ ထိုဖမ်းဆီးခံ (၈) ဦးအနက် (၅) ဦမှာကက်သလစ်ဘုန်းတော်ကြီးများဖြစ်ပြီး၊ သီလရှင် တစ်ပါးလည်းပါသည်။ ၄င်းတို့သည် Mamfe သာသနာမှဖြစ်ကြသည်။ ရဟန်းမင်းကြီးက ‘ဖမ်းဆီးခံခဲ့ရသူ များနှင့်မလုံမခြုံနေနေကြရသော ပြည်သူများအတွက်ဆုတောင်းပေးကြောင်း၊ ဘုရားသခင်သည် ၄င်းတို့ အားစိတ်၏ငြိမ်သက်ခြင်းနှင့်နိုင်ငံအတွင်းရှိ လူမှုနယ်ပယ်အသီးသီးတို့အတွက်ဆုတောင်းပေးကြောင်း မိန့်ကြားခဲ့သည်။ ဘုန်းတော်ကြီးများနှင့်သီလရှင်တို့သည် ပြန်ပေးဆွဲခံလိုက်ရကြောင်းကို အမည်မသိသူ တစ်ဦးကအသိပေးလာပြီး ထိုအဖွဲ့မှပင် ဘုရားရှိခိုးကျောင်းကိုလည်း သောကြာနေ့ကမီးရှို့ခဲ့သည်။ ဤအ ခင်းဖြစ်ပွားသောနေရာမှာ ကမေရွန်း ၏အနောက်ပိုင်း၌ဖြစ်သည်။ ယခုအခင်းကို Bamenda မှကက်သလစ်ဆရာတော်ကြီးများက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ Mamfe သာသနာသည် နိုင်ငံ၏အနောက် တောင်ဖက်၌တည်ရှိသည်။ ဤဒေသသည် တည်ငြိမ်မှုလုံး၀ကင်းမဲ့သော ဒေသနှစ်ခုအနက်တစ်ခုဖြစ် သည်။ ဤဒေသ၌ (၂၀၁၇) မှစ၍ ဖယ်ဒရယ်ညွှန့်ပေါင်းအစိုးရ၏အမိန့်၊ အာဏာကိုလက်မခံဆန့်ကျင် နေကြသူများဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3UCz4qC

Add new comment

3 + 1 =