ရဟန်းမင်းကြီးဖရန်စစ်သည် မော်လ်တာသို့ကြွမည့်တမန်တော်ခရီး၌ ဩ၀ါဒ (၅) ကြိမ်ပေးမည်

ရဟန်းမင်းကြီးဖရန်စစ်သည် မော်လ်တာသို့ကြွမည့်တမန်တော်ခရီး၌ ဩ၀ါဒ (၅) ကြိမ်ပေးမည်

ရဟန်းမင်းကြီးဖရန်စစ်သည် မော်လ်တာသို့ကြွမည့်တမန်တော်ခရီး၌ ဩ၀ါဒ (၅) ကြိမ်ပေးမည်

 

             ရဟန်းမင်းကြီးသည်  ဧပြီလ (၂-၃) ရက်များ၌ သူ၏ (၃၆) ကြိမ်မြောက် အီတလီနိုင်ငံ၏ပြင်ပသို့ တမန် တော်ခရီးကိုပြုမည်ဖြစ်ပြီး မောလ်တာသို့ တမန်တော်ခရီးကြွရောက်နေချိန်၌ တရား၀င်ဩ၀ါဒ (၅) ကြိမ်ချီးမြှင့် မည်ဖြစ်သည်။ ရဟန်းမင်းကြီးအနေဖြင့် အချင်းချင်းစောင့်ရှောက်ခြင်း နှင့်ရင်းနှီးဖော်ရွေခြင်းအကြောင်းကိုအဓိကထား မိန့်ကြားမည်ဟုဆိုသည်။

            ယခုခရီးစဉ်၏ခေါင်းစဉ်မှာ ‘They Showed Us Unusual Kindness’ (သူတို့သည် ကျွန်ုပ်တို့အား ထူးခြားသော ကြင်နာမူကိုပြခဲ့သည်။) တမန်တော်၀တ္ထု (၂၈း၂) မှဖြစ်သည်။ ဤခေါင်းစဉ်သည် ဒုက္ခသည် များ မြေထဲပင်လယ်ပြင်ကြီး ကို အသက်အန္တရာယ်ကြီးလှသည့်ကြားမှ စွန့်စားကျော်ဖြတ် သည့်အဖြစ်ကို လည်းကောင်း၊ ဒေသအတွင်းဧဝံဂေလိတရား ကိုလည်းပျံ့ပွားအောင်လုပ်ဆောင်ပေးကြောင်း၊ ရဟန်း မင်းကြီးကြွရောက်ခြင်းအခမ်းအနားအတွက် အသုံးပြုမည့်တံဆိပ်၌ သဘော်တစ်စင်းသည် လက်၀ါး ကပ်တိုင်ဆီဆိုအရောက်သွားနေသည့်ပုံပါရှိပြီး၊ ဆိုလိုသည်မှာ ဒုက္ခရောက်နေသူများ အားလက် ဆန့် ထုတ်၍ကူသည့်အဓိပ္ပါယ်ကိုဆောင်နေသည်။ ထို့အတူ သဘော်ပျက်၍ ခရီးတစ်ထောက်ရပ်နားလာသော တမန်တော်ပေါလုအား လှိုက်လှဲပျူဌာစွာကြိုဆိုသည့် အေဒီ (၆၀) ကသမိုင်းအဖြစ် အပျက်ကို လည်းပြန် လည်အမှတ်ရစေ ပါသည်။ ရဟန်းမင်းကြီးသည် (၂၀၂၀၊ ဇန္န၀ါရီလ) က ရဟန်းမင်းကြီး၏ ဗုဒ္ဓဟူးနေ့ တိုင်းဘုရားဖူးများအားပေးခဲံသော သွန်သင်ချက်များမှာ တမန်တော်ပေါလု၏ မောလ်တာသို့ကြွရောက်ခြင်းအကြောင်းဖြစ်ကြောင်း ဗာတီကန်သတင်းဌာနက ဆိုပါသည်။      

            ရဟန်းမင်းကြီးသည် မာလ်တာနိုင်ငံ၌ရှိနေစဉ် Valletta၊ Floriana ၊ Gozo စသောနေရာများသို့ ကြွရောက်မည် ဖြစ်သည်။ ဩ၀ါဒ (၅) ကြိမ်ချီးမြှင့်မည်ဖြစ်ပြီး၊ အီတလီစကားဖြင့်ချီးမြင့်မည်ဖြစ်သည်။ ရဟန်းမင်းကြီး၏ခရီးစဉ်အသေးစိတ်ကို ဗာတီကန်သတင်းစာမျက်နှာတွင်၀င်ရောက်ကြည့်ရူနိုင်ပါသည်။

            ရဟန်းမင်းကြီးသည် သူ၏ပြည်ပခရီးစဉ်တိုင်း၌ ပြုလုပ်နေကြအတိုင်းပင် မော်လ်တာရှိ ဂျက်ဆွီစ်ဘုန်းတော်ကြီး များနှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။ မည်သည့်အကြောင်း အရာကိုပြော ဆိုသည်ကိုမူ တွေ့ဆုံပြီးမှသာထုတ်ပြန်မည်ဖြစ် သည်။ ရဟန်းမင်းကြီး ယခုခရီးစဉ်သို့ကြွရောက်ရာ၌ အဓိကကြွရောက်ဘုရားဖူးမည့်နေရာများမှာ တမန်တော်ပေါလု၏ ဂူဗိမာန်သို့ရောက်ပြီး ခေတ္တခဏ ဆုတောင်းကာ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်က တမန်တော်ပေါလုနှင့် သဘော် ပျက်ရာတွင် ပါခဲ့သော သူများအားလုံးကိုသတိရသည့်အနေဖြင့်ကြွရောက်ဖူးမြှော်မည်။ အခြားတစ်နေရာကား ရဟန်းမင်းကြီး ဂျွန် (၂၃) ၏အမည်ပေးထားသော ဒုက္ခသည်များနှင့်တွေ့ဆုံမည့်နေရာဖြစ်သည်။

 

            ရဟန်းမင်းကြီးသည် ပထမနေ့ အရပ်ဘက်အာဏာပိုင်များနှင့်တွေ့ဆုံပြီးသောအခါ Gozo ကျွန်းသို့သဘော်ဖြင့် ထွက်ခွာ၍ ဆုတောင်းခြင်းအခမ်းအနား၌ ဩ၀ါဒချီးမြင့်မည်ဖြစ်သည်။ သို့နောက် မောလ်တာသို့ပြန်ကြွလာပြီး ရဟန်း မင်းကြီးကိုယ်စားလှယ်၏ အဆောင်သို့ ပြောင်းရွေ့၍ တစ်ညတာ သီတင်းသုံးမည်ဖြစ်သည်။     

            ရဟန်းမင်းကြီးဘေနေဒစ် (ငြိမ်း) (၁၆) လည်း မာလ်တာသို့ (၂၀၁၀) တွင်ကြွရောက်ခဲ့သည်။ ရဟန်းမင်းကြီးစိန့် ဂျွန်ပေါလ် (၂) သည်လည်း (၁၉၉၀၊ ၂၀၀၁) နှစ်ကြိမ်ကြွရောက်ခဲ့သည်။ မောလ်တာနိုင်ငံ၏ ပထမဦးဆုံးသောရဟန္တာဖြစ် သည့် စိန့် George Preca အား ရဟန်းမင်းကြီး ဘေနေဒစ် (ငြိမ်း) (၁၆) မှ (၂၀၀၇၊ ဇွန်လ၊ ၃) ရက်နေ့က တင်မြောက်ခဲ့ သည်။

            လာမည် (၂၀၂၃) ခုနှစ်တွင်ကျင်းပမည့် ဆရာတော်ကြီးများ၏ ဓမ္မညီလာဆိုင် ရာတာ၀န်ခံ ကာဒီနယ် Mario Grech သည်မာလ်တာနိုင်ငံသားဖြစ်ပြီး၊ ရဟန်းမင်းကြီးကြွရောက်မည့် Gozo သာသနာပိုင်အဖြစ် (၂၀၀၅ မှ ၂၀၁၉) အထိ အမှုတော်ထမ်းခဲ့သည်။ ယခုရဟန်းမင်းကြီး၏ မောလ်တာခရီးစဉ်သည် သူ၏အားပေးတိုက်တွန်းချက်လည်းပါနိုင် ဗာတီကန် သတင်းဌာန ကသုံးသပ် ချက်ပေးထားပါသည်။        

            ဆက်လက်၍စစ်ဖြစ်ပွားနေသော ယူကရိန်းနိုင်ငံကိစ္စနှင့်ပတ်သက်၍ ရဟန်းမင်းကြီးအနေဖြင့် ထည့်သွင်းမိန့် ကြားခြင်းရှိမရှိနှင့်ပတ်သက်၍ သတင်းထောက်၏မေးမြန်းမှုကိုမူကိုတော့ ဖြစ်နိုင် ချေနည်း ကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၌စစ်ဖြစ်ပွားနေသည်မှာ ဒုတိယလထဲသို့ရောက်ရှိနေပြီး၊ ယခု တမန်တော်ခရီးစဉ်သည်  ထိုစစ်ပွဲကြောင့်  ထွက်ပြေးလာသော ဒုက္ခသည်များအားလှိုက်လှဲနွေးထွေးစွာကြိုဆိုခြင်း၊ စောင့် ရှောက်ခြင်း ကိုအဓိကထားလုပ်ဆောင်နေ မှုကိုအဓိကထားသောခရီးစဉ်ဖြစ်သည်။ ရဟန်းမင်းကြီးသည် မောလ်တာကျွန်းမှအပြန် လေယာဉ်ခရီးစဉ်သည်တိုတောင်း သော်လည်း လေယာဉ်ပေါ်၌ သတင်း သမားတို့ ၏မေးမြန်းချက်များကိုပြန်လည်ဖြေကြားမည်ဖြစ်သည်။    

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NFfDdb

 

Add new comment

17 + 3 =