ရဟန်းမင်းကြီးဖရန်စစ်သည် မိခင်များအားချီးမွမ်းပြီး၊ ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ဆုတောင်း ပေးကြရန်တိုက်တွန်းခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် မိခင်များအားချီးမွမ်းပြီး၊ ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ဆုတောင်း ပေးကြရန်တိုက်တွန်းခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် မိခင်များအားချီးမွမ်းပြီး၊ ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ဆုတောင်း ပေးကြရန်တိုက်တွန်းခဲ့

 

            ပုပ်ရဟန်းမင်းကြီးသည် ယမန်နေ့ (မေ ၈) မွန်းတည့်ချိန်ဆိုသော ‘ကောင်းကင်ဘုံဘုရင်မ’ ဆုတောင်းမေတ္တာမဆိုမီ မေလ၌နေ့စဉ်စိပ်ပုတီးစိပ်ကြရန်နှင့်မိခင်များအားဂုဏ်ပြုကြရန် ဘာသာတူများအားတိုက်တွန်းခဲ့သည်။

မေလ (၈) ရက် နေ့၌ နှစ်စဉ် ‘ကမ္ဘာ့မိခင်များနေ့’ အဖြစ်သတ်မှတ်ကျင်းပကြသည်။ ကျွန်ုပ်တို့၏မိခင်များအား ချစ်ခြင်းများစွာဖြင့်သတိရ ကြပါစို့။ လက်ခုပ်ဩဘာဖြင့်ဂုဏ်ပြုပေးကြပါစို့။ အချို့သောသူတို့၏မိခင်တို့သည် လောက၌သက်ရှိထင်ရှားမရှိတော့ သော်လည်း ကျွန်ုပ်တို့၏စိတ်ထဲ၌ အစဉ်ရှင်သန်နေသည်။ မိခင်တိုင်း ကျွန်ုပ်တို့၏ဆု‌တောင်း၊ ကျွန်ုပ်တို့၏မေတ္တာ၊ ကျွန်ုပ်တို့၏ အကောင်းဆုံး ဆုတောင်းများသက်ရောက်ခံစားနိုင်ကြပါစေဟုဆုတောင်းပေးခဲ့သည်။           

 

စိတ်ပုတီးအားဖြင့် ဘုရားမယ်တော်ထံဦးလှည့်ကြပါစို့။

            မေလသည် အမိကက်သလစ်သာသ‌နာတော်ကြီး၏အစဉ်အလာအရ အမိမယ်တော်ကို အထူးသဒ္ဓါကြည်ညိုရ သောလဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် နေ့စဉ်စိပ်ပုတီးစိပ်ကြရန်၊ အထူးသဖြင့် ယူကရိန်းနိုင်ငံမှ နာကျင်ခံစားနေရ သော ပြည်သူများအတွက်ရည်စူးပူဇော်ပေးရန် ဘုရားဖူး ဘာသာတူများအား တိုက်တွန်းခြံသည်။ ရဟန်းမင်းကြီးသည် ပုံပေမြို့မှစိပ်ပုတီး သခင်မ၏ ဗိမာန်တော် ရှေ့၌ ကိုယ်တိုင်မကြွရောက်နိုင်သော်လည်း စိတ်အာရုံပြု၍ဒူးထောက်ကာ ကမ္ဘာ့ပေါ်ရှိနိုင်ငံများစွာ ၌လိုအပ်နေသောငြိမ်းချမ်းရေးအတွက်၊ ဒုက္ခအမျိုးမျိုး၊ အထူးသဖြင့်စစ်၏အနိဌာရုံများကို ခါး စည်းခံစားနေရသောသူများအတွက်ဆုတောင်းပူဇော်ပေးပါသည်ဟုဆုတောင်းခဲ့သည်။

            စစ်၏ရူးသွပ်မှု၌ ရုရှားလေကြောင်းသည် ယူကရိန်းနိုင်ငံ၏အရှေ့ဖက်သို့ ပစ်ခတ်တိုက် ခိုက်လျှက်ရှိသည်။ ရဟန်း မင်းကြီးက ကမ္ဘာ့ခေါင်းဆောင်ကြီးများအား အပြစ်မဲ့ပြည်သူတို့၏ ငြိမ်းချမ်းရေးလိုလားသောရင်ခုန်သံကိုမေ့မသွားကြ ရန်နှင့်လက်နက် ဖြင့်ဘယ်တော့မှ အောင်မြင် မည်မဟုတ်ကြောင်းကို ကောင်းစွာသိသူများအားလည်းတိုက်တွန်းခဲ့သည်။ ရုရှာ-ယူကရိန်းစစ်ပွဲကြီးသည် ရဟန်းမင်းကြီးအားလည်း စိုးရိမ်မှုလွန်ကဲ့မြင့်တက်စေလျှက်ရှိသည်။

ရဟန်းမင်းကြီးသည် မရပ်မနားတမ်း စစ်ပွဲရပ်တန့်ရန်တောင်းဆိုပေးလျှက်ရှိသည်။ မေလ (၃) ရက်နေ့ အီတလီဘာသာဖြင့်ထုတ်ဝေသောသ တင်းစာတစ်စောင်ဖြစ်သည့် Corriere della Sera ၏မေးမြန်းချက်၌ ရဟန်းမင်းကြီးဖရန်စစ်သည် ရုရှားသမ္မတ ပူတင်နှင့်မောစကိုမြို့တော်၌ မျက်နှာချင်းဆိုင်တွေ့လိုကြောင်းမိန့်ကြားခဲ့သည်။          

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/37vq5Un

 

Add new comment

1 + 18 =