ရဟန်းမင်းကြီးဖရန်စစ်သည် ဘုရားဖူးများပင့်လာသောတန်ခိုးကြီးသောလည်ဆွဲမယ်တော် ဆင်းတုတော်ကို ကောင်းကြီးပေး

ရဟန်းမင်းကြီးဖရန်စစ်သည် ဘုရားဖူးများပင့်လာသောတန်ခိုးကြီးသောလည်ဆွဲမယ်တော် ဆင်းတုတော်ကို ကောင်းကြီးပေး

ရဟန်းမင်းကြီးဖရန်စစ်သည် ဘုရားဖူးများပင့်လာသောတန်ခိုးကြီးသောလည်ဆွဲမယ်တော် ဆင်းတုတော်ကို ကောင်းကြီးပေး

ဗုဒ္ဓဟူးနေ့ ဘုရားဖူးများနှင့်တွေ့ဆုံသည့်အစီအစဉ်မစတင်မီရဟန်းမင်းကြီးဖရန်စစ်သည် ဘုရားဖူးများမှပင့် ဆောင်လာသောတန်ခိုးကြီးသောလည်ဆွဲ‌မယ်တော်ဆင်းတုတော်ကိုကောင်းကြီးပေးခဲ့သည်။

ရဟန်းမင်းကြီး၏ကောင်း ကြီးပေးခြင်းသည်အလွန်အနစ်သာရရှိစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့အမိမယ်တော်၏ဆင်းတုတော်ကို ပင့်ဆောင်လာရခြင်းမှာ ပြင်သစ်နိုင်ငံ၌ အမိမယ်တော်သည် စိန့် Catherine Labouré ထံရူပါရုံထင်ရှားပြခဲ့သည့် (၁၉၀) နှစ်ပြည့်နှစ်ပတ်လည်နေ့လည်းဖြစ်သည်။

ရဟန်းမင်းကြီးမှဆင်းတုတော်ကိုကောင်းကြီးပေးခဲ့ခြင်းအပေါ်ဖြစ်ပေါ်ခံစားရသောဘုရားဖူးတို့၏ရင်တွင်းဖြစ်ခံ စားချက်များမှာအောက်ပါအတိုင်းဖြစ်သည်။ TOMAŽ MAVRIČ သူသည် စိန့်ဗင်းစင်းကိုယ်တိုင်တည်ထောင်ခဲ့သောသူတော်ဆင်းအသင်း၏ အမြင့်ဆုံးအမူတော်ကိုထမ်းဆောင်နေ သူဖြစ်သည်။ ‘ရဟန်းမင်းကြီးအနေဖြင့်ကိုဗစ်ကူးစက်ရောဂါကြောင့် ဘုရားဖူးများနှင့်ခပ်ကွာကွာနေနေရသော်လည်း ယခု ကဲ့သို့အလေးပေးသည့်အ တွက်ရဟန်းမင်းကြီးကျွန်ုပ်တို့ (စိန့်ဗင်းဆင်းမိသားစု)၊ စိန့်ဗင်း၏၀ိညာဉ်ရေးလမ်းစဉ်၊ စိန့်ဗင်း ဆင်းဒီပေါလ်၏ ကျင့်စဉ် များနှင့်နီးကပ်စွာရှိနေသည်ဟုလည်းခံစားရသည်’ ဟု‌ပြောကြားခဲ့သည်။

သူသည်ယခုမယ်တော့် ဆင်းတုတော်ကိုပင့်လာသောဘုရားဖူးအဖွဲ့အားဦးဆောင်လာခဲ့သူဖြစ်သည်။ စိန့်ကက်သရင်းအား အမိမယ်တော်ရူပါရုံပြခဲ့သည်မှာ (၁၈၃၀) ခုနှစ်ကဖြစ်သည်။ ထိုအချိန်၌ပြင်သစ်နိုင်ငံသည် စစ် ဒဏ်နှင့်ကပ်ရောဂါဘေးဆိုးကြီးများကိုအလူးအလဲခံနေရသည့်အချိန်ဖြစ်သည်။

(၁၉၀) နှစ်အလွန်၌ စိန့်ဗင်းဆင်းသာသနာ ပြုများသည်အီတလီတလျှောက်အမိမယ်တော်၏ဆင်းတုတော်ကိုပင့်၍ဘုရားဖူးကြွရောက်ခြင်းဖြင့် ကိုဗစ် (၁၉) ပိုးကူးစက် ခံစားနေရသူများ၊ ထိုကူစက်ရောဂါကြောင့်ပူပန်စိုးရိမ်နေကြသူများအတွက်မျှော်လင့်ခြင်း၊ ကြည်ညိုအားကိုးခြင်း၊ ယုံကြည်ခြင်းများတိုးပွားစေလိုသောရည်ရွယ်ဖြင့်ပြုလုပ်ခြင်းဖြစ်သည်။

ဘုရားဖူးအစီအစဉ်အရ ပင့်ဆောင်လာသောဆင်းတုတော်ကိုဦးစွာ ရဟန်းမင်းကြီးဖရန်စစ်၏ကောင်းကြီးပေးခြင်း ကိုခံယူပြီးနောက် အီတလီနိုင်ငံတလျှောက်ပင့်ချီ၍ဘုရားဖူးကြမည်ဖြစ်သည်။ ဤဘုရားဖူးခြင်းအစီအစဉ်ကို လာမည့်ဒီဇင် ဘာလ (၁) ရက်နေ့၌စတင်မည်ဖြစ်သည်။ ဤဘုရားဖူးခရီးစဉ်ကိုတစ်နှစ်ကြာပြုလုပ်မည်ဟုစီစဉ်ထားသည်။

ဤမယ် တော်၏ဆင်းတုတော်သည် အီတလီနိုင်ငံအတွင်းရှိအသင်းအဖွဲ့များစွာရှိသည့်နေရာသို့ပင့်ချီဖူးမြော်စေမည်။ မယ်တော်၏ ဆင်းတုတော်ယခုကဲသို့ကြွချီခြင်းဖြင့် အမိမယ်တော်သည်ကျွန်ုပ်တို့အားလုံးကို မစ္ဆာပလ္လင်၏ခြေရင်းတော်သို့ချဉ်းကပ်ကြ ရန်ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း၊ ထို့အတူလက်ရှိဖြစ်ပေါ်နေသောကူးစက်ရောဂါကြောင့်အခက်အခဲအကြပ်အတည်းများ ကြုံနေသူများကိုကူညီတတ်ကြစေရန်ကက်သလစ်ဘာသာတူတိုင်းကိုနားလည်အလင်းရစေလိုသောရည်ရွယ်ချက်များ ပါ၀င်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : Rome Reports

https://bit.ly/3kADjQg

 

Add new comment

3 + 4 =