ရဟန်းမင်းကြီးဖရန်စစ်သည် ဗာတီကန်၏အုပ်ချုပ်မှုပိုင်းဆိုင်ရာဥက္ကဌအသစ်၏အမည်ကိုကြေညာ

ရဟန်းမင်းကြီးဖရန်စစ်သည် ဗာတီကန်၏အုပ်ချုပ်မှုပိုင်းဆိုင်ရာဥက္ကဌအသစ်၏အမည်ကိုကြေညာ

            လက်ရှိဗာတီကန်၏အုပ်ချုပ်မှုပိုင်းဆိုင်ရာဥက္ကဌတာ၀န်ကို ကာဒီနယ် Giuseppe Bertello ကထမ်းဆောင်နေပါသည်။ သူသည် လာမည့်အောက်တိုဘာ (၁) ရက်‌နေ့၌ သက်တော် (၇၈) နှစ်ပြည့်မည်ဖြစ်၍ အဆိုပါတာ၀န်မှအနားယူတော့မည်ဖြစ်သည်။ သူသည် ဤတာ၀န်ကို (၁၀) နှစ်တာ ထမ်းဆောင်ခဲ့သည်။

ဤအမှုတော်ကိုထမ်းဆောင်မည့်တာ၀န်ခံအသစ်မှာ စပိန်လူ မျိုးဖြစ်သောဂိုဏ်းချုပ်ဆရာ တော် Fernando Vérgez ဖြစ်သည်။ သူသည် Legionary of Christ သူတော်စင်အသင်းမှဖြစ်ပြီး၊ ယခု သက်တော် (၇၆) နှစ်ရှိပြီဖြစ်သည်။ ဗာတီကန်၌အမှုတော်ထမ်းနေခဲ့သည်မှာ (၁၉၇၂) ကပင် ဖြစ်သည်။ သူသည် ဗာတီကန် ဆိုင်ရာအရပ်ဖက်ကိစ္စကိုတာ၀န်ယူရမည်ဖြစ်ပြီး၊ တရားဥပဒေစိုးမိုးမှုရှိရန်၊ တရားရုံး ဆိုင်ရာ နှင့် ဖုန်းအဆက်အသွယ်များအားလုံး ပါ၀င်မည်ဖြစ်သည်။

            ရဟန်းမင်းကြီးသည် သံဃာတော်များဆိုင်ရာရုံးတော်၏ဒုတာ၀န်ခံအမည်ကိုလည်းကြေညာခဲ့ သည်။ သူသည်ချီလီမှ Fr. Andrés Ferrada ဖြစ်ပြီး၊ သက်တော်မှာ (၅၂) နှစ်သာရှိသေးသည်။ ယခု တာ၀န် ပေးအပ်ခံရသောရုံးတော်၌ အမှုထမ်းနေခဲ့သည် မှာ (၂၀၁၈) နှစ်ကပင်ဖြစ်သည်။ သူသည် ဤ ရုံးတော်၏အကြီးတန်းတာ၀န်ခံ ကိုးရီးယားလူမျိုး ဂိုဏ်းချုပ်ဆရာ Lazarus You Heung Sik နှင့် လက် တွဲရမည်ဖြစ်သည်။

ဤရုံးတော်သည် ကမ္ဘာပေါ်ရှိ ကက်သလစ်ရဟန်းတော်အပါးပေါင်း (၄၀၀၀၀၀) ကျော် ၏အရေးကို တာ၀န်ယူရသောရုံတော်ကြီးတစ်ခုဖြစ်သည်။   

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်     

https://bit.ly/2X8npXI   

Add new comment

4 + 1 =