ရဟန်းမင်းကြီးဖရန်စစ်သည် နှစ်ပေါင်း (၄၂၂) နှစ်သက်တမ်းရှိ ဖိလစ်ပိုင်နိုင်ငံမှ မယ်တော့် ဆင်းတုတော်အား သရဖူဆောင်းပေးခဲ့

          သက်တမ်း (၄၂၂) နှစ်ရှိပြီဖြစ်သော ဖိလစ်ပိုင်နိုင်ငံမှ မယ်တော့်ဆင်းတုတော်အား ရဟန်းမင်းကြီးဖရန်စစ်မှ လှူဒါန်းသောသရဖူ ဆောင်းပေးခြင်းအခမ်းအနားကို (ဧပြီ ၂၃၊ ၂၀၂၂)၊ မွန်းလွှဲပိုင်း (၄) နာရီအချိန်တွင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားနှင့်အတူ ဖိလစ်ပိုင်နိုင်ငံသို့ ခရစ်ယာန်တရားရောက်ရှိလာခဲ့ခြင်း နှစ် (၅၀၀) ပိတ်ပွဲကိုလည်းကျင်းပခဲ့သည်။ 

          အဆိုပါအခမ်းအနားအား ရဟန်းမင်းကြီးဖရန်စစ်၏ကိုယ်စား ဖိလစ်ပိုင်နိုင်ငံ၏ ရဟန်းမင်းကြီး၏ကိုယ်စား ဂိုဏ်း ချုပ်ဆရာတော် Charles John Brown က သရဖူအားကောင်းကြီးပေးပြီး အခမ်းအနားကိုဦးဆောင်ခဲ့သကဲ့သို့ ဆင်းတုတော်အားလည်း သရဖူဆောင်းပေးသည်။

          အဆိုပါဆင်းတုတော်၏ဘွဲ့နာမတော်မှာ Patrocinio de Maria of Boljoon (Boljoon မှိုင်းမသော မယ်တော်) ဖြစ်သည်။ ကျန်နှစ်ခုမှာ Lapu-Lapu မြို့၌ကြည်ညိုသဒ္ဓါပွားကြသော Nuestra Señora de la Regla မယ်တော်နှင့် Cebu ဂိုဏ်းချုပ်သာသနာအတွင်း၌တည်ဆောက်ထားသော ‘ဂွာတာလုပေမယ်တော်ဗိမာန်’ တို့ပင်ဖြစ်ကြသည်။  

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

 https://bit.ly/3vE9iqh

Add new comment

14 + 5 =