ရဟန်းမင်းကြီးဖရန်စစ်သည် ဆူဒန်နိုင်ငံ၌ဖြစ်ပွားခဲ့သောအကြမ်းဖက်လုပ်ရပ်အပေါ်ငြိမ်းချမ်းစွာဖြေရှင်းကြရန်တနဂ်နွေနေ့ကပန်ကြား

ရဟန်းမင်းကြီးဖရန်စစ်သည် ဆူဒန်နိုင်ငံ၌ဖြစ်ပွားခဲ့သောအကြမ်းဖက်လုပ်ရပ်အပေါ်ငြိမ်းချမ်းစွာဖြေရှင်းကြရန်တနဂ်နွေနေ့ကပန်ကြား

ပုပ် ရဟန်းမင်းကြီးဖရန်စစ်သည် မွန်းတည့်ချိန်ရွတ်ဆိုပူဇော်သော ‘ကောင်းကင်ဘုံဘုရင်မ’ မေတ္တာရွတ်ဆိုရန် စိန့်ပီတာရင်ပြင်၌ရောက်ရှိနေသောဘုရားဖူးများအား ဆူဒန်နိုင်ငံအတွက်ဆုတောင်းပေးရန်တိုက်တွန်းခဲ့သည်။ သတင်းအရ တရား၀င်စစ်တပ်နှင့်သဘောထားမတိုက်ဆိုင်သောကြောင့်ခွဲထွက်သွားသော (Rapid Support Forces) လက်နက်ကိုင်အဖွဲ့တို့ကြားနိုင်ငံအားထိန်းချုပ်နိုင်ရန်ကြိုးစားရမှဖြစ်ပွားသောတိုက်ပွဲ၌ လူ့အသက်ပေါင်း (၁၀၀) ကျော်ဆုံးရှုံးခဲ့ရပြီး ထောင်နှင့်ချီထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟုသိရသည်။

လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြားအာဏာလွန်ဆွဲရာမှ အကြမ်းဖက်မှုသည် နိုင်ငံအတွင်းသို့ပျံ့နှံ့သွားခဲ့သည်။ ဤအခြေအနေ၌ ရဟန်းမင်းကြီးကမည်သည့်အကြမ်းဖက်လုပ်ရပ်မျိုးကိုမဆိုရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသို့ပြန်လှည့်လာရန်တိုက်တွန်းထားသည်။

Khartoum ဒေသ၌စစ်ရေးတင်းမာနေသောကြောင့် နေရပ်ပြောင်းရွေ့ထွက်ပြေးနေကြသူများနေ့စဉ်တိုးပွားလျှက်ရှိသည်။ ယမန်နေ့ တနဂ်နွေနေ့က အမေရိကန်ပြည်ထောင်စုနှင့်အဂ်လန်နိုင်ငံတို့က ဤသို့သော နိုင်ငံရေးအခြေအနေကြောင့် ၄င်းတို့၏သံရုံး၀န်ထမ်းများအားလုံးကိုနိုင်ငံအတွင်းမှထွက်ခွာစေခဲ့ပြီဖြစ်ကြောင်းကြေညာခဲ့သည်။

စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမဏီနှင့်အခြားသောနိုင်ငံများသည်လည်း ၄င်းတို့နိုင်ငံ၏သံရုံး၀န်ထမ်းများအားနိုင်ငံမှထွက်ခွာစေရန်ပြင်ဆင်လျှက်ရှိသည်။ အမေရိကန်အစိုးရမှ ယမန်နေ့တနဂ်နွေနေ့နံနက်ပိုင်းက သံရုံး၀န်ထမ်း (၁၀၀) ခန့်အား ရဟပ်ယာဉ်များဖြင့်ကယ်ထုတ်ခဲ့ကြောင်း၊ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း ဆူဒန်နိုင်ငံ၏လက်ရှိမငြိမ်မသက်မဖြစ်ပွားနေမှုနှင့်စပ်လျင်း၍ အကြမ်းဖက်မှုကိုနှစ်ဖက်လုံးမှချက်ချင်းရပ်တန့်ရန်ကြေညာချက်တစ်စောင်ထုတ်၍တိုက် တွန်းခဲ့သည်။ ဤပြင်းထန်လှသောတိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူများစွာသေကြေနေကြရကြောင်း၊ ချက် ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော်မည်သို့မျှနားလည်ခွင့်လွှတ်နိုင်သောလုပ်ရပ်မဟုတ်ကြောင်းလည်း စနေနေ့ညနေပိုင်းသတင်းစာရှင်းလင်းပွဲတွင်ဖြေကြားခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းနှစ်ဖွဲ့လုံးသည်လည်း လူသားချင်းကူညီသောအကူအညီများပေးပို့ရာတွင် အနှောက်အယှက်များမပေးရန်၊ ဆူဒန်ပြည်သူတို့၏သဘောထားကိုလေးစားရန်လည်းထည့်သွင်းပြောကြားထားသည်။ လူပေါင်း (၁၅၀) ကျော်အား ဆောဒီအရေးဗျသဘော်ဆိပ်သို့ကယ်ထုတ်ပေးခဲ့ကြောင်းနှင့်ပင် လယ်ကွေ့နိုင်ငံများအပါအ၀င် အီဂျစ်၊ ပါကိစ္စတန်နှင့်ကနေဒါနိုင်ငံများသို့လည်းပို့ဆောင်ပေးခဲ့ကြသည်။

အာဖရိက၊ အာရှနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများမှလာရောက်ပညာသင်ကြားနေသောနိုင်ငံခြား သားကျောင်သားလည်း Khartoum မြို့၌ပိတ်မိနေကြောင်း၊ ဤမြို့သည် လူဦးရေ (၆) သန်းနေထိုင်သော လူနေထူထပ်သည့်မြို့တစ်မြို့ဖြစ်သည်။ အင်တာနက်လိုင်းများလည်းပြတ်တောက်လျှက်ရှိသည်။ ထို့ ကြောင့်မြေပြင်အခြေအနေကိုကောင်းစွာမသိနိုင်သောကြောင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းကိုထိရောက်စွာမစီစဉ်ပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ထုတ်ပြန်ချက်၌ လူပေါင်း (၄၀၀) ရာကျော်သေကြေခဲ့ပြီး အ ကြမ်းဖက်လုပ်ရပ်များကြောင့်ထိခိုက်ဒဏ်ရာရှိထားသူများစွာရှိကြောင်း၊ သေဆုံးသူဦးရေများမှာယခုအရေအတွက်ထက်ပိုများနိုင်သည်ဟုမျှော်လင့်ကြောင်း၊ လူနာများအနေဖြင့် ဆေးရုံသို့သွားရောက်ဆေးကုသမှုမခံယူနိုင်ပေ။ မြို့ကြီးများမှဆေးရုံများသည် တိုက်ပွဲပြင်းထန်နေသောကြောင့်ပိတ်ထားရသည့်အခြေအနေရှိနေသည်။

Darfur မြို့၏အနောက်ဖက် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့အနက် (RSF) ခြေကုပ်ယူထားသောဒေသလည်းပဋိပက္ခများစွာနှင့်ကြုံနေရသည်။ ကုလ၏အစီရင်ခံစာ၌ အမျိုးသမီး၊ ကလေးအများပိုင်းဖြစ်ကြသော ဒုက္ခသည် (၂၀၀၀၀) တို့သည်ဆူဒန်မှထွက်ခွာ၍လုံခြုံရာအနီးအနားမြို့ဖြစ်သော Chadသို့သွားရောက်ရှောင်တိမ်းလျှက်ရှိကြောင်း၊ Chadသည် Darfur ၏အခြားတစ်ဖက်၌ရှိသောမြို့ကြီးတစ်မြို့ဖြစ်သည်။ (Shalom World Swnews)

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/41TvpHI

Add new comment

7 + 8 =