ရဟန်းမင်းကြီးဖရန်စစ်သည် ဆလိုဗက်ကီးယားနိုင်ငံသားများအား ညီရင်းအစ်ကိုစိတ်ဓာတ်၊ လှိုက်လှဲပျူဌာမှု၊ အတူမျှဝေ ခံထမ်းသည့်စိတ်ဓာတ်များမွေးမြူရန်တိုက်တွန်းအားပေး

ရဟန်းမင်းကြီးဖရန်စစ်သည် ဆလိုဗက်ကီးယားနိုင်ငံသားများအား ညီရင်းအစ်ကိုစိတ်ဓာတ်၊ လှိုက်လှဲပျူဌာမှု၊ အတူမျှဝေ ခံထမ်းသည့်စိတ်ဓာတ်များမွေးမြူရန်တိုက်တွန်းအားပေး

            ရဟန်းမင်းကြီးသည် ဆလိုဗက်ကီးယားနိုင်ငံသို့ တနင်္ဂနွေနေ့ညနေပိုင်းကဆိုက်ရောက်ခဲ့သည်။ တနင်္လာနေ့ ၌ ဆလိုဗက်ကီးယားပြည်သူများအား ငြိမ်းချမ်းရေးလမ်းစဉ်သို့ရောက်ရှိရန်အတွက် ညီရင်း အစ်ကိုစိတ်ဓာတ်၊ နွေးထွေး ပျူဌာမှုနှင့်ပူးပေါင်း၍အတူတကွယှဉ်တွဲနေထိုင်၍ မိမိတို့၏မုန့်များကိုလည်း အခြားသူများအား‌ေ၀ဌာပေးရန်၊ ဤသို့ပြု ခြင်းဖြင့် အတူတကွ မျှ​ဝေခံစားခြင်းအနံ့အရသာကိုထည့် သွင်းပေးကြရန်တိုက်တွန်းခဲ့သည်။

            ရဟန်းမင်းကြီး၏ ယခုတစ်ကြိမ်ပြုသော ပြည်ပတမန်တော်ခရီးစဉ်သည် (၃၄) ကြိမ်မြောက် ဖြစ်သည်။  ဆလို ဗက်ကီးယားနိုင်ငံ၏သမ္မတရုံးတော်၌ သံတမန်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများ၊ ဘာသာရေးခေါင်းဆောင် များနှင့်တွေ့ဆုံခဲ့သည်။ ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့ မွန်းလွှဲပိုင်းတွင် ဟန်ဂေရီနိုင်၌ကျင်းပပြီးစီးသွားသော (၅၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကိုယ်တော်မြတ် ကွန်ဂရက်စ်ပိတ်ပွဲမစ္ဆားကိုကျင်းပပြီး၊ ထိုမှဆလိုဗက်ကီးယားနိုင်ငံသို့ နေ့ချင်း ရောက်ရှိလာခြင်းဖြစ်သည်။ ဆိုဗက်ကီးယားနိုင်ငံမှ စက်တင်ဘာလ (၁၅) ရက် မွန်းလွှဲပိုင်းမှ ရောမမြို့သို့လေ ယာဉ်ဖြင့်ပြန်ကြွသွားမည်ဖြစ်သည်။  ရဟန်းမင်းကြီးသည် ယခုနှစ်၌ (၈၄) နှစ်ပြည့်ပြီဖြစ်သည်။ ထို့အတူ များမကြာမီက အူမကြီး၌ အကြီးစားခွဲစိတ်မှုလည်းပြုလုပ်ခဲ့သည်။   

ညီရင်းအစ်ကိုစိတ်ဓာတ်

            လွန်ခဲ့သော (၂၈) နှစ်က ချက်နှင့်ဆလိုဗက်ကီးယားသည် ‘ချက်ကိုဆလိုဗက်ကီးယား’ ဟု တစ်နိုင်ငံတည်းအဖြစ် ရပ်တည်ခဲ့ရာမှ ယနေ့၌ သီးခြားနှစ်နိုင်ငံအဖြစ်ပေါ်ထွက်လာခဲ့သည်။ ၄င်းတို့သည် သွေးထွက်သံယိုမှုမရှိဘဲ ငြိမ်းချမ်းစွာ ခွဲထွက်နိုင်ခဲ့သည်။ ထိုအချက်ကိုပမာပြ၍ ဆလိုဗက်ကီးယား နိုင်ငံသည် ဥရောပတိုက်၏နှလုံးသဲပွတ်၌ ငြိမ်းချမ်းရေးသ တင်းကိုပေးနေသော နိုင်ငံအဖြစ်ရပ်တည် နေကြောင်း၊ ဆလိုဗက်ကီးယား၏ နိုင်ငံတော်အလံ၌ပါရှိသော ‘အပြာ’ ရောင်သည် ဆလိုဗက်ကီးယား နိုင်ငံအတွင်းရှိပြည်သူများ၏ ‘ညီရင်းအစ်ကို’ စိတ်ဓာတ်ကိုဖော်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဤ ညီရင်းအစ်ကိုစိတ်ဓာတ်သည် ငြိမ်းချမ်းကိုတည်ဆောက်သောလမ်းစဉ်၌ ပူးတွဲပါ၀င်ရမည်ဖြစ်သည်။ ဥရောပအနေဖြင့် ၄င်းတို့၏သမိုင်း၌ ညီရင်းအစ်ကိုစိတ်ဓာတ်ကောင်းကို နယ်နိမိတ်ဘောင်ကိုပင် ကျော်လွန်၍ အုတ်မြစ်အဖြစ်ချမှတ်နိုင် လိမ့်မည်ဟုမျှော်လင့်ကြောင်း၊ ဒေသခံရဟန္တာနှစ်ပါးဖြစ်သော စိန့် ‘စီရယ်နှင့်မယ်သောဒီအုစ်’ တို့သည် ဆလိုဗက်ကီး ယားနိုင်ငံသားတို့၏တမန်တော်များဖြစ်ကြကြောင်း၊ ဥရောပကိုလည်းတွဲ၍မှိုင်းမသောရဟန္တာများဖြစ်ကြောင်း၊ ညီရင်း အစ်ကိုများ၏သဏ္ဍန်ကို ဆောင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၄င်းတို့နှစ်ပါးသည် ဒေသရှိပြည်သူအားလုံးကိုကိုယ် စားပြုကြောင်း၊ ၄င်းတို့မှာ ဆလပ်၊ ဂရိ၊ လာတင်းစသောလူမျိုးများဖြစ်ကြသည်။ ဆလပ်စ်လူမျိုးသည် စည်းလုံးခြင်းကို ပြသရန်ရွေးချယ်ခံရခြင်းဖြစ်သည်။ ထိုအမွေအနှစ်ကိုဆက်လက်ထိန်းသိမ်း ထားရမည်။       

 

မုန့်ကိုဖဲ့၍‌ဝေမျှပါ

            ညီရင်းအစ်ကိုစိတ်ဓာတ်၌ နွေးထွေးပျူဌာမှုလည်းပါသည်။ ဆလိုဗက်ကီးယားလူမျိုးတို့၏ ယဉ်ကျေးမှု၌အလည် လာသူဧည့်သည်များအား မုန့်ကျွေးမွေးခြင်း၊ ဆားပေးခြင်းတို့သည် ကြိုဆိုခြင်း၏လက္ခဏာဖြစ်သည်။ ယေဇူးသခင်သည် မုန့်အဆင်းသဏ္ဍန်အောက်၌ သူစံပ္ပါယ်ရန်ရွေးချယ်ခဲ့သည်မှာအကြောင်းမဲ့မဟုတ်။ သမ္မာကျမ်းစာတော်မြတ်၌ မုန့်ကိုသို လှောင်ထားရန်မဟုတ်။ ‌ေ၀မျှရန်သင်ကြားထားသည်။ ဧ၀ံဂေလိမုန့်တော်သည် အစဉ်ဖဲ့၍‌ေ၀မျှရန်ဖြစ်သည်။ ရတနာ စင်စစ်သည် စုဆောင်းတိုးပွားစေရုံ၌မတည်။ ‌အနီးအနားလိုအပ်နေသူများအား ေ၀မျှပေးကမ်းခြင်း၌တည်၏။    

            အဘယ်သူမျှဒဏ်သင့်အောင်မလုပ်သင့်သကဲ့သို့၊ အနှိမ့်ခံရ၍နာကျင်မှုကိုမဖြစ်စေသင့်ပါ။ ခရစ်ယာန်တို့၏လမ်း စဉ်သည် အခြားသူများကို ၀န်ထုပ် (သို့) ပြဿနာဟုမမြင်ပေ။ ညီအစ်ကိုရင်း ကဲ့သို့သာသဘောထား၍ ကူညီကြသည်။ ကာ ကွယ်ကြသည်။ ဤသို့ပြုခြင်းကို တရားမျှတခြင်းနှင့် တရားဥပဒေစိုးမိုးခြင်းမုန့်ကို‌ေ၀မျှခြင်းဟုဆိုလိုသည်။ ဤသို့ကူညီ ခြင်းဖြင့် လိုအပ်မှုလျော့နည်း ကျဆင်းလာသောကြောင့် အကျင့်ပျက်ချစားမှုလည်းပပျောက်တားဆီးပြီးဖြစ်သည်။ နေ့စဉ် လိုအပ်သောအစားအစာအတွက်ဆုတောင်းခြင်းသည် အလုပ်၏အခဖြစ်ပြီး၊ အလုပ်မရှိဂုဏ်မရှိဟု ဆိုကြသည်။ အချောင် စားသကဲ့သို့ဖြစ်သည်။ တရားမျှတခြင်းနှင့်ညီအစ်ကိုရင်းစိတ်ဓာတ်ရှိသော လူမှုအဖွဲ့ အစည်း၌ နေ့စဉ်နှင့်အမျှလိုအပ်သော အစားအစာကိုရရှိခြင်းသည်လူတိုင်း၏ အခွင့်အရေး ဖြစ်သည်။ ဤသို့ဖြင့် အဘယ်သူမျှ ပလပ်ခံရခြင်း၊ မေ့ပျောက်ခံရခြင်း၊ မိမိတို့၏မိသားစု၊ ဇာတိမြေ များချန်ထား၍ ရေကြည်ရာ၊ မျက်နုရာအရပ်ဆီသို့ပြောင်းရွေ့သွားကြမည်မဟုတ်ပေ။   

အတူတကွ​ဝေမျှခံစားခြင်း  ဆား

            ဆား၏သက်ေသသည် အစားအစာများ၏အရသာကိုပို၍လေးပင်စေသည်။ ထို့အတူ ထပ်တူညီမျှခံစားခြင်း အရသာကိုလည်းလိုအပ်သည်။ လူမှုအသိုင်းအဝိုင်းသည် ၄င်းတို့၏အနံ့အရသာကို အများအကျိုးအတွက်မိမိတို့၏အ သက်ကို ကျေးဇူးသိတတ်ခြင်းဖြင့်ရက်ရောစွာစွန့်လွှတ်ရင်း ပြန်လည်ဖွေရှာကြရမည်။ ၄င်းတို့၏စိတ်ကူးနှင့်တီထွင်ဖန် တီးမှုများဖြင့် အထူးသဖြင့်လူငယ်များကို အားပေးမြောက်စားသင့်သည်။ ဤသို့ပြုမည့်အစား အခါအားလျှော်စွာ ကုန် စည်ဖြုန်းတီးမှုစနစ်ကြောင့် စိတ်ဓာတ်ကျသွားပြီး၊ စိတ်ကူးများပျက်ပြယ်ရပ်တန့်သွားကြရသည်။ ‌ဝေ၀ါးသွားကြရ သည်။ အများကိုကူညီခြင်းအလေ့အထပျောက်ရှနေခြင်းသည် အနံ့အရသာမဲ့နေသောအစာကဲ့သို့ဖြစ်ပြီး၊ အခြားသူများ ကိုကူညီပေးရမည့်အသိရှိခြင်းသည် ကျွန်ုပ်တို့ဘ၀ကိုပြန်လည်အရသာရှိလာစေသည်။ ထို့အတူ ပေးကမ်းစွန့်ကြဲလိုက် သောအရာသည် ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့လက်ဆောင်ပြန်ပေးလိုက် သကဲ့သို့ဖြစ်နေသည်ကိုသိရှိလာမည်ဖြစ်သည်။   

အစဉ်အလာကိုထိန်းသိမ်းစောင့်ရှောက်ခြင်း

            ဆား၏အငံဓာတ်သည် အစားအစာများမပုပ်မသိုးအောင် ထိန်းထားပေးနိုင်သကဲ့သို့ ဆလိုဗက်ကီးယားလူမျိုး များသည်လည်း အနံ့အရသာပြည့်၀လွန်းသော မိမိတို့၏ရှေးအစဉ်အလာကို အပေါ်ယံရွှေမှုံန်ကြဲသော အစဉ်အလာများ၊ ရုပ်၀တ္ထုကြီးစိုးလွှမ်းမိုးသောအတွေးအခေါ်များ၊ နေထိုင်မှုဘ၀ပုံစံများ၏လွှမ်းမိုးသွားခြင်းကိုမခံသင့်ပေ။ နိုင်ခဲ့သကဲ့ချက် ကိုစလိုဗက်ကီးယားနိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာကြီးစိုးခဲ့သော အာဏာရှင်စနစ်ကိုချုပ်ငြိမ်းစေ၍လွှတ်လပ်မှုကိုရရှိ စေခဲ့သကဲ့သို့ ယခုလည်း လူနည်းစုအကျိုးကိုသာမျှော်ကိုးလုပ်ဆောင်နေသည့်စနစ်ကိုပြန်လည်အသက်သွင်းရန် ကြိုးစား အားထုတ်နေကသည်ကိုသတိပြုကြပါ။  

           သို့သော်ဤအခြေအနေမျိုး၌ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော ယုံကြည်ခြင်း၏ ဆားဖြစ် သော ကရုဏာရေး လုပ်ငန်းများကိုတိတ်ဆိတ်စွာ၊ နှိမ့်ချစွာဖြင့်ကြဲရမည်။ မင်္ဂလာတရားများ သည် ခရစ်ယာန်ကျင့်စဉ်ကြီးစိုးသောလူမူအ သိုင်းအ၀ိုင်း၏ ထာ၀ရအသက်လမ်းပြမြေပုံဖြစ်သည်။ စိန့်စီရယ် နှင့်မေသောဒီအုစ်တို့ဖောက်လျှောက်ခဲ့သောလမ်းမှာ ကောင်းအရာများကို ထိန်းသိမ်းခြင်းဟုဆို ရာ၌ ရှေးကအတိုင်းဆက်လက်ထိန်းသိမ်းရန်ကိုမဆိုလိုခဲ့ပေ။ အစဉ် အလာဟောင်း၏အနှစ်သာရကို မပျောက်အပျက် စေဘဲ သစ်လွင်မှုကိုကြိုဆိုဖောက်လျှောက်ရန်ဖြစ်သည်။ ဆလိုဗက်ကီး ယားနိုင်ငံ၏ အထင်ကရရှိလှသောအမျိုးသား၊ အမျိုးသမီးများစွာသည် အကျဉ်းချခံခဲ့ရသည်။ သို့သော် ၄င်းတို့၏ အတွင်း စိတ်ထဲ၌မူ လွှတ်လပ်နေခဲ့၏။ ရောင်၀ါဖိတ်ဖိတ်တောက်နေသော ၄င်းတို့၏သတ္တိ၊ မယှိုင်မနှဲသောစိတ်ဓာတ်၊ မတရားမှု များကို ကြံ့ကြံ့ခံသောစိတ်ဓာတ်၊ အထူးသဖြင့် ဆားနှင့်တူသောခွင့်လွှတ်ခြင်းသည် ဆလိုဗက်ကီးယားမြေကိုရသာထူးကဲ စေခဲ့သည်။ လက်ရှိ၌ ကမ္ဘာကကြုံတွေ့နေရသော ကပ်ရောဂါဆိုးကြီးဖြစ်သော ကိုဗစ် (၁၉) နှင့်ပတ်သက်၍ မိမိတို့၏အ ကျိုးအတွက်သာတွက်မည့်အစား ကျွန်ုပ်တို့အားလုံးသည် လဲကျနိုင်သည်။ ထို့ကြောင့်အခြားသူများ၏ အကူအညီကိုလို အပ်သည်။ အဘယ်သူမျှထီးထီးကြီး တစ်စုတစ်ဖွဲ့တည်းအနေဖြင့်လည်းကောင်း၊ တစ်နိုင်ငံတည်းအနေဖြင့်လည်းကောင်း မရပ်တည်နိုင်ကြောင်းရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။         

 

Add new comment

2 + 15 =