ရဟန်းမင်းကြီးဖရန်စစ်သည် ဆရာတော်များအား တာ၀န်ထပ်တိုးခွဲဝေပေးအပ်

ရဟန်းမင်းကြီးဖရန်စစ်သည် ဆရာတော်များအား တာ၀န်ထပ်တိုးခွဲဝေပေးအပ်

ရဟန်းမင်းကြီးဖရန်စစ်သည် ဆရာတော်များအား တာ၀န်ထပ်တိုးခွဲဝေပေးအပ်

 

            ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗာတီကန်၏ ဗဟိုဦးစီးမှုကြီးမားလွန်းနေမှုကို အစဉ်တစ်စိုက် လျော့ချလာခဲ့သည်။ ယခုလည်း သာသနာ၏ဥပ ဒေဖြစ်သော ‘ကာနွန်’ ဥပဒေကိုပြန်လည်ပြင်ဆင်မွမ်းမံ၍ ဆရာ တော်များအားတာ၀န်ထပ်တိုးခွဲဝေပေးလိုက်ပြန်သည်။ ထိုတာ၀န်များကား ဆရာ တော်များအနေဖြင့် ‘ဆေမီနာရီ’ (ရဟန်းလောင်းများအားပြုစုပျိုးထောင်သောသင်တန်းကျောင်း) များဆောက်လုပ်ရန်အတွက် ရဟန်း မင်း ကြီး၏ အ တည်ပြုချက်တောင်းခံရန်မလိုတော့ဘဲ အသိပေးကာ ဗာတီကန်မှသိရှိ ကြောင်းအကြောင်း ပြန်စာသာလို အပ်ကြောင်း၊ ဤတာ၀န်ခွဲဝေမှုသည် ဆ ရာတော်များအား လုပ်ပိုင်ခွင့်ပို၍ပေးလိုက်ကြောင်း (လုပ်ပိုင်ခွင့်ရပြီး၊ မလုပ်ဘဲ နေသောဆရာတော်များမဖြစ်ပါစေနှင့်။ ထို့အတူ လုပ်ပိုင်ခွင့်ရှိသည် ဟုဆိုကာငါ့မြင်း ငါစိုင်း သည့်ဆရာ တော်မျိုးလည်းမဖြစ်ပါစေနှင့်။) ထို့အတူ ဒေသန္တရသာသနာနယ်အတွက်လိုအပ်သော ဘုရားစကားသွန်သင် ချက်ဆိုင်ရာစာအုပ်များထုတ်‌ေ၀ရာ၌လည်း ဒေသခံဆရာတော်များ ၏ခွင့်ပြုချက်ဖြင့် သာထုတ်ဝေနိုင်ကြောင်း၊ သို့သော် ဗာတီကန်အား အသိပေး အကြောင်းကြားပြီး၊ ဗာတီကန်မှသိရှိပါ ကြောင်း အကြောင်း ပြန်စာကို သာလို အပ်ကြောင်း၊ ဘုန်းတော်ကြီးများအား သက်ဆိုင်ရာအမှုတော်များခန့် အပ်ခြင်းနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ အသင်း၏အကြီးအကဲများမှသာဆုံးဖြတ်ရန်နှင့် ရာသက်ပန်ဆက်ကပ်သူတော် စင်များအားပြုပြင် ပုံသွင်းခြင်းနှင့် ပတ်သက်၍လည်း ဒေသခံဆရာတော်တို့၏ဆုံးဖြတ်ချက်အပေါ်၌သာတည်မီနေကြောင်းနှင့်သူတော်စင်တစ်ပါး အ နေဖြင့်ကြီးလေးသောအကြောင်းကိစ္စများရှိခဲ့ပါလျှင် သီလရှင်ကျောင်းမှ (၃ မှ ၅) နှစ်အထိ ခေတ္တဝေး နေနိုင်ခွင့် ကို လည်းပေးထားသည်။        

          

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3oR7Nm0

 

 

Add new comment

1 + 0 =