ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ဂျိုးဇက်ဘွဲ့နာမအသစ် (၇) ခုကိုဖြည့်စွက်

ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ဂျိုးဇက်ဘွဲ့နာမအသစ် (၇) ခုကိုဖြည့်စွက်

ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ဂျိုးဇက်ဘွဲ့နာမအသစ် (၇) ခုကိုဖြည့်စွက်

            အမိသာသနာတော်ကြီးသည် နှစ်စဉ် မေလ (၁) ရက်နေ့၌ အလုပ်သမားများအား မှိုင်းမသောစိန့်ဂျိုးဇက်ပွဲနေ့ကို အမှတ်ရကျင်းပသည်။ ယခုနှစ် မေလ (၁) ရက်နေ့၌ စိန့်ဂျိုးဇက်ကိုဂုဏ်ပြုသောအားဖြင့် စိန့်ဂျိုးဇက်၏ဘွဲ့တော်အသစ် (၇) ပါးကိုထပ်မံဖြည့်စွက်ကြောင်း ရဟန်းမင်းကြီးက ကြေညာခဲ့သည်။ ယခင်နှစ် (၂၀၂၀၊ ဒီဇင်ဘာလ ၈) ရက်နေ့မှစ၍ (၂၀၂၁၊ ဒီဇင်ဘာလ ၈) ရက်နေ့အထိ တစ်နှစ်တာကို ‘စိန့်ဂျိုးဇက်’ နှစ်အဖြစ်သတ်မှတ်ထားသည်။

            အမိကက်သလစ်သာသနာတော်ကြီး၏ ၀တ်ပြုခြင်းဆိုင်ရာအသင်းကြီး၏အတွင်းရေးမှူးက ကမ္ဘာပေါ်ရှိ ကက်သ လစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ထံသို့ ယခုကဲ့သို့ထပ်မံဖြည့်စွက်ရသည့်အကြောင်းကိုရှင်းပြထားသည်။ ရှင်းလင်းချက်၌ ‘ယခုနှစ်သည် အမိကက်သလစ်သာသနာအနေဖြင့် စိန့်ဂျိုးဇက်အား ကမ္ဘာတစ်၀ှမ်းလုံးရှိ သာသနာတော်ကြီးအား မှိုင်း မသောရဟန္တာအဖြစ် ကြေညာဂုဏ်ပြုချီးမြှင့်ခဲ့သည်မှာ နှစ် (၁၅၀) ပြည့်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ရဟန်းမင်းကြီးဖရန် စစ်ကလည်း ‘Patris corde’ အမည်ပေးထားသော စာချွန်တော်တစ်စောင်ကိုလည်း ‘စိန့်ဂျိုးဇက်အား အထူးသဒ္ဓါကြည် ညိုခြင်းရှိရန်၊ သူ၏ကြား၀င်ဆုတောင်းခြင်းကိုတောင်းခံရန်၊ သူ၏ပါရမီကိုကျင့်ကြံပုံတုယူရန်’ ရည်ရွယ်သည်။     

            ဤသို့တိုက်ဆိုင်မူများစွာဖန်တီးလာသောကြောင့် (၁၉၀၉) ခုနှစ်က အတည်ပြုခွင့်ပြုလိုက်သော စိန့်ဂျိုးဇက်လစ်တာနီကို ဘွဲ့တော် (၇) ပါးဖြင့်ဖြည့်စွက်လိုက်ကြောင်း၊ ဤဘွဲ့တော် (၇) ပါး၏မူရင်းမှာ လာတင်းဘာသာဖြင့်ဖြစ်သည်။ ၄င်းတို့မှာ  

၁။ Custos Redemptoris (Guardian of the Redeeme) - ကယ်တင်ရှင်ကိုစောင့်ရှောက်သူ၊

၂။ Serve Christi (Servant of Christ) - ခရစ္စတူး၏အစေခံ၊

၃။ Minister salutis (Minister of salvation) - ကယ်တင်ခြင်း၏အမှုတော်ဆောင်၊

၄။ Fulcimen in difficultatibus (Support in difficulties) - အခက်အခဲဒုက္ခရောက်ချိန်၌ ထောက်ပံ့ပေးသူ၊

၅။ Patrone exsulum (Patron of exiles) - ထွက်ပြေးတိမ်းရှောင်နေရသူတို့အားမှိုင်းမသူ၊

၆။ Patrone afflictorum (Patron of the afflicted) - နာကျင်ခံစားရသူတို့အားမှိုင်းမသူ၊

၇။ Patrone pauperum (Patron of the poor) - နွမ်းပါးချို့တဲ့သူတို့အားမှိုင်းမသူ စသည်တို့ဖြစ်ကြသည်။

ယခုဖြည့်စွက်လိုက် သည့် ဘွဲ့တော်များကြောင့် စိန့်ဂျိုးဇက်၏လစ်တာနီ၌ ဘွဲ့တော် (၃၁) အထိတိုးလာသည်။ သက်ဆိုင်ရာဒေသန္တာရဆရာတော်များက မိမိတို့သာသနာအတွင်း၌ အသုံးပြုသောဘာသာစကားသို့ အပြေပြစ်ဆုံးဘာသာပြန်ဆိုအသုံးပြုကြရမည် ဖြစ်သည်။  

 
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
 
 
 

Add new comment

3 + 0 =