ရဟန်းမင်းကြီးဖရန်စစ်သည် ငလျင်ဒဏ်သင့်သွားသောအီကွေဒေါနှင့်ပီရူးနိုင်ငံများအတွက်ဆုတောင်းပေး

ရဟန်းမင်းကြီးဖရန်စစ်သည် ငလျင်ဒဏ်သင့်သွားသောအီကွေဒေါနှင့်ပီရူးနိုင်ငံများအတွက်ဆုတောင်းပေး

အီကွေဒေါနိုင်ငံတောင်ပိုင်းနှင့်ပီရူးနိုင်ငံမြောက်ပိုင်း၌ပြီးခဲ့သောစနေနေ့ညက အင်အားပြင်းထန်သောငလျင်လှုပ်ခတ်သွားခဲ့၍ ငလျင်ဒဏ်သင့်ပြည်သူများ၊ အသက်ဆုံးရှုံးသွားကြသောသူများအားလုံးအ တွက်ဆုတောင်းပေးပါကြောင်းရဟန်း မင်းကြီးကတနဂ်နွေနေ့မွန်းတည့်အချိန် အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုစဉ်၌မိန့်ကြားခဲ့သည်။

ထိုငလျင်ကြောင့် အီကွေဒေါနှင့်ပီရူးနှစ်နိုင်ငံပေါင်း၍ (၁၆) ဦးအသက်ဆုံးရှုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူစုစုပေါင်း (၃၈၁) ဦးရှိကြောင်း၊ အဆောက်အဦးများစွာပျက်စီးမှုများလည်းရှိ ကြောင်းဖြင့် ဒေသခံအာဏာပိုင်များမှကနဦးသတင်ထုတ်ပြန်ထားပါသည်။ အပျက်အစီးများကို သွားရောက်ကြည့်ရှုစစ်တမ်းကောက်ယူသူတို့၏ပြောပြချက်အရ ပျက်စီးသွားသောအဆောက်အဦးများ သည် အိုဟောင်းနေပြီဖြစ်ကြောင်း၊ ကြံ့ခိုင်မှုမရှိတော့ကြောင်း၊ များသောအားဖြင့်ချို့တဲ့နွမ်းပါးသောရပ်ကွက်ဖြစ်ကြောင်းဖြင့်သတင်းထုတ်ပြန်ထားပါသည်။

အီကွေဒေါနိုင်ငံ၏မြို့များဖြစ်သော Machala နှင့် Cuenca တို့၌အဆောက်အဦးအပျက်အစီးများနှင့်ပျက်စီးနေသောကားများကိုတွေ့ရကြောင်း၊ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များက ကြောက်ရွံ့ထိတ်လန့်ပြီး လမ်းမများပေါ်သို့ထွက်နေကြသောတိုက်ခန်းနေပြည်သူများအားသွားရောက်၍ဘေးလွှတ်ရာသို့ပို့ဆောင်ထားပေးခဲ့ရသည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် (၁၂း၁၂) တွင်လှုပ်ခတ်ခဲ့ပြီး ပြင်းအားမှာ (၆-၈) ရှိသည်။ ဗဟိုပြုသောနေရာမှာ မြေပြင်အနက် (၄၁) မိုင် ကီလိုမီတာနှင့်ဆိုလျှင် (၆၆) ကီလိုမီတာနက်ကြောင်း အမေရိကန်ပြည်ထောင်စု၏ငလျင်တိုင်းတာရေးဌာနမှထုတ်ပြန်ထားသည်။ ငလျင်ဗဟိုပြုသောနေရာသည် အီကွေဒေါနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သော Guayaquil နှင့်(၈၀) ကီလိုမီတာသာ‌ေ၀းသည်။ အီကွေဒေါလူမှုကယ်ဆယ်ရေးအသင်းအချို့၏ပြောကြားချက်အရ ပြည်သူအချို့သည်အပျက်အစီးများကြား ၌ဆက်လက်ပိတ်မိ၊ ပိမိနေကြဆဲရှိကြောင်းဆိုပါသည်။

အီကွေဒေါသမ္မတသည် ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရသောလူနာများအားထားရှိကုသသော El Oro ဆေးရုံသို့သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် Azuay ထပ်မံသွားရောက်ဦးမည်ဖြစ် သည်။ ပြည်သူများအားလည်း စိုးရိမ်မှုမလွန်ကဲဘဲသတိဖြင့်အေးချမ်းစွာနေထိုင်ကြရန်၊ အဆောက်အဦးအပျက်အစီး၊ လူအသေအပျောက်ကိုမှုတရား၀င်ကြေညာပေးသွားမည်ဖြစ်ကြောင်းဗွီဒီယိုဖိုင်လ်မှသူ၏တွီတာတွင်အရေးပေါ်မိန့်ခွန်းတိုပြောကြားခဲ့သည်။ အီကွေဒေါနိုင်ငံ၌ ငလျင်မကြာခဏလှုပ်ခတ်လေ့ရှိသည်။ (၂၀၁၆) ခုနှစ်ကလည်း ငလျင်ကြောင့် လူပေါင်း (၆၀၀) ကျော်အသက်ဆုံးရှုံးခဲ့ရသည်။ ထိုစဉ်ကလည်း ငလျင်ဗဟိုသည် ပစီးဖိတ်သမုဒ္ဒရာ၏မြောက်စွန်းဘက်၌ဗဟိုပြုခဲ့ပြီး လူနေထူထပ်သောအပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အတူပီရူးသည်လည်း ငလျင်ဒဏ်ကိုခံစားခဲ့ရသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/40ASOgC

Add new comment

2 + 2 =