ရဟန်းမင်းကြီးဖရန်စစ်သည် ငလျင်ဒဏ်ဆိုး၀ါးစွာခံလိုက်ရသောဟေတီနိုင်ငံသို့အလှူပေးအပ်ခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ငလျင်ဒဏ်ဆိုး၀ါးစွာခံလိုက်ရသောဟေတီနိုင်ငံသို့အလှူပေးအပ်ခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ငလျင်ဒဏ်ဆိုး၀ါးစွာခံလိုက်ရသောဟေတီနိုင်ငံသို့အလှူပေးအပ်ခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ပြီးခဲ့သော ဩဂုတ်လ (၁၄) ရက်နေ့က ငလျင်ဒဏ်ကိုပြင်းထန်ဆိုး၀ါးစွာခံခဲ့ရသော ဟေတီနိုင်ငံသို့ အမေရိကန်ဒေါ်လာ (၂၃၀၀၀၀) လှူဒါန်းမည်ဖြစ်သည်။ ဤအကူအညီသည် လတ်တလောအခြေခံလိုအပ်မှုများ အတွက်သုံးရန်ဖြစ်ကြောင်း၊ ဤအလှူငွေများသည် ငလျင်ဒဏ်ခံလိုက်ရသော ကက်သလစ်သာသနာများဆီသို့ ဟေတီနိုင်ငံရှိ ရဟန်းမင်းကြီးကိုယ်စာလှယ်၏ရုံးတော်မှတဆင့်ပေးပို့မည်ဖြစ်ကြောင်း ဩဂုတ်လ (၂၄) ရက်နေ့ဗာတီကန်ရုံးတော်မှသတင်း ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ကူညီပေးလိုက်ခြင်းသည် ငလျင်ဒဏ်သင့်ပြည်သူများအား မေ့မထား၊ ပစ်မထားကြောင်း၊ ၄င်းတို့နှင့်ထပ်တူ ‌ေ၀မျှခံစားရကြောင်း ဖခင်မေတ္တာကိုပြသရန်ဖြစ်ကြောင်း၊ ငလျင်ကြောင့်ထိတ်လန့်နေကြသော ငလျင်ဒုက္ခသည်များအား မ ကြောက်ကြရန် ရဟန်းမင်းကြီးက အားပေးတိုက်တွန်းလိုခြင်းဖြစ်သည်။

ဟေတီနိုင်ငံသည်ကျွန်းနိုင်ငံဖြစ်သည်။ ထိုကျွန်းနိုင်ငံအား လှုပ်ခတ်သွားသောငလျင်၏ပြင်းအားမှာ (၇.၂) ရှိသည်။ င လျင်ကြောင့်အသက်ဆုံးရှုံးသွားသူစာရင်းမှာ ဩဂုတ်လ (၂၂) အထိ (၂၂၀၀) ဦးကျော်ပြီဖြစ်သည်။ လူဦးရေ (၃၄၀) ခန့်မှာ ပျောက်ဆုံးလျှက်ရှိပြီး၊ (၁၂၂၆၈) ဦးမှာထိခိုက်ဒဏ်ရာရထားသည်။ ကာကွယ်ရေးအဖွဲ့အစည်း၏ပြောပြချက်အရ အိမ်ခြေ (၅၃၀၀၀) နီးပါး ပျက်စီးသွားကြောင်း၊ ယခုတစ်ကြိမ်ကြုံသောငလျင်ဒဏ်သည် (၂၀၁၀) ကကြုံပြီးနောက် အပြင်းထန်ဆုံးဖြစ် သည်ဟုဆိုပါသည်။ ငလျင်ထပ်မံလှုပ်ခတ်မည်ကိုစိုးရိမ်သောကြောင့် လူတို့သည် အိမ်ပြင်၌သာအိပ်နေကြကြောင်း၊ ကျန်းမာ ရေး၀န်ကြီးဌာနသည် ရပ်တန့်လုနီးပါးဖြစ်သွားသောကျန်းမာရေးစနစ်ကိုအပူတပြင်းပြန်လည်ပတ်နိုင်ရန်ကြိုးစားနေသည်။ ကျန်းမာရေးအခြေအနေသည် အလွန်စိုးရိမ်ရကြောင်း၊ နောက်ဆက်တွဲအနေဖြင့် ၀မ်းရောဂါလိုက်ပါမလာရန်မျှော်လင့်နေ‌ ကြောင်းဘီဘီစီဖောင်ဒေးရှောင်းမှတာ၀န်ရှိသူကပြောကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် နိုင်ငံတကာ၏အကူအညီဖြင့် ဤဒုက္ခကိုအမြန်ဆုံးပေါ့ပါးသက်သာသွားစေရန် ဩဂုတ်လ (၁၅) ရက်နေ့၊ မယ်တော်သခင်မကောင်းကင်ဘုံသို့ဘုန်းဂုဏ်တော်နှင့်ပင့်ဆောင်ခံရသည့်ပွဲနေ့တနင်္ဂနွေနေ့က အန်ဂျေလူးမေတ္တာဆုတောင်းစဉ်၌ပန်ကြားခဲ့သည်။ ငလျင်ဒဏ်သင့်ပြည်သူများအားလုံး၏အနီး၌ရှိနေကြောင်း၊ ဘာသာတူများ အား ဟေတီနိုင်ငံအားမှိုင်းမသောမယ်တော်ထံ ‘ဂုဏ်ကျေးဇူးတော်နှင့်’ တစ်ကြိမ်ပူဇော်ဆုတောင်းရန်တိုက်တွန်းခဲ့သည်။ ငလျင် ဒဏ်သင့်ပြည်သူများအတွက် ဘုရားသခင်ထံဆုတောင်းပေးရင်း ငလျင်ဘေးမှလွှတ်မြောက်လာခဲ့ကြသောပြည်သူများအား လည်း နိုင်ငံတကာအဖွဲ့အစည်းမှလည်း စိတ်၀င်တစားရှိပေးကြရန်၊ အားလုံး၏‌ဖေးမမှုများဖြင့်အဖြစ်ဆိုး၏နောက်ဆက်တွဲများ ကိုအမြန်ဆုံးပေါ့ပါးသွားအောင်ကူညီရန်ပန်ကြားခဲ့သည်။ အီတလီဆရာတော်ကြီးများအဖွဲ့ချုပ်မှလည်း အမေရိကန် ဒေါ်လာ (၁.၁၇) သန်းကို ဟေတီနိုင်ငံအတွက် အီတလီကာရီတာစ့်ရုံးမှတဆင့်လှူဒါန်းခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ဤအတောအတွင်းဘင်္ဂလားဒေ့ရှ်သို့ အမေရိကန်ဒေါ်လာ (၆၉,၀၀၀)၊ ဗီ ယက်နမ်သို့ အမေရိကန်ဒေါ်လာ (၁၁၇,၀၀၀) ကိုလည်းကောင်းပေးလှူခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မေလအကုန် ပိုင်းကမှ ဆိုင်ကလုန်းမုန်တိုင်း ‘Yaas’ ၀င်ရောက်တိုက်ခိုက်သွားပြီး၊ ကမ်းရိုးတန်းတစ်လျှောက်ရှိ တံငါသည်ရွာများ စွာပျက်စီးသွားခဲ့သည်။ ဗီယက်နမ်နိုင်ငံမှာမူ ကိုဗစ် (၁၉) ကြောင့်လူမှုစီးပွားများစွာကျဆင်းသွားခဲ့သောကြောင့် အ ရေးတကြီးလိုအပ်နေသည်ဟုပြောကြားသွားခဲ့သည်။
Ref:CBCP News
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #PopeFrancis #earthquake

Add new comment

1 + 0 =