ရဟန်းမင်းကြီးဖရန်စစ်သည် ဂျေရုဆလင်မှလာတင်း၀ိနည်းကျင့်သုံးသောဆရာတော်အားစလွယ်ကိုပေးအပ်ခြင်း

ရဟန်းမင်းကြီးဖရန်စစ်သည် ဂျေရုဆလင်မှလာတင်း၀ိနည်းကျင့်သုံးသောဆရာတော်အားစလွယ်ကိုပေးအပ်ခြင်း

ရဟန်းမင်းကြီးဖရန်စစ်သည် ဂျေရုဆလင်မှလာတင်း၀ိနည်းကျင့်သုံးသောဆရာတော်အားစလွယ်ကိုပေးအပ်ခြင်း

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမ၌ဘုရားဖူးများနှင့်တွေ့ဆုံဆုတောင်းအပြီး၊ ဂျေရု ဆလင်မှအသစ်ရွေးချယ်တင်မြောက်ခံရသောဆရာတော် Beatitude Pierbattista Pizzaballa အား ပါလီအုမ်စလွယ်ကိုပေးအပ်ခဲ့ သည်။

ဤမင်္ဂလာရှိပြီး၊ အနစ်သာရပြည့်သောအခမ်းအနားကိုရဟန်းမင်းကြီးသီတင်းသုံးသော ဆန်တာမားရ်သာဘုရား ဆောင်ငယ်၌ကျင်းပခဲ့ကြောင်း၊ အမိသာသနာတော်ကြီး၏ကာနွန်ဥပဒေနံပါတ် (၄၃၇) အရ ဂိုဏ်းချုပ်အဖြစ်ရွေးချယ်ခံရပြီး နောက်၊ သို့မ ဟုတ်အဆိုပါဆရာတော်သည် ဆရာတော်သိက္ခာခံယူထားပြီးသူဖြစ်လျင်သော်လည်း ကောင်း ဤစလွယ်ကို ရွေး ချယ်ခံရပြီး သုံးလအတွင်ရဟန်းမင်းကြီးထံမှကိုယ်တိုင်ဖြစ်စေ၊ သို့မဟုတ်တဆင့်ဖြစ်စေလက်ခံရယူရသည်။

ဤစလွယ် သည် ဂိုဏ်းချုပ်ဆရာတော်မှသူတာ၀န်ယူရ သောဒေသအတွင်းဩဇာ ညောင်းခြင်းကိုဖော်ပြနေ သည်။ ထို့အတူရောမသာသ နာတော်ကြီးနှင့်လည်းဆက် နွယ်လျက်ရှိကြောင်းကိုလည်းပြသည်။

Palliam သည် လာတင်းစကားလုံးဖြစ်ပြီး၊ ၀တ်ရုံ (သို့မဟုတ်) ခြုံထည်ကိုဆိုလိုသည်။ ဤစလွယ်ကိုသိုးမွှေးဖြင့် ယှက်လုပ်ထားပြီး၊ ရဟန်းမင်းကြီးကအဆိုပါလည်ဆွဲကို ဂိုဏ်းချုပ်ဆရာ တော်အားချိပ်ဆွဲလွယ်ပေးလေ့ရှိသည်။
ဤစလွယ်သည်ရောမ ဆရာ တော်ဖြစ်သောရဟန်းမင်း ကြီး၏ဩဇာခံဖြစ်သည်ကိုပြသောအမှတ်လက္ခဏာနှင့်ဩဇာရှိကြောင်းလည်းပြ သည်။

ရဟန်းမင်းကြီးသည် အောက် တိုဘာလ (၂၄၊ ၂၀၂၀) ၌ ဂိုဏ်းချုပ်ဆရာတော် Beatitude Pierbattista Pizzaballa အားဂျေရူဆလင် ၏ဂိုဏ်းချုပ်ဆရာ တော်အဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ သူသည်ဂျေရုဆင်သာသနာနယ်၏ (၁၀) ပါးမြောက် ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာသည်။

လာတင်း၀ိနည်းကိုဂျေရုဆ လင်၌ (၁၈၄၇) ခုနှစ်တွင်စ တင်၍ကျင့်သုံးခဲ့သည်။ ဆရာ တော် Beatitude Pierbattista Pizzaballa ကသူ၏သာသနာအားနှုတ် ခွန်းဆက်စကားဆိုရာတွင် ‘ဤစလွယ်သည်ကျွန်ုပ် တို့ဆေးကြောခြင်းမဂ်လာခံယူခြင်းဖြင့် ယေဇူးသခင်၏ ထမ်းပိုး၊ ကားတိုင်၀န်ကိုထမ်းရန်ရွေးချယ်ခံရသည်ကိုသတိ ပေး နေခြင်းဖြစ်သည်။ ဤထမ်းပိုးကားချစ်ခြင်း၌ ထမ်း ၍သေဆုံးရန်နှင့်သေခြင်း၏ အခြားတစ်ဖက်ထိသက်သေခံရန်ဖြစ်သည်’ ဟုပြောကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of: ANSA

https://bit.ly/3mBeHs4

Add new comment

5 + 13 =