ရဟန်းမင်းကြီးဖရန်စစ်သည်လမ်းဘေးသတင်းစာစောင်များကိုကျေးဇူးတင်စာရေးသားပေးပို့ခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည်လမ်းဘေးသတင်းစာစောင်များကိုကျေးဇူးတင်စာရေးသားပေးပို့ခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည်လမ်းဘေးသတင်းစာစောင်များကိုကျေးဇူးတင်စာရေးသားပေးပို့ခဲ့

တနင်္လာနေ့ကရဟန်းမင်းကြီးသည်လမ်းဘေးသတင်းစာစောင်ပေါင်းတစ်ရာကျော်ကိုကျေးဇူး တင်ပါကြောင်း၊ ကိုဗစ် (၁၉) ရောဂါကပ် ဆိုးကြီးကြောင့်အလုပ်လက်မဲ့ဖြစ်နေရချိန်သတင်းစာများကို လက်ပိုက်ရောင်းချရသောကြောင့် ဝင်ငွေမရှိဖြစ်နေသောအထူးသဖြင့်အိုးမဲ့အိမ်မဲ့များ၊ အပယ်ခံ၊ စွန့်ပစ်ခံ၊ အလုပ်လက်မဲ့များအတွက်ထမင်းနပ်မှန်စေခဲ့ကြောင်း၊ လမ်းဘေးသတင်းစာများသည်စာရေးဆရာ၊ အယ်ဒီတာ၊ ဖြန့်ချီသူများ အားလည်းအလုပ်မပြတ်မလတ်အောင်ဖန်တီးပေးခဲ့ကြောင်း၊ နိုင်ငံပေါင်း (၃၅) ခုတွင်လမ်းဘေးသတင်းစာစောင် (၁၀၀) ကျော်ကို၊ ဘာသာစ ကား (၂၅) မျိုးဖြင့်ထုတ်ဝေလျှက်ရှိ ကြောင်း၊ ၄င်းတို့သည်လူပေါင်း (၂၀၅၀၀) ၏၀င်ငွေကိုယခုကြပ်တည်းသည့်ကာလ၌ရရှိစေခဲ့ကြောင်း၊ ရော ဂါကိုအကြောင်း ပြု၍သတင်းစာတိုက်များမပိတ်လိုက်ဘဲအလုပ်ထွင်ပေးခဲ့သည့်အတွက် ကျေးဇူး တင်ကြောင်း၊ ထို့အတူ ကိုဗစ် (၁၉) သည်သတင်း စာလက်ပွေ့ရောင်းသောအခြေအနေမဲ့သူများအားလည်း မျက်နှာသာမပေးဘဲပြင်းထန်စွာတိုက်ခိုက်ခဲ့၍အဖိုးအခကြီးမားစွာပေးခဲ့ကြရကြောင်း၊ သတင်းစာဆရာများ၊ ပရဟိတသမားများနှင့်လူသားများအားလုံးနှင့် တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းပြောကြားလို ကြောင်း၊ 

ယခုကပ်ရော ဂါဘေးဆိုးကာလ၌ရေးဆွဲပြုလုပ်နေသောအစီအစဉ်များ၊ သစ်ဆန်း၍ထိရောက် သောအတွေးအခေါ်များအားလုံးအတွက်ကျေးဇူးတင်ပါကြောင်း၊ ထို့အတူသတင်းသမားများမှရှာဖွေစုဆောင်း၍တင်ဆက်သောသတင်းအချက်အလက်များ၊ ရင်နစ်ဖွယ်ဖြစ်ရပ်မှန်များအားလုံး အတွက်ကျေးဇူး တင်ပါကြောင်းရေးသားပေးပို့ခဲ့ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3cUzUZ2

Add new comment

5 + 0 =