ရဟန်းမင်းကြီးဖရန်စစ်သည်ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်ပုံမှန်တွေ့ဆုံခြင်းကိုပြန် လည်စတင်လိုက်ပြီ

ရဟန်းမင်းကြီးဖရန်စစ်သည်ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်ပုံမှန်တွေ့ဆုံခြင်းကိုပြန် လည်စတင်လိုက်ပြီ

ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာအရပ်ရပ်မှဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင် (သို့) ရာသီဥတုဆိုးရွားပြင်းထန်ပါက ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမ၌ပုံမှန်တွေ့ဆုံနေသည့်အစီအစဉ်ကို နွေရာသီကာလအခိုက်အတန့်လေးရပ် နားထားခဲ့ ရာမှ ယခုတစ်ပတ် ဩဂုတ် (၅) ရက်နေ့၊ ဗုဒ္ဓဟူး နေ့ကပြန်လည်စတင်လိုက်သည်။ ပုပ်ရဟန်းမင်းကြီးသည်နှစ်စဉ်ဇူလိုင်လ တွင်ယခုကဲ့သို့တစ်လတာရပ်နားထားလေ့ရှိသည်။ ယခုနှစ်ဘုရားဖူးများနှင့်ရဟန်းမင်ကြီးနောက်ဆုံးတွေ့ဆုံခဲ့သည်မှာ မတ်လ (၇) ရဟန်းမင်းကြီးပေါလ် (၆) ခန်း မ ကြီးထဲ၌ဖြစ်သည်။ ဤတွေ့ဆုံခြင်းကိုရောမဒေသစံတော်ချိန် (၉:၃၀) တွင် စတင်ပြီး၊ တစ်နာရီမျှကြာတတ်သည်။

ရဟန်းမင်းကြီးသည် ပုံမှန်အားဖြင့်ဘုရားဖူးများအားလုံးနှင့်တွေ့ဆုံပြီးသောအခါ သီး သန့်နှုတ်ဆက်ရန်အခွင့်ပန်ထားသောသူများနှင့်ရင်းနှီးစွာလက်ဆွဲနှုတ်ဆက်ကောင်းကြီးပေးလေ့ရှိသည်။ သို့သော် လက်ရှိ၌ကူးစက် ရောဂါဆိုးကြောင့်ဘုရားဖူးများနှင့်နီး ကပ်စွာမနေဘဲတမန်တော်ရိပ်သာ ၏ပြူတင်းပေါက်မှနှုတ်ဆက်ခဲ့ သည်။ လွန်ခဲ့သောမတ်လ (၁၈) ရက်နေ့က ဗာတီကန်၏သတင်းပြန်ကြားရေးဌာနသည်ရဟန်း မင်း ကြီး၏ ဘုရားဖူးများ နှင့်တွေ့ဆုံခြင်းကို ပထမဆုံးအ ကြိမ်အင်္ဂလိပ်ဘာသာ စကားဖြင့်ကြေငြာခဲ့သည်။ ရဟန်းမင်းကြီးနှင့်ဘုရားတရားအကြောင်းသွန်သင်ချက် ရဟန်းမင်းကြီးသည်နှစ်စဉ် အမိသာသနာတော်ကြီး၏ သွန်သင်ချက်တစ်ချက်ကို ပတ်စဉ်ဘုရားဖူးများနှင့်တွေ့ဆုံ စဉ်နက်နက်နဲနဲသင် ကြားရှင်းပြလေ့ရှိသည်။ ယခုတစ်ကြိမ်ဘုရားစကားသင် ကြားခြင်းသည် (၁၈) ကြိမ်မြောက်ဖြစ်ပါ သည်။ ဇူလိုင် လတစ်လမှလွှဲ၍ ဘုရား ဖူးများနှင့်တွေ့ဆုံခြင်းအစီအစဉ်ကိုဖျက်သိမ်းလေ့မရှိ။ အကယ် ၍ဖျက်သိမ်းလျင် လည်း ရ ဟန်းမင်းကြီးသည်နိုင်ငံ တကာသို့တမန်တော်ခရီးကြွချီသည့်အချိန်များနှင့်တိုက်ဆိုက်သော ကြောင့်သာဖြစ် သည်။ တမန်တော်ခရီးမှပြန်ရောက်၍ပုံမှန်တွေ့ဆုံခြင်းကိုပြန် လည်ပြု လုပ်ပြီး၊ သွန်သင်ချက်များကိုလည်းဆက်လက်ပြု လုပ်လေ့ရှိသည်။ ရဟန်းမင်းကြီးမှဘုရားဖူးများနှင့်တွေ့ဆုံစဉ်အီတလီဘာသာ စကားဖြင့်သင် ကြားရှင်းပြသောအ ကြောင်းအရာသည် ယုံကြည်ခြင်းနှင့်ဆိုင်ပြီး၊ ထိုသွန်သင်ချက်အ ကျဉ်းချုပ်ကိုပြင်သစ်၊ အင်္ဂ လိပ်၊ ဂျာမဏီ၊ စပိန်၊ ပေါ်တူဂီ၊ အာရာဘစ်နှင့်ပိုလန်ဘာ သာစကားတို့ဖြင့်ပြန်ဆိုပေးလေ့ရှိသည်။ ပုပ်ရဟန်းမင်းကြီး၏အသေးစိပ်သွန်သင် ချက်ကိုမူဗာတီကန်၏ သတင်းစာမျက်နှာ ၌ဖတ်ရူနိုင် သည်။ ဘုရားဖူးများနှင့်တွေ့ဆုံမူကိုတိုက်ရိုက်ထုတ်လွှင့်စဉ်ရိုက်ကူး ထားသောဗွီဒီယိုဖိုင်လ်ကိုလည်းဗာတီကန်ယူကျူ့ youtube channel ၌ပြန်လည်ရှာဖွေကြည့်ရူနိုင်ပါ သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခု ကဲ့သို့သွန်သင်ရှင်းပြခြင်းကို ခေါင်းစဉ် (၁၅) ခုပြုလုပ်ပြီးဖြစ်သည်။

သူ၏ပထမဦးဆုံးသွန်သင်ချက်မှာ ရဟန်း မင်းကြီး (ငြိမ်း)ဘေးနေဒစ် (၁၆) ၏သွန် သင် ချက်အ ဆက်ကိုပြုလုပ်ခဲ့သည်။ ထိုသွန်သင်ချက်ကား ‘စက္ကရာမင်းတူများ၊ သန့်ရှင်းသော၀ိညာဉ်တော်ဘုရား၏ကောင်းကြီးတော်၊ အမိသာသနာတော်၊ မိသားစု၊ သနားကြင် နာခြင်း၊ ခရစ်ယာန်တို့၏မျှော် လင့်ချက်၊ ပညတ်တော်ဆယ်ပါး၊ ယေဇူးသခင်သင်ကြားသောကောင်း ကင်ဘုံမေတ္တာ၊ တပည့်တော်ကြီးသံဃာတော်တို့စီ ရင်ရေးထားကြသောယုံ ကြည်ခြင်းအချုပ်နှင့်တောင် ပေါ်ဒေသနာဟုခေါ်သောမင်္ဂလာတရားရှစ်ပါးတို့ဖြစ်ကြသည်။ နောက်ဆုံးသင်ကြားခဲ့သောသွန် သင်ချက်မှာခရစ်ယာန်တို့၏ ဆု တောင်းမေတ္တာအ ကြောင်းဖြစ် သည်။ ရဟန်းမင်းကြီးဖရန်စစ် ၏မေတ္တာ ရပ်ခံချက် တစ်ခါတရံ၌ ပုပ်ရဟန်း မင်း ကြီးသည် ဘုရားဖူးများနှင့်တွေ့ဆုံမူအဆုံးသတ်၌ မေတ္တာရပ်ချက်များပြုလုပ်လေ့ရှိ သည်။ ဤမေတ္တာ ရပ်ခံချက်များ၌ စစ်မက်ဖြစ်ပွားနေသောဒေသ၊ အကြမ်းဖက်မူများဆိုး ရွားစွာဖြစ်နေသောနိုင်ငံများ အတွက် ငြိမ်းချမ်းရေးကိုတောင်းခံပေးခြင်း၊ ခရစ်ယာန်များညှဉ်းပမ်းနှိပ်စက်ခံနေရသည့်ဒေသများ၊ သဘာ၀ ဘေးဒဏ် သင့်ဒေသများရှိဒုက္ခသည်များအတွက်ခရစ် ယာန်စိတ်ဓာတ်ပြည့်၀စွာဖြင့်တစ်စိတ်တစ်၀မ်းတည်းထားကာဆုတောင်းပေးရန်၊ ဒုက္ခ သည်များ၊ အလုပ် လက်မဲ့များ၊ နွမ်းပါးချို့တဲ့သူများအတွက်နိုင်ငံတော်မှသော် လည်း ကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ သော်လည်းကောင်းအာရုံပြုလာရန်တောင်းဆိုပေးခြင်းများကိုပြုလုပ်လေ့ရှိသည်။ ယခုနှစ်ဘုရားဖူး များနှင့်တွေ့ဆုံခြင်းအစီ အစဉ်မရပ်နားမည်၌ ရဟန်း မင်း ကြီး သည်မက်ဆီကိုနိုင်ငံ၌ ဖြစ်ပွားခဲ့သောငလျင်ဒဏ်သင့်သူများ အတွက်သတိရဆု တောင်းပေးရန်ကမ္ဘာကြီးသို့ပန်ကြား၍ဆုတောင်းမေတ္တာတောင်းခံခဲ့သည်။ ယခုလ ဇွန် (၁၀) ရက်နေ့ ၌လည်းကလေးအလုပ်သမားများအားအဓမ္မခိုင်းစေမူ၏အနိဌာရုံကိုတင်ပြပြီး၊ ပြင်းပြင်း ထန်ထန်ရှုတ်ချခဲ့သည်။ အနှစ်နှစ်အလလက ဘုရားဖူးများနှင့်တွေ့ဆုံခဲ့သောနေရာ အနှစ် နှစ်အလလက ဘုရားဖူးများနှင့်တွေ့ဆုံခဲ့သောအဓိကနေရာမှာ စိန့်ပီတာရင်ပြင်ဖြစ်သည်။ သို့သော် (၁၉၇၁၊ ဇွန်လ၊ ၃၀) ၌ဗာတီကန်ခန်းမတစ်ခုကိုတည် ဆောက်ပြီးစီးသွားခဲ့သည်။ ထိုခန်းမတည်ဆောက်စဉ်သာသ နာကို ဦးဆောင်နေသောရဟန်းမင်းကြီးမှာပေါလ် (၆) ဖြစ် သည်။ ထိုခန်းမကြီးဖွင့်ပွဲ၌ ရဟန်းလမင်းကြီးက ဤလှပပြီး၊ ကျယ် ပြန့် သောခန်းမကြီးတည်ဆောက်ရသည့်အကြောင်းအရင်းမှာစိန့်ပီတာရင်ပြင်အတွင်းသွားလာနေကြသူ များအားလွှတ်လပ် စွာသွားလာနိုင်ရန်နှင့်ဘုရား ဖူးများအားပိုမိုကျယ် ၀န်းပြီး၊ သီးသန့်ဖြစ်သောအခန်းကိုဖန်တီးပေးလို၍ဖြစ်သည်။

ဤခန်းမ ဆောင်ကြီးကို (၁၉၆၃) ခုနှစ်ကရဟန်းမင်း ကြီးပေါလ် (၆) ကတည် ဆောက်ခွင့်ပြုခဲ့သည်။ နောက် ပိုင်း၌မူရဟန်း မင်းကြီး ပေါလ် (၆) ခမ်းမဆောင်ဟုသွင်လာခဲ့ပါတော့ သည်။ ဤခန်းမထဲ၌ထိုင်ခုံ (၆၃၀၀) ခုံဆန့်သည်။ ရာသီဥတုများပူလွန်း ခြင်း၊ အေးလွန်းခြင်း၊ မိုးများရွာ သွန်းနေခြင်းများဖြစ်နေလျှင် ဤခန်းမဆောင်ကိုဆက်လက်အသုံးပြုနေသည်။ (၂၀၀၇) ခုနှစ် ၌နေရောင်ခြည်စွမ်းအင်သုံးသတ္တုပြားကိုတပ်ဆင်ခဲ့သည်။ ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) လက်ထက်၌မူ ဘုရားဖူသူများ ၏ဦးရေသည် ခန်းမကြီးအ တွင်း ၌ဆန့်သည့်ဦးရေ ထက်များသော ကြောင့် အားလုံးပါ၀င်နိုင်စေရန်ရည်ရွယ်ပြီး၊ (၁၉၈၁၊ မေလ၊ ၁၃) ၌ ဘုရား ဖူးများနှင့်တွေ့ဆုံသည့်နေရာ ကိုစိန့်ပီတာရင်ပြင်သို့ ပြန် လည်ရွေ့ပြောင်းခဲ့ရာ သူ၏ အသက် အန္တရာယ် နှင့်ကြုံခဲ့ရပါတော့သည်။ ကိုဗစ် (၁၉) သည်ယ ခင်ကကဲ့သို့ဘုရားဖူးများနှင့်ပုံမှန်ရင်းနှီးစွာတွေ့ ဆုံနိုင်ချေမရှိတော့ပေ။ သို့သော်ရေဒီယို၊ တီဗွီ၊ ခေတ်သစ်နည်းပညာများ ၏အကူအညီဖြင့် ရဟန်းမင်း ကြီး၏ဘုရားဖူးများနှင့်ပုံမှန်တွေ့ဆုံခြင်းအစီအစဉ်ကို ကမ္ဘာပေါ်ရှိဘာ သာတူသန်းပေါင်းများ စွာနှင့်ထိ တွေ့လာနိုင်ခဲ့သည်။ ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/31nH8AU

Add new comment

7 + 2 =